Sunday, April 18, 2010

မြန်မာနှစ်ဆန်းတစ်ရက်နေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပေးဆပ်မှုများ။

၁၃၇၂ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားပြီဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှု လုပ်ငန်းဆောင်ရွက်ချက်များကို သွားရောက်မေးမြန်းခဲ့ပါသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စာနယ်ဇင်း၊ စာပေပညာရှင်များနှင့် ဂျာနယ်လစ်များမှ ဈာပနာ မော်တော်ယာဉ် စီးနင်းလိုက်ပါပြီး ကုသိုလ်ဖြစ် လုပ်အားဒါန လာရောက် ပေးလှူခဲ့ကြသည်။

စေတနာရှင်၊ကုသိုလ်ရှင် ပြည်သူများမှလည်း မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ လာရောက်ပြီး လှူဒါန်းခဲ့ကြသည်။

































































နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းထားရှိသော စစ်ကျန်ဘတ်(စ်)ကားကြီးကို ကွယ်လွန်သူ (ဦးစံတင် အသက် - ၄၂ နှစ်)၏ ဈာပနကို လိုက်ပါပို့ဆောင်သူများ စီးနင်းရန် တောင်ဥက္ကလာပမြို့နယ်မှ ရေဝေးသုဿန်သို့ ပထမဦးဆုံးအကြိမ် နာရေးလမ်းကြောင်းအဖြစ် ဖွင့်လှစ်ပြီး စာနယ်ဇင်း၊ စာပေပညာရှင်များနှင့် ဂျာနယ်လစ်များမှ လိုက်ပါ ကုသိုလ်ယူ ကူညီပေးခဲ့ကြပါသည်။






















































































































ညနေအချိန်တွင် နာရေးကူညီမှုအသင်း၏ ဘုရားခန်းတွင် သံဃာတော်(၅)ပါး ပင့်ဆောင်ပီး အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပြီး သင်္ကန်းအစရှိသော လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ကြပါကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြောကြားသွားခဲ့ပါသည်။
































ဥက္ကဌဦးကျော်သူမှ (၁၃၇၂)ခုနှစ်၊ နှစ်သစ်အခါသမယအတွက် မေတ္တာစကား ပြောကြားသွားခဲ့
သည်မှာ -

“ ကျွန်တော်တို့ နာရေးကူညီမှုအသင်းအနေနဲ့ လက်ရှိထက် ဆထက်ထမ်းပိုး လူတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးသွားမှာပါ။ လူသားတွေအားလုံး ဘယ်တော့မှ မသေတော့မဲ့နေ့ကြမှ ကျွန်တော် အနားယူပါ