၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ပွဲဦးထွက် လှုပ်ရှားမှု စတင်ပြုလုပ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံဖြန့် ဝေခြင်း လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်သော အင်္ဂါနေ့  (စက်တင်ဘာလ ၁ ရက်နေ့ ၊ ၂၀၀၉ ခုနှစ်) တွင် ရန်ကုန်မြို့ တွင်း မြို့ ပြင် များတွင် ဖြန့် ဝေလိုက်သည်။
ရန်ကုန်မြို့ တွင်းနေရာများမှာ သိမ်ကြီးဈေးအနီးတ၀ိုက်၊ ကြည့်မြင်တိုင် ညဈေး အနီး၊ ပုဇွန်တောင်ဈေးအနီးတွင်လည်းကောင်း ပြလုပ်ခဲ့ပြီး ရန်ကုန်မြို့ ပြင်နေရာများမှာ လှိုင်သာယာ မီးခွက်ဈေးနီးနှင့်  မင်္ဂလာဒုံ ဆယ်မိုင်ကုန်းအနီးတို့ တွင် ဖြန့်ဝေခဲ့သည်။
မိမိတို့  ဓါတ်ပုံ ဖြန့် ဝေရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် “ စက်တင်ဘာသံဃာ့ အရေးတော်ပုံကြီးနှင့်  အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည်” “ပြည်သူ့ ခေါင်းဆောင်အတွက် ပြည်သူတွေကိုယ်တိုင် ကြိုးစားကြပါစို့ ” ၊ “အင်္ဂါနေ့ ည ရှစ်နာရီအချိန်တွင် မိမိတို့  နေအိမ်များ၌ ဓါရဏပရိတ် ရွတ်ဆိုကြပါစို့ ” ဆိုသည့် စာတန်းများအားလည်း ဓါတ်ပုံများနောက်တွင် ရေးသားကာ ဖြန့် ဝေခဲ့ကြပါသည်။
No comments:
Post a Comment