နအဖလက်ပါးစေ ကြံ့ ဖွတ်များရဲ့  ဟန်ပြလုပ်ရပ်နဲ့  ရေ ပြတ်တောက်မှု ပြဿနာ။

ယခု စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ရန်ကုန်မြို့ လည်နေရာများဖြစ်သော ကျောက်တံတားမြို့  နယ် အပါအ၀င် ရန်ကုန်မြို့ နယ် နေရာ အတော်များများတွင် ရေ မီးများအား ဖြတ်တောက်ထားရှိပါသည်။
ပြီးခဲ့ သည့်  နှစ်လ၀န်းကျင်ခန့်  က ကျောက်တံတားမြို့ နယ် တွင်းရှိ ၃၃ လမ်း ၊ ၃၄ လမ်း ၊ ဘားလမ်း အပါအ၀င် လမ်းတော်တော်များများတွင် ကြံ့ဖွတ်အသင်း မှ ဦးဆောင်မှုဖြင့်ဆိုကာ ချိုးဖြူရေပိုက်လိုင်းအား ဆေးကြောမှု ပြုခဲ့ပါသည်။
ထို့ သို့ ပြုလုပ်ရာတွင် လမ်းဘေးပလက်ဖောင်းအောက် မြေကြီးများတွင်း နစ်မြုတ်နေသော ပိုက်လိုင်းများကို တူးဖော်ကာ ဆေးကြောပြီးသွားသည့် အခါတွင် ပလက်ဖောင်းများကို နေသားတကျ ပြန်လည် ပြူလုပ်ခဲ့ခြင်းမရှိဘဲ မြေဖို့ ရုံသက်သက်သာ ပြန်လည် ပြုလုပ်သွားပါသည်။
အဆိုပါ လုပ်ရပ်ကို ယခုတိုင် ဘားလမ်း အပါအ၀င် ရေပိုက်ဆေးကြောခဲ့သည့် လမ်းများတွင် ရုတ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို ယခုတိုင် တွေ့ မြင်နိုင်ပါသည်။
ကြံ့ဖွတ်တို့ မှာ ၎င်း တို့ အဖွဲ့ ၏ ဟန်ပြလုပ်ရပ်များကို ဆိုင်းဘုတ်ကြီးများဆွဲ၍ ပြုလုပ်သွားသော်လည်း ၊ ထိုလုပ်ရပ်ကြောင့်  ပျက်စီးသွားသော လမ်းဘေးပလက်ဖောင်းများကို ပြန်လည် ပြုပြင်ပေးခြင်း ယခုတိုင် မရှိပါ ။
၎င်း ရပ်ကွက်များတွင် နေထိုင်သော လူထုမှာ လမ်းပလက်ဖောင်းများ ပျက်စီးသွားသော်လည်း ရေအတွက် စိတ်ချမ်းသာမည်မှတ်ကာ မိမိတို့  အိမ်ရှေ့ ပလက်ဖောင်းများကို မိမိတို့  ငွေဖြင့်  ပြန် လည်ပြုပြင်နေရသည်ကို ယခု ရက်ပိုင်းတွင်း ဘားလမ်းအထက် ဘလောက်တလျှောက်တွင် မြင် တွေ့ နိုင်ပါသည်။
ထို သို့  လုပ်ဆောင်သွားသော ကြံ့ဖွတ်မှာ ကျောက်တံတားမြို့ နယ်မှ ဦးညီညီ ဖြစ်ပြီး ယခင် ရယက အဟောင်း ဖြစ်ပါသည်။ ထိုသူနှင့် အတူ ပူးပေါင်း ရိုက်စားလုပ်သွားကြသူများမှာ လက်ရှိ ရပ်ကွက်ဥက္ကဌ ဖြစ်နေသော ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် (ကျော်သက် ) ၏ ညီဖြစ်သူ ကိုစိုင်းလူ နှင့်  အရံမီးသတ်ဗိုလ်အဖြစ် လက်ရှိတာဝန်ယူနေသော အတုံးကောင် ဆိုသူတို့ ဖြစ်ပါသည်။
အဆိုပါလက်ရှိ ဥက္ကဌ စိုင်းလူဆိုသူသည် အိမ်ပွဲစားလုပ်ငန်းကိုပါ ပူးတွဲ လုပ်ဆောင်နေပြီး၊ ၎င်း၏ အဓိကလုပ်ငန်းမှာ ဘားလမ်း အထက်ဘလောက်တွင် အနှိပ်ခန်း ဖွင့်လှစ်လိုပါက သူမှ တဆင့်  အိမ်ခန်း ဌားရမ်းရပါသည်။
၎င်း ကိုယ်တိုင်လည်း ပြီးခဲ့သည့် တနှစ်ခန့် က ဘားလမ်းနှင့်  ဖရေဇာလမ်းထောင့် ရှိဆန္ဒအတ် ဓါတ်ပုံဆိုင် အပေါ်ထပ်တွင် အနှိပ်ခန်းတခန်း ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားသူရှိခဲ့သဖြင့်  အခြားသူ တယောက် နာမည်ဖြင့် လွဲပြောင်း လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည် ။
ယခုအခါတွင် အထက်ပါ ရေပိုက်လိုင်းများ အားဆေးကြောပြီး မကြာခင်မှာပင် ရေ မရရှိတော့ သည့်  အတွက် ရပ်ကွက်တွင်းနေ ပြည်သူ အချို့ မှာ ဒေါသထွက်လျှက် ရှိနေကြပြီး၊ ကြံ့ဖွတ်အသင်းမှ နောက် နောင် နံမည်ခံလုပ်ငန်းများ လာရောက် လုပ်ဆောင်ပါက ရပ်မိရပ်ဖများမှ အယုံအကြည် မရှိတော့ ၍ လုံးဝ လက်မခံတော့ဟု သိရပါသည်။
အချို့ သော သုံးသပ်သူများက ယခု စက်တင်ဘာလအတွင်းတွင် ပြည်သူများ အာရုံပြောင်းလဲစေရန်အတွက် အစိုးရမှ ရေမီး ဖြတ်တောက်ခြင်း ဖြစ်သည်ဟုလည်း တပ်အပ် စွပ်စွဲ ပြောဆိုလျှက် ရှိနေပါသည်။
မည်သို့ ပင်ဆိုစေ ပြည်သူလူထုအများစုမှာ လက်ရှိ နအဖအာဏာရူးများနှင့် လက်ပါးစေများကို တနေ့ တခြား ပိုမိုကာ အမုန်းပွားလျက် ရှိနေပါကြောင်း တင်ပြလိုက်ပါသည်။
(ပြည်သူတစ်ဦး) ။
No comments:
Post a Comment