ရန်ကုန်က မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်နေသော ဖြိုးမင်းသိန်းအကြောင်း။

(ဓါတ်ပုံအား We Fight We Win ဘလော့မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ (၈၈၈၈) ဖြစ်တုန်းက ဖြိုးမင်းသိမ်းက ဗိုလ်တထောင်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။ နေတာကတော့ သံလျင်မှာ နေပါတယ်။
၁၉၉၀ ခုနှစ်မှာ အောက်မြန်မာပြည် ဗကသမှာ အတွင်းရေးမှူးတာဝန်ယူခဲ့ပြီး၊ ၁၉၉၁ ခုနှစ်မှာ အဖမ်းခံရပါတယ်။ ထောင် (၇) နှစ်ကျပေမယ့် ထောင်ထဲမှာ (၁၀) နှစ် ထပ်တိုးခြင်း ခံရပါတယ်။
၂၀၀၅ ခုနှစ်မှာ ပြန်လွတ်လာပြီးနောက် ဒေါ်ချိုချိုကျော်ငြိမ်းတို့  အေးလွင်တို့ နဲ့  တွဲပါတယ်။
နောက်ပိုင်း ၄င်းတို့ အချင်းချင်းအဆင်မပြေတော့ကြောင်း သိရှိရပါတယ်။ ယခုလုပ်တဲ့ ရန်ကုန်က မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးပွဲကို စရဖ ဗိုလ်ချုပ်ရဲမြင့်ရဲ့ ခွင့်ပြုချက်နဲ့  တရားဝင်လုပ်တာလို့  ဖြိုးမင်းသိန်းက ပြောပါတယ်။
စရဖမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ဆိုတာ သီးခြားဖွဲ့ ထားတာရှိတယ်လို့  သူက ပြောပါတယ်။ အေးလွင်ဆီက အရင်တုန်းက ပါခဲ့တဲ့ တစ်ယောက်ဖြစ်တဲ့ သိန်းတင်အောင်လည်း အခု ဒီ မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှာ ပါနေပါတယ်။
No comments:
Post a Comment