နအဖနဲ့  လက်ဝါးရိုက် အကွက်ဆင်သော မြန်မာ့အရေးဆွေးနွေးပွဲ ကော်မတီတွင် ပါဝင်ကြသူများ အကြောင်း။
ယခုနှစ် နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီကို ၈၈ ကျောင်းသားများလို့ ဆိုနေကြသူတွေဖြစ်တဲ့ သိန်းဌေး၊ သောင်းဝင်း၊ မင်းလွင်နှင့် သိန်းတင်အောင် တို့ ပါဝင်တဲ့ (၅) ဦး ကော်မတီကနေ ဖွဲ့ ထားတာ ဖြစ်ပါတယ်။ ဒီကော်မီတီဟာ နအဖရဲ့  ကျောထောက်နောက်ခံမှုတွေနဲ့  နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလာချိန်မှာ ပြည်သူတွေကို မျက်စိလှည့်ဖို့ အတွက် လုပ်ဆောင်လာကြပါတယ်။
ဒီလိုလုပ်ဆောင်လာကြသူတွေရဲ့  နောက်ခံသမိုင်းကြောင်းကို ကြည့်ရင် ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တာ မရှိဘဲ နောက်ပိုင်းမှာ အာဏာရှင် အလိုကျ လုပ်ရပ်တွေကိုသာ ပံ့ပိုးဆောင်ရွက်နေတာ တွေ့ မြင်ရပါတယ်။
ယခုအချိန်မှာတော့ နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နအဖကနေ ကလိမ်ကကျစ်ကျစွာနဲ့  ပြည်သူအပေါ် လှည့်ဖြားမယ့် အလုပ်တွေကို အကောင်အထည်ဖေါ်ဖို့  ဒီလို လူမျိုးတွေကို အသုံးချပါတော့တယ်။
ပြည်သူတွေအနေနဲ့  တော်လှန်ရေးအင်အားစုတွေအနေနဲ့  ဒီလိုလူမျိုးတွေအကြောင်း သိထားမှသာ နအဖက ဘယ်လို လှည့်ဖြားပုံမှားရိုက်တယ်၊ ဒီလိုလူတွေက နအဖ ဆန့် ကျင်တော်လှန်ရေးနဲ့  ကျောင်းသားလှုပ်ရှားမှုတွေ ကျောင်းသားအဖွဲ့  အမည်တွေကို ခုတုံးလုပ် အသုံးချပြီး ပြည်သူကို မျက်စိလည်အောင် လှည့်ဖြားတယ် အယုံသွင်းဖို့  လုပ်နေကြတယ်ဆိုတာ သေသေချာချာ တွေ့  မြင်ရမှာပါ။
ဖြိုးမင်းသိန်း။
သူကတော့ သံလျှင်မြို့ တွင် နေထိုင်ပြီး ၁၉၈၈ ခုနှစ်တုန်းက လူ့ဘောင်သစ်ပါတီနှင့် ဗကသ အဖွဲ့ ဝင် ဖြစ်ခဲ့ဖူးတယ်။ ၁၉၉၀ ခုနှစ်မှာ အောက်မြန်မာနိုင်ငံ ဗကသအဖွဲ့ ရဲ့  အတွင်းရေးမှူး တာဝန်ယူခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ဒေါ်ချိုချိုကျော်ငြိမ်း၊ ရွှေထီး တို့နှင့် တွဲ၍ လှူပ်ရှားပြီး အာဏာရှင်မှ ဖမ်းဆီးမှုကြောင့် ထောင် (ရ) နှစ်ကျခဲ့တယ်။
၁၉၉၅ ခုနှစ်မှာ တောင်ငူထောင်တွင်းမှာ ထောင်မှု ထပ်တိုး ခံရပြီး ၂၀၀၀ ခုနှစ်မှာ တောင်ငူထောင်ကနေ မြောင်းမြရွှေ့ပြောင်းခံရတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင် (၆) ရက်နေ့ မှာ လွတ်မြောက်လာပြီး စီးပွားရေးသာ လုပ်နေခဲ့သာ လုပ်နေခဲ့တယ်။
သိန်းဌေး။
သူကတော့ ၁၉၈၈ ခုနှစ်မှာ ဗကသအဖွဲ့ ဝင် ဖြစ်ခဲ့ပြီး အာဏာသိမ်းချိန်းကာလာတွင် နယ်စပ်ကို တောခိုခဲ့တယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့ မှာ ကိုလှအောင်ဆိုသူနှင့်အတူ နအဖထံ ပြန်ဝင်ရောက်ခဲ့တယ်။
