နအဖခေါင်းဆောင်ကြီး သန်းရွှေ လမ်းတွဲလျှောက်နေရပြီ။
သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေ Kandy Swe Daw Temple ကို သွားရောက်စဉ်မှာ လမ်းကောင်းကောင်း မလျှောက်နိုင်လို့  ယခုလို တွဲပေးနေရပါပြီ။
သတင်းမီဒီယာတွေမှာ ကျန်းမာရေး ကောင်းမွန်နေသေးတဲ့ပုံစံနဲ့  ဟန်ဆောင်လုပ်ပြနေပေမယ့် အိုမင်းခြင်းရဲ့  ဝေဒနာကို သန်းရွှေ ခံစားနေရပါပြီ။
ဘုရားကျောင်းကန်တွေကို သွားရောက်ဖူးမြော်နေပေမယ့် ကိုယ်ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေကို နောင်တမရ သင်ခန်းစာ မယူနိုင်သ၍၊ ကိုယ်ကျူးလွန်ခဲ့တဲ့ ဒုစရိုက်တွေကို မသုံးသပ်မိဘဲ မရပ်သ၍၊ သတ်ဖြတ်စော်ကားမှုတွေအတွက် မှားယွင်းကြောင်း မပြောမဆို ၀န်မခံသ၍၊ တိုင်းသူပြည်သား လူအများကို ဆက်လက် ညဉ်းပမ်းနှိပ်စက်နေသ၍ သန်းရွှေ အတွက် ကြီးမားသော ၀ဋ်ကြွေးဒဏ်တွေ လောကအပြစ်ဒဏ်တွေကို ယခုဘ၀မှာရော နောင်အဆက်ဆက်ရော မကြာခင် ကြီးမားပြင်းထန်စွာနဲ့  ခံစားရတော့မှာပါ။
ရာထူးအာဏာ စည်းစိမ်ဥစ္စာ ဘယ်လောက်ပြည့်ဝနေပါစေ သတ္တ၀ါတိုင်း လွန်ဆန်မရတဲ့ နာခြင်း အိုခြင်း သေခြင်း ဒုက္ခကို နအဖခေါင်းဆောင်ကြီး သန်းရွှေ လက်တွေ့  စတင် ကြုံနေရပါပြီ။
No comments:
Post a Comment