အကြံကုန် ဂဠုန်ဆားချက် ရွေးကောက်ပွဲအတွက် အကြပ်တွေ့ နေတဲ့ နအဖ အကွက်သစ်တွေ ထွင်ပြီး လုပ်နေတယ်၊ နေပြည်တော်မှာမှ ရဟတ်ယာဉ်ပေါ်ကနေ ပရိတ်ရွတ်နေတယ်။
ကန်တော်ကြီး ဗုံးပေါက်ကွဲတာလည်း သူ့ အလုပ်မဟုတ်၊ မြစ်ဆုံရေအားလျှပ်စစ် ဗုံးပေါက်တာလည်း ဂရုမစိုက်တဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေ မနေ့ က ရွှေလီ (၃) နဲ့  အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းတွေ လိုက်ကြည့်ပြနေတာ သူရဲ့  ဟန်ဆောင်ဖုံးကွယ်မှုတွေကို အများပြည်သူအမြင်မှာ လုပ်ပြနေတာပါ။ တစ်ဘက်ကကြည့်ရင်လည်း သူတို့ ရဲ့  စနက်မကင်းတာကို ဖုံးကွယ်တဲ့အနေနဲ့  အခြားအလုပ်တွေ လုပ်ပြနေတာပါ။
ကန်တော်ကြီး ဗုံးပေါက်ကွဲမှုမှာ ပြည်သူတွေ သေကြကြေကြတာ သူ့ မှာ တာဝန်ကင်းမဲ့လွန်းလှသလို သူ့ အနေနဲ့  ထိတ်လန့် တုန်လှုပ်မှု မရှိဖူး ဂရုမစိုက်ဖူးဆိုတာကို အပြင်ဘန်းအမြင်မှာ ဟန်ဆောင်ပြပေမယ့် အောက်ဖေါ်ပြပါပုံကတော့ သန်းရွှေနဲ့  နအဖတွေ ဘယ်လောက်ကြောက်ရွံ့ နေတယ်ဆိုတာ ပြနေပါတယ်။ နေပြည်တော်မှာ နအဖရဲ့  ဘုန်းကြီးတွေကို ရဟတ်ယာဉ်ပေါ်ခေါ်တင်ပြီး ပရိတ်ရွတ်ခိုင်း၊ ပြီးတော့ ပရိတ်ရေများ ဖျန်းပက်တာ သိသာလွန်းလှပါတယ်။
တကယ်ဖြစ်သင့်တာက ပြည်သူ့ အသက်တွေ ဆုံးရှုံခဲ့ရတဲ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုနေရာမှာ သွားရောက်ပြီး ပရိတ်တရားတွေ ရွတ်ဖတ်ဈ ပရိတ်ရေတွေ ဖျန်းပေါ် မေတ္တာပို့ ဆုတောင်းပေးတာတွေ စသဖြင့် လုပ်ပေးသင့်တာပါ။ အခုတော့ သန်းရွှေတို့ က ငါတို့ နေတဲ့နေရာ ငါတို့ အန္တရာယ်ကင်းဖို့ က ပိုအရေးကြီးတယ်ဆိုပြီး လုပ်တာပါ။ အမှန်တရားဘက်က ကြည့်ကြည့် ဘာသာရေးဘက်က ကြည့်ကြည့် ဖြစ်သင့်တာဘက်က ကြည့်ကြည့် ဦးစားပေးလုပ်ဆောင်ပေးသင့်တာဘက် ကြည့်ကြည့် သန်းရွှေတို့  နေပြည်တော်မှ ရဟတ်ယာဉ်ပေါ်ကနေ သန်းရွှေတို့  အလိုကျ လိုက်လုပ်ပေးနေတဲ့ နအဖရဟတ်ယာဉ်ပေါ်က ဒီဘုန်ကြီးတွေကိုလည်း ဗုဒ္ဓမြတ်စွာဘုရားသားတော်တွေ မပီသတဲ့၊ ပြည်သူ့ အကျိုးထက် နအဖအကျိုး ကိုယ်အကျိုးကိုသာ ရှေ့ တန်းထားပေးလွန်းနေတဲ့ အတ္တဘုန်းကြီးများအဖြစ် ရှုတ်ချလိုက်ပါတယ်။
မြန်မာပြည်အ၀ှန်း ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာပြည်သူပြည်သားတွေ သေကြေပျက်စီးရတာနဲ့ ပတ်သက်ပြီး တိုင်းပြည်အေးချမ်းသာယာမှုကို စစ်မှန်စွာ မလုပ်ဘဲ အာဏာတည်မြဲရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေတဲ့ သန်းရွှေနဲ့  အာဏာရူး အပေါင်းအပါအုပ်စုမှာသာ အဓိက တာဝန်ရှိပါကြောင်း ပြောကြားလိုက်ပါတယ်။
No comments:
Post a Comment