၁၉၈၉ ခုနှစ်မှာ နယ်စပ်သို့ တောခိုရာမှ ပြည်တွင်း ပြန်ဝင်ခဲ့ကြသောသူများ စုစည်းပြီး ဖွဲ့ ကြတဲ့ တိုက်ပွဲကော်မတီဖွဲ့စဉ်မှာ ပါခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေးသမားအဖြစ်သာ စီးပွားရေး လုပ်နေခဲ့တယ်။ ဖရေဇာတွင် လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်၍ စီးပွားရေးလုပ်နေခဲ့ပါတယ်။
၂၀၀၉ ခုနှစ်တွင် မြန်မာပြည်အပေါ် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုအား ဆန့်ကျင်သည့် ကင်ပိန်းတခု ကို ပြုလုပ်ခဲ့တယ်။ အေးလွင်တို့  လုပ်သလိုမျိုး နအဖကို ပိတ်ဆို့ ထားတဲ့  စီးပွားရေး ပိတ်ဆို့ မှုတွေကို ကန့် ကွက်ပြနေတာပါ။
မင်းလွင်။
သူကတော့ ၁၉၈၈ ခုနှစ်မှာ နယ်စပ်ကို တောခိုပြီး မယ်တော်ကျောင်း (၁၃၅) ယောက်အုပ်စုတွင် ပါဝင်ခဲ့တယ်။ ၄င်းနောက်မှာ ၁၉၈၈ ခုနှစ်မှာဘဲ ပြည်တွင်းသို့  ပြန်ဝင်ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ သိန်းဌေးနှင့်အတူ တော်တွင်းပြန်တိုက်ပွဲကော်မတီတွင် ပါခဲ့ပြီး နောက်ပိုင်းတွင် ဘာမှမလုပ်တော့ဘဲ ရခိုင်ပြည်နယ်ဘက်တွင် ရေလုပ်ငန်းကုမ္မဏီတခု၌ ၀င်ရောက် လုပ်နေခဲ့ပါတယ်။
သောင်းဝင်း။
သူကတော့ ၁၉၉၆ ခုနှစ်မှာ ထောင်ကျပြီး ၂၀၀၂ ခုနှစ်တွင် မြောင်းမြထောင်မှ ပြန်လည်လွတ်လာခဲ့တယ်။
ရန်ကုန်မြို့  မြောက်ဒဂုံမှာ နေထိုင်တယ်။ ထောင်ကနေ လွတ်လာပြီးနောက် နအဖထောက်လှမ်းရေးအား သတင်းပေးနေသူအဖြစ် ကျော်ကြားနေသူ ဖြစ်ပါတယ်။
သိန်းတင်အောင်။
သူကတော့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့တယ်လို့  ဆိုပေမယ့် အေးလွင်တို့နှင့် တွဲဘက်ကာ မြန်မာပြည်အပေါ် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုအား ဆန့်ကျင်တယ့် ကင်ပိန်းတွေကို ပါဝင်လုပ်ဆောင်ခဲ့တယ်။ အဆိုပါ အေးလွင်တို့  လုပ်ရပ်များမှာ လုပ်ဆောင်ရင်း နအဖကနေ ပံ့ပိုးပေးတဲ့ ထောက်ပံ့မှုဝေစုများ အဝေမတည့်ဖြစ်ကြပြီး မကျေမနပ်ဖြစ်ကာ အေးလွင်အဖွဲ့မှ ထွက်ခဲ့တယ်။
ဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်မှာ - ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်နှင့်တွဲကာ မြန်မာပြည်အပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုအား ဆန့်ကျင်တဲ့ ကင်ပိန်းတွေကို ထပ်မံပြုလုပ်ခဲ့တယ်။
ဒီလူတွေရဲ့  နောက်ခံသမိုင်းတွေနဲ့  လုပ်ရပ်တွေကို ကြည့်ရင် အခုသူတို့  ထွင်ပြီး လုပ်လာတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ကော်မတီဆိုတာဟာ နအဖနဲ့  လက်ဝါးရိုက် အကွက်ဆင်ကာ နအဖအလိုကျဖြစ်ရေး နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အားပေးအားမြှောက်ပြုနေတဲ့ လုပ်ရပ်မှန်း ပေါ်လွင်နေပါတယ်။
ပြည်သူတွေအနေနဲ့  ဒီလို ၈၈ အမည်ခံပြီး မရိုးသားသော နိုင်ငံရေး လှည့်ကစားနေတဲ့ လှည့်ဖြားနေတဲ့ လုပ်ရပ်တွေကို သတိထားကြဖို့  တိုက်တွန်းလိုက်ရပါတယ်။
(သတင်းအချက်အလက်များ ပေးပို့ လာကြသော မိတ်ဆွေများအား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment