သာမန် မြန်မာပြည်သူပြည်သားတွေကတော့ ရိုးရာမပျက် နှစ်သစ်ကူး အတာသင်္ကြန် ထိန်းထိန်းသိမ်းသိမ်းနဲ့  ကြိုးစားပျော်ရွှင်ကြရှာတယ်။
သာမန် မြန်မာပြည်သူပြည်သားတွေကတော့ ရိုးရာမပျက် နှစ်သစ်ကူး အတာသင်္ကြန် ထိန်းထိန်းသိမ်းသိမ်းနဲ့  ကြိုးစားပျော်ရွှင်ကြရှာတယ်။
အောက်ဖေါ်ပြပါ ၂၀၁၀ ခုနှစ် သင်္ကြန်မှာ အတိုင်းအတာလေးနဲ့  ရိုးရာမပျက် ပျော်ရွှင်ဆင်နွဲကြတဲ့ သင်္ကြန်မြင်ကွင်းလေးကတော့ စိတ်ကြည်နူးစေတာအမှန်ပါဘဲ။ မြန်မာ့ယဉ်ကျေးမှုကို ပါးစပ်ကသာ ထိန်းသိန်းနေတဲ့ စည်းကမ်းချက်စာလုံးတွေ သတင်းစာထဲမှာ ဖတ်ကောင်းရုံဖေါ်ပြနေတဲ့ နအဖတွေနဲ့  မြန်မာဓလေ့နဲ့ အညီ အမှန်တကယ် ထိန်းသိမ်းဆောင်ရွက်ကြတဲ့ ပြည်သူတွေကတော့ ကွာခြားလှပါတယ်။
သင်္ကြန်ခါတော်အတွင်း သူများပျော်လို့ မပျော်နိုင်ကြသော လက်လုပ်လက်စား ပြည်သူများဘ၀ကလည်း ကိုယ်ချင်းစာစရာပါဘဲ။
မြန်မာပြည်သူပြည်သားတွေ လွတ်လပ်မှုအပြည့်နဲ့ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများစွာနဲ့  သာယာဝပြောတဲ့ လူမှုဖူလုံမှုအပြည့်အ၀ရှိသော ဘ၀တွေ ပိုင်ဆိုင်နိုင်ကြမယ့် အချိန်ကြရင်တော့ မြန်မာရိုးရာအစဉ်အလာ ကြီးမားလှသော အတာနှစ်သစ်ကူးသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွဲနိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
No comments:
Post a Comment