မြန်မာနှစ်ဆန်းတစ်ရက်နေ့  ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် ရဟန်းသံဃာတော်များ၊ သီလရှင်များအား ဆွမ်းလောင်းလှူခြင်း ကျင်းပ။
မြန်မာနှစ်ဆန်းတစ်ရက်နေ့  (၁၇.၄.၂၀၁၀) တွင် ပြည်နယ်တိုင်း (၄) ခုဖြစ်သော ရန်ကုန်၊ ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းရှိ (၂၀၁၀ လှုပ်ရှားမှုအဖွဲ့ ) ( ပြည်တွင်း ) မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများ ငြိမ်းချမ်းစေရေး၊ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ရေစုန်မျောပျောက်ပျက်စေရေး၊ မြန်မာပြည်သူပြည်သားများအားလုံး ငြိမ်းချမ်းစေရေးတို့အတွက် ရည်ရွယ်ပြီး ငါးအကောင်ရေ ( ၂၀၁၀ ) ကို ဇီဝိတဒါနငါးလွှတ်ခြင်းတို့ကို နံနက် (၁၀း၁၀) အချိန်မှာ တပြိုင်နက်ထဲ ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းတွင် အဖွဲ့ ချုပ်ရုံးရှေ့ ၌ ရဟန်းသံဃာတော်များနှင့် သီလရှင်များအား ဆွမ်းလောင်းလှူပြီး၊ အဖွဲ့ ချူပ် အဖွဲ့ ၀င်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ဝင်များ၊ အင်္ဂါဝတ်ပြုဆုတောင်းနှင့် ဆွမ်းလောင်းအဖွဲ.၀င်များ၊ (၂၀၁၀ ) လှုပ်ရှားမှုအဖွဲ့( ပြည်တွင်း ) အဖွဲ့ဝင်များ ပူးပေါင်းပြီး နံနက် (၁၀း၁၀) အချိန်တွင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး အင်းယားကန်ရေပြင်မှာ ငါးလွှတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
သတင်း - အောင်မြင့်ထွန်း (88gse)။
No comments:
Post a Comment