သီရိလင်္ကာနိုင်ငံရောက် နအဖ သန်းရွှေနဲ့  အပေါင်းအပါတစ်သိုက်ရဲ့  အကြောင်း။
(ဓါတ်ပုံများအပေါ် mouse click နှိပ်၍ သန်းရွှေတို့  ဖြစ်ပျက်နေပုံကို အသေးစိတ် ကြည့်မြင်နိုင်ပါသည်)။
နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  အပေါင်းအပါတစ်သိုက်ရဲ့  သီရိလင်္ကာနိုင်ငံရောက် အခြေအနေအကြောင်းလေး မပြောခင်လေးမှာ သန်းရွှေလက်ထက် လက်အုပ်ချီကန်တော့တာလေးကနေ စ ပြောရပါလိမ့်မယ်။
မြန်မာပြည်မှာ အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကို အရိုအသေ အလေးအမြတ်ပြုပြီး လက်အုပ်ချီ ကန်တော့ ကိုင်းရှိုင်းမှု ပြုကြတာ မြန်မာလူမျိုးတွေရဲ့  ချစ်မြတ်နိုးဖွယ် ယဉ်ကျေးမှုပါ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေမှအပ ကျန်သော ရိုသေလေးစားဖွယ် အသက်အရွယ်လိုက်ပြီး ရိုသေကိုင်းရှိုင်းမှုပြုကြတာကတော့ မိမိတို့ ထက် အသက်အရွယ်ကြီးသူတွေရှေ့ မှာ ခေါင်းလေးညွှတ် ခါးလေးကိုင်းပြီး ဖြတ်လျှောက်ကြတာ၊ သိမ်မွေ့ နူးညံ့သော စကားအသုံးအနှုန်းနဲ့  ယဉ်ကျေးပျူငှာစွာနဲ့  ပြောဆိုကြတာ ရှိကြပါတယ်။
ဒါပေမယ့် နအဖ သန်းရွှေလက်ထက်မှာတော့ လက်အုပ်ချီကန်တော့မှုဟာ တန်ဖိုးမဲ့စွာနဲ့  ပေါကြောင်ကြောင် ဖြစ်ရအောင် ဖျက်ဆီးပစ်လိုက်တော့တာပါဘဲ။ သန်းရွှေဟာ ဘုရင်ရူးရူးနေသူပီပီ တိုင်းသူပြည်သားတွေရဲ့  ကန်တော့တာကို ခံယူလိုတဲ့အခါကျတော့ နေရာတိုင်း ကန်တော့ခိုင်းနေ ကန်တော့ခံနေတော့တာဘဲ ဖြစ်ပါတယ်။ သန်းရွှေကနေ ဖျက်ဆီးပစ်လိုက်တဲ့ မြန်မာတို့ ရဲ့  အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကိုသာ ရိုသေလေးစားစွာ ကန်တော့တဲ့ ထုံးတမ်းစဉ်လာဟာ နအဖခေါင်းဆောင်တွေက စပြီး အာဏာရာထူး ငွေကြေးဥစ္စာကြွယ်ဝသူ ဘယ်သူဘဲဖြစ်ဖြစ် သဘောကျအောင် ဖားယားပြီး ကန်တော့ကြတဲ့ အနှစ်သာရ မရှိတဲ့ လက်အုပ်ချီကန်တော့မှုကြီး ဖြစ်နေပါတော့တယ်။
နအဖခေါင်းဆောင်တွေ ဘယ်ဌာန ဘယ်ကျောင်းကိုရောက်တယ်ဆိုရင် သူတို့ ထက်ကြီးတဲ့ အဖိုးအဖွားအရွယ်တွေကလည်း သူတို့ ကို လက်အုပ်လေးတွေ ချီပြီး ကန်တော့နေရတာတွေ၊ ဆရာဂုဏ်နဲ့ ပြည့်စုံတဲ့ ကျောင်းဆရာဆရာမတွေကလည်း လက်အုပ်လေးတွေ ချီပြီ ကန်တော့ပြနေရတာနဲ့  အတော့်ကို ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလှပါတယ်။
အမှန်တကယ် ရိုသေလေးစားထိုက်တဲ့ အကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ အကြီးအကဲဂုဏ်နဲ့ များ ညီကြရဲ့ လားဆိုတာ ကန်တော့ခံယူနေကြတဲ့ နအဖခေါင်းဆောင်ကြီးများအကြောင်း သူတို့ ကိုယ်တိုင်သိကြသလို အများပြည်သူကလည်း သိကြပါတယ်။ အာဏာပြလို့  လက်အုပ်ချီကန်တော့ခိုင်းတဲ့သူရော လက်အုပ်ချီကန်တော့ကြရတဲ့ ကန်တော့သူများရော ကန်တော့ရခြင်း အကြောင်းရင်းကို ဆန်းစစ်ကြည့်ဖို့  ကောင်းပါတယ်။
ဒါမှမဟုတ်ရင်တော့ မြန်မာ့ရိုးရာယာဉ်ကျေးမှုစစ်စစ်ဖြစ်တဲ့ အနန္တောအနန္တငါးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကိုသာ အရိုအသေ အလေးအမြတ်ထားပြီး ကန်တော့တဲ့ အနှစ်သာရ ပြည့်ပြည့်၀၀နဲ့  တန်ဖိုးရှိမှုကို ထိခိုက်ပျက်စီးစေသလို၊ ဘုရင်ရူး သန်းရွှေ သဘောကျ ထွင်ထားတဲ့ ဖားယားကန်တော့တာနဲ့  ကိုယ့်ကိုကိုယ် ကျွန်သဘောက်ဖြစ်မှန်းမသိ အဖြစ်ခံနေရတယ်ဆိုတာ သိကြဖို့  လိုပါတယ်။ တကယ်တော့ နအဖသန်းရွှေတို့ ဟာ ကျူးလွန်ထားတဲ့ လူသတ်မှုတွေ ခိုးမှုတွေကြောင့် သူယုတ်မာတွေ မိစ္ဆာဒိဌိတွေပါ။
ဒီလို နအဖခေါင်းဆောင်ကြီးရဲ့  ဘုရင်ရူး ရူးမှုကြောင့် နေရာတကာ လူတကာကို လက်အုပ်ချီကန်တော့တဲ့ ဖားယားကန်တော့မှုအကျင့်ယုတ်ကြီးဟာ သန်းရွှေတို့ ရဲ့  ဗိုလ်ချူပ်ကြီးများ အသိုင်းအ၀ိုင်းမှာပါ အကျင့်ပါနေကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတင်မကဘဲ နိုင်ငံခြား လူမျိုးခြားတွေနဲ့ ပါ တွေ့ တဲ့အခါ လက်အုပ်ကလေးတွေချီပြီး ကန်တော့နေကြတာ တိုင်းပြည်နဲ့  လူမျိုးဂုဏ်သိက္ခာကိုပါ ကျဆင်းစေအောင် အောက်ကျနောက်ကျ ပြုမူနေကြပါတယ်။ သီရိလင်္ကာကို ရောက်နေတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  အပေါင်းအပါတွေထဲက အောက်ဖေါ်ပြပုံမှာကြည့်ရင် လက်အုပ်ချီပြီး ဖားယားကန်တော့နေတဲ့ နအဖ ကတော်တစ်ယောက်ကို တွေ့ ရပါလိမ့်မယ်။
နိုင်ငံခြားသားကသာ ခင်ဗျားတို့  မြန်မာလူမျိုးတွေ ဒီလို လက်အုပ်ကလေး ချီပြီးကန်တော့တဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာ ရှိလို့ ပါလား၊ ဘာကြောင့် ဒီလို လက်အုပ်ချီကန်တော့ရတာပါလည်း မေးရင် ဘယ်လို ဖြေကြမလည်း။ အရိုအသေပေးတာ သိမ်မွေ့ မှုကို ပြတာပါလို့  ဆင်ခြေပေး ဖြေရင်တောင် မှန်ကန်ပါရဲ့ လား။ အကျင့်သီလ သိက္ခာသမာဓိ မရှိတဲ့ နအဖတွေကနေ အရိုအသေပေးတယ်ဆိုတာ ၊ နအဖတွေဟာ ရဟန်းရှင်လူပြည်သူအပေါင်းကို ညဥ်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့သူတွေဆိုတာ တကမ္လာလုံးက သိနေတာမို့  သိမ်မွေ့ တယ်ဆိုတာ ခွေးပါးစပ်က နတ်စကားထွက်ဆိုသလို ဖြစ်နေပါတယ်။ တကယ်တော့ ပြည်ပအားကိုး ပုဆိန်ရိုးဖြစ်နေတဲ့၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနဲ့  ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ ပျောက်ပျက်အောင် လုပ်နေကြတဲ့ နအဖသန်းရွှေတို့ ရဲ့  အရှက်မဲ့လွန်းတဲ့ လက်အုပ်ချီ ဖားယားကန်တော့မှုကြောင့် အခြားသော လူမျိုးများရှေ့ မှာ မိမိတို့  တိုင်းပြည်ဂုဏ် လူမျိုးဂုဏ်ကို အောက်တန်းကျလွန်းစေပါတယ်။
နောက်အကြောင်းအရာတစ်ခုကတော့ ယခုနှစ် ဇွန်လတုန်းက မြန်မာပြည်ကို အလည်ခရီးလာခဲ့တဲ့ သီရိလင်္ကာနိုင်ငံ သမတဖြစ်တဲ့ Mr. Mahinda Rajapaksa ကို့  မြန်မာ့ဂုဏ်ပြုတပ်ဖွဲ့ နဲ့ ကြိုဆိုခဲ့ရာမှာ ဧည့်သည်မို့ လို့  ရှေ့ ကထားပြီး သန်းရွှေက နောက်ကနေလိုက်ပြီး နေရာပေး အလေးထားကြိုဆိုခဲ့ပေမယ့်၊
အခု သန်းရွှေ သီရိလင်္ကာကို သွားတဲ့အခါကျတော့ အောက်ဖေါ်ပြပါပုံမှာ သန်းရွှေတစ်ဦးတည်း လျှောက်လှမ်းနေရတာကို တွေ့ မြင်ရပါတယ်။
ကမ္လာ့နိုင်ငံကြီးတွေကို မထွက်လည်ရဲတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေတစ်ယောက် ကြိုးစားပမ်းစားနဲ့  အဆင်ပြေနိုင်မယ့် နိုင်ငံငယ်လေးတစ်နိုင်ငံကို အထွက်အလည်ပြရလို့  အတော့်ကို အစစအရာရာမှာ အောက်ကျနောက်ကျ ဖြစ်နေပါတယ်။ နအဖခေါင်းဆောင်ကြီး သန်းရွှေခမျာ သိရီလင်္ကာနိုင်ငံအတွက် အကျိုးရှိနိုင်မယ့် သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးပေးရ၊ မျက်နှာပေးလေးပေးရ ဟန်ဆောင်ပြုံးလေး ပြုံးရနဲ့  လုပ်နေရပေမယ့် သီရိလင်္ကာနိုင်ငံကို ခရီးရောက်မဆိုက်မှာ ပြဿနာကြုံရတော့တာပါဘဲ။ အသက်အရွယ်ဇရာအိုနေပြီဖြစ်တာတောင် အာဏာစည်းစိမ်ကို မက်မောတွယ်တာနေဆဲ နအဖခေါင်းဆောင်ကြီးသန်းရွှေတစ်ယောက် ဗိုက်ပြဿနာဖြစ်လို့  သီရိလင်္ကာနိုင်ငံရဲ့  Kandy General Hospital ကနေ ဆရာဝန် နှစ်ဦးနဲ့  သူနာပြုနှစ်ယောက်ကို တည်းခိုရာနေရာကို ကမန်းကတန်းလွှတ်ပြီး ဆေးကုသပေးလိုက်ရကြောင်း သိရှိရပါတယ်။
သီရိလင်္ကာနိုင်ငံကနေ ဒီလို အဆင့်အတန်းမတူ ကြိုဆိုဆက်ဆံမှုကို ခံရတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေအတွက်ကတော့ ရှက်စရာမထင်တဲ့အပြင် အပြုံးပြီတီတီလေးနဲ့  ဂုဏ်ယူပြနေတဲ့ မျက်နှာပေးလေးကို မြင်တွေ့ မိပါတယ်။
နိုင်ငံခြားကို အလည်ထွက်ပေမယ့် အင်္ဂလိပ်စကားမပြောတတ်တဲ့အတွက် ဒုက္ခရောက်နေတဲ့ သန်းရွှေတစ်ယောက် စိတ်အိုက်နေတဲ့ မျက်နှာကိုလည်း တွေ့ မြင်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေကို ပြစ်မှားစော်ကားသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေဟာ ဘာသာတရားကို မြန်မာပြည်တွင်းမှာ ဟန်ပြကိုးကွယ်ပြနေပေမယ့်၊ သီရိလင်္ကာနိုင်ငံရောက်ရှိနေချိန်မှာ Buddhist Temple of the Sacred Tooth Relic ကို ယနေ့ သွားရောက်လည်ပတ်တဲ့အခါမှာ ဘာသာတရားကိုင်းရှိုင်းစွာနဲ့  အရိုအသေပေးနေတဲ့ သီရိလင်္ကာလူမျိုးကတော့ ဦးထိပ်ကို လက်အုပ်ပြီး အရိုအသေပြုနေပေမယ့် သန်းရွှေကတော့ မျက်မှန်လေးကို ကိုင်ပြီး အရိုအသေပေးပါသတဲ့ဗျာ။
အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကို အရိုအသေ အလေးအမြတ်ပြုပြီး လက်အုပ်ချီ ကန်တော့တာ သန်းရွှေ မလုပ်တတ်တော့လို့ လား၊ ဘုရား တရား သံဃာကို မကန်တော့ရဲတော့တာလား၊ ဘုရား တရား သံဃာကို မကန်တော့ချင်တော့လို့ လား၊ ပြည်တွင်းမှာတော့ ဟန်ပြ ရိုသေပြရုံ ပြတာမို့  ပြည်ပရောက်ရင် ဂရုစိုက်စရာ မလိုဖူးလို့  ခံယူထားလို့ ဘဲလား ဆိုတာ တွေးစရာပါဘဲ။
No comments:
Post a Comment