ပိတောက်မြေမှ ခမောက်ဝေသော လှုပ်ရှားမှု ဓါတ်ပုံများနှင့် ပြည်သူလူထုမှ လှိုက်လှိုက်လှဲလှဲ လက်ခံရယူကြ။
သင်္ကြန်အကျနေ့ မနက် (၁၀) နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့  ဧရာဝတီတိုင်းတို့ မှာ ပြုလုပ်ခဲ့ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာဖြစ်ကြောင်း သိရှိရပါတယ်။ ထူးခြားတာတွေကတော့ ပြည်သူတွေ ဝေငှတဲ့ ခမောက်တွေကို လှိုက်လှိုက်လှဲလှဲ ယူကြတာ တွေ့ မြင်ရပါတယ်။
လှုပ်ရှားမှု သတင်းအသေးစိတ်ကိုတော့ ယမန်နေ့ က http://www.niknayman-niknayman.co.cc/2010/04/blog-post_15.html မှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။
No comments:
Post a Comment