သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့)

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....
နအဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆိုထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို န အ ဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်းမရှိသေးပါ။ ထို့အပြင် သံဃာတော်များအား ဆက်လက်ထပ်မံဖမ်းဆီးနေခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်။
သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း(၁၄) ရက် (02.10.2009) နေ့ မွန်းတည့် (12:00) နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော - မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်၊ သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်စော်ကားမှုများကို အမြန်ဆုံး ပြန်လည်တောင်းပန်ရန် - စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့) တွင် နဖအ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည်ဖြစ်ပါသောကြောင့် ရန်ဟန်းရှင်လူ ကျောင်းသားပြည်သူများက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့။
No comments:
Post a Comment