အကျင့်ပျက် ဒုရဲအုပ် တင်မျိုးဝင်း။
ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ် ရဲတပ်ဖွဲ့ စခန်းမှ အမှုလိုက် ဒုရဲအုပ် တင်မျိုးဝင်းဟာ တရားဥပဒေများအတိုင်း တရားရေးဝန်ထမ်းတစ်ယောက် လိုက်နာရမယ့် မူများကို ချိုးဖောက်ပြီး ၄င်း၏ မိသားစုအကျိုးစီးပွားကိုသာ ရှေ့ ရှုကာ အမှုများကို ဖြောက်ဖျက်ခြင်း၊ တရားခံများထံမှ လာဘ်လာဘများကို လက်ခံယူ၍ တရားလိုများအား နစ်နာအောင် အမှုများကို စီရင်ရေးသားခြင်း၊ အမှုတွဲရေးသားရာတွင်လည်း တရားလိုတိုင်ကြားချက် အဖြစ်မှန်များကို ရေးသားခြင်း မပြုဘဲ ၄င်းအား လာဘ်ငွေပေးထားသူများအကြိုက်ကိုသာ ၄င်းဘာသာ ပြန်လည်ပြင်ဆင် ရေးသားခြင်း အစရှိသည်တို့ ကို တရားရေးဝန်ထမ်း မပီသစွာ အကျင့်ပျက် လုပ်ကိုင်လျက် ရှိကြောင်း အသိပေးအပ်ပါတယ်။
ဒုရဲအုပ် တင်မျိုးဝင်းကဲ့သို့  အကျင့်ပျက် လာဘ်စားနေကြသော၊ ပြည်သူလူထုကို မတရား ညာဉ်းပမ်းနှိပ်စက်နေကြသော နအဖ လက်ပါးစေ ရဲများ နအဖ ရဲတပ်ဖွဲ့ အတွင်း မြောက်မြားစွာ ရှိနေကြပါတယ်။
(သတင်းပေးပို့ သူ - မြန်မာပြည်သူတစ်ဦး)။
No comments:
Post a Comment