အာဏာရူး နအဖလက်အောက်က စိတ်ပျက်ဖွယ်ရာ ၂၀၁၀ ခုနှစ် သင်္ကြန်ပုံရိပ်အချို့ ။
နအဖလက်အောက်မှာ ကြီးပွားချမ်းသာနေကြတဲ့ စီးပွားရေးသမားကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေ၊ နအဖနဲ့  ပလဲပနံသင့်ပြီးနေကြသူတွေက ကိုယ်တိုင်ကိုယ်ကျရော စပွန်ဆာပေးပြီးတော့ရော ဆောက်ထားတဲ့ သင်္ကြန်ရေပက်မဏ္ဍပ်တွေကတော့ ပျံနေပေမယ့် ရေတွေကို အလျှံပယ် ပက်ဖြန်းသုံဖြုံးနေနိုင်ပေမယ့် ပြည်သူအများစုကတော့ သောက်သုံးရေ သုံးစွဲရေ ရှားပါးတဲ့ဒဏ်ကို နေ့ စဉ်နဲ့ အမျှ ခံစားနေရပါတယ်။
အရင်နှစ်က သင်္ကြန်တွေအတွက် ရန်ကုန်မြို့ က အင်းလျားကန်က ရေတွေ အသုံးများလို့  အင်းလျားကန်ရေလျော့လာတဲ့အခါကြတော့ ဒီနှစ် ၂၀၁၀ သင်္ကြန်အတွက် ကန်တော်ကြီးပတ်ပတ်လည်မှာ ရေပက်မဏ္ဍပ်တွေ များများဆောက်ခိုင်းပြီး ကန်တော်ကြီးက ရေတွေ သုံးစွဲခိုင်းတဲ့ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်သင်္ကြန်စည်ကားဖို့ အတွက်သာ ကြည့်ပြီး လုပ်တဲ့အတွက် မြန်မာပြည်သူတွေရဲ့  ပျော်ရွှင်ဖွယ်သင်္ကြန်က နောက်ဆက်တွဲ အကျိုးဆက်တွေက ရင်လေးစရာပါဘဲ။
ထို့ အတူ ဒီနှစ် ၂၀၁၀ ခုနှစ် မြန်မာသင်္ကြန်ပုံရိပ်လွှာတွေကို ကြည့်ရင် သင်္ကြန်ကာလအတွင်း ရေပက်ကြလို့ ပျော်ရွှင်ကြည်နူးကြတယ်ဆိုပေမယ့် မြန်မာ့ရိုးရာသင်္ကြန်ရဲ့  အနှစ်သာရတွေ တစ်နှစ်ထက်တစ်နှစ် လျော့ပါးပျောက်ကွယ်နေတာကို တွေ့ မြင်ရပါတယ်။ မျက်မှောက်ခေတ်နဲ့ အညီ ပြောင်းလဲတယ်လို့  အကြောင်းပြပြောကြပေမယ့် ခေတ်နဲ့ အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းတာမျိုး မဟုတ်ဘဲ မြန်မာတို့ ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ရိုးရာအစဉ်အလာကို ပျောက်ကွယ်သွားအောင် ဖြစ်နေစေတာကတော့ မသင့်တော်တာ အမှန်ပါ။
အာဏာရူးများရဲ့  ယုတ်မာသော စိတ်ထဲမှာ ပြည်သူတွေအပေါ် နည်းလမ်းမကျတဲ့ ပျော်ရွှင်မှုတွေ ပေးပြီး အပျော်အတုတွေ အနှစ်သာရကင်းမဲ့စေတဲ့ စေတနာအရင်းခံ မပါတဲ့ ဟန်ပြကျင်းပမှုတွေကိုသာ လုပ်ဆောင်စေတာ ဆိုးရွားလွန်းလှပါတယ်။ သိသာလွန်းလှတာကတော့ ရန်ကုန်ထက် ပိုမိုစည်ကားစေအောင် နေပြည်တော်ကြပ်ပြေးမှာ အတင်းစည်ကားအောင်လုပ်ခိုင်းနေခဲ့တဲ့ နအဖတွေရဲ့ အတွင်းစိတ်က ပေါ်လွင်စေပါတယ်။ အာဏာရူးတွေကို ခေတ်အဆက်ဆက်က ဆန့် ကျင်ခဲ့ကြတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေကို မျက်မုန်းကျိုးနေတဲ့ နအဖရဲ့  အတွင်းရုပ်မှန် စိတ်သဏ္ဍန်ကို မြင်သာလှပါတယ်။
ဒီနှစ် ၂၀၁၀ ခုနှစ် မြန်မာ့သင်္ကြန်ပုံရိပ်လွှာတွေ ကြည့်ရရင်တော့ - အောက်ဖေါ်ပြပါပုံတွေက သက်သေပါဘဲ။
ဒီလိုဝတ်စားဆင်ယင်မှုတွေက လိုတာထက် ပိုလွန်းပြီး မြန်မာ့ရိုးရာသင်္ကြန်ကို အကျဉ်းတန်စေတဲ့ ပုံစံတွေပါဘဲ။ နအဖထုတ်ပြန်ကြေညာတဲ့ သင်္ကြန်စည်းကမ်းတွေက တစ်လွဲပါလား။
ဒီလိုမျိုး နအဖဘက်တော်သားတွေကလည်း မြန်မာ့ရိုးရားသင်္ကြန်နဲ့  ဖီလာဆန့် ကျင်တဲ့ သရုပ်ပျက်တွေကို တားဆီးမယ့်အစား အာဏာရူးတွေကို ဆန့် ကျင်တဲ့ လှုပ်ရှားမှုတွေ မပေါ်အောင် မျက်စိဒေါက်ထောက်ကြည့်နေကြပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ရေပက်ခံထွက်ဖို့  ကားပေါ်မှာ လက်လွတ်စပယ်တင်ပြီး ရေပက်ခံထွက်ကြတာ အန္တရာယ် ဘယ်လောက်ကြီးလည်းဆိုတာ ယာဉ်စည်းကမ်းကို ဘယ်လိုထိန်းသိမ်းနေပါတယ်ဆိုတဲ့ နအဖတွေ မသိကြလေသရောလား။
နအဖနဲ့  မကင်းရာ မကင်းကြောင်း ရေပက်မဏ္ဍပ်တွေမှာတော့ လုံခြုံရေးကို အပြည့်ယူထားပေးပြီး အခြားသော ရေပက်မဏ္ဍပ်တွေမှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေနိုင်တဲ့အဖြစ်အပျက်တွေ လစ်လျူရှူထားကြတယ်။
နအဖအာဏာရူးများလက်အောက်က ရန်ကုန်မြို့ တော်ဝန်ကြီး အောင်သိန်းလင်းတို့  ဦးဆောင်နေတဲ့ စည်ပင်သာယာများ ဘာတွေလုပ်သလည်းတော့ မသိဖူး။ သကြန်အတွင်း ပက်နေကြတဲ့ ရေတွေကြောင့် ရေပက်မဏ္ဍပ်တွေအနားမှာဘဲ လမ်းမပေါ် ရေကြီးနေတာပါ။
နအဖ အော်လွန်းပြောလွန်းနေတဲ့ သင်္ကြန်သရုပ်မှန်အချို့ ကို ထပ်ဆင့်ဖေါ်ပြပေးလိုက်တာ ဖြစ်ပါတယ်။
No comments:
Post a Comment