Sunday, April 18, 2010

လူလည်း မနေနဲ့  နွားလည်း မနေနဲ့ လို့  နအဖရဲ့  နားဖားကြိုးထိုးခံ သစ်တောဦးစီးအရာရှိ ငနွားက ပြောတယ်။

နအဖက ကျွန်းစိုက်ခင်းစီမံကိန်းလုပ်ချင်တာနဲ့  ကန့် ဘလူမြို့ နယ် သစ်တောကြိုးဝိုင်းအတွင်းက တောင်သူတွေရဲ့  လူနေအိမ်တွေ တောင်ယာတဲတွေ နွားတဲတွေကအစ အတင်းအဓမ္မ ဖယ်ရှားခိုင်းပါတယ်။



































စာခေါင်းစဉ်မှာ မိုက်မိုက်ရိုင်းရိုင်း ရေးထားတာက ကြိုးဝိုင်းကျူးကျော်တောင်သူများတဲ့။ စီမံကိန်းက ဒီနှစ် နှစ်လည်လောက်မှ လုပ်မယ့်ဟာ အရင်ကတည်းက ဒီနေရာဒေသမှာ နေနေတဲ့သူတွေက ကျူးကျော်တယ်ဖြစ်ရသေး။ လူလည်း မနေရ နွားလည်းမနေရ အတင်းမောင်းထုတ်ရုံမက မဖယ်ပေးရင် တည်ဆဲဥပဒေအရနဲ့  ရဲအမှုဖွင့် အရေးယူမယ် လေးဘာလေးနဲ့  သာမန်ပြည်သူလူထု အခြေခံလူတန်းစားဖြစ်တဲ့ တောင်သူတွေအပေါ်မှာ အနိုင်ကျင့်လွန်းပါတယ်။

ပြီး ဒီတောင်သူတွေရဲ့  ပိုင်ဆိုင်တဲ့ မြေယာများကိုလည်း မောင်ပိုင်စီး သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါစာရင်းမှာ အတင်းအဓမ္မဖယ်ရှားခံရတဲ့ တောင်သူလယ်သမားတွေရဲ့  အမည်နဲ့  သူတို့ ပိုင်ဆိုင်တဲ့ လယ်မြေဧကတွေပါ။



































နအဖနဲ့  ဖော်လံဖားငနွားတွေက ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူ တောင်သူကြီးများကိုတောင် အနိုင်ကျင့်နှိပ်စက်လွန်းတာများဗျာ။ ကျွန်တော်တို့  ပြည်သူတွေ ဘယ်နေရာ ဘယ်ဒေသမှာ ဖြစ်ဖြစ် ဘယ်သူဘဲဖြစ်ဖြစ် ဒီလို မတရား ငုံ့ ခံနေကြရတာ သည်းခံမှုအတိုင်းအတာ ကျော်လွန်သင့်ကြပါပြီ။

No comments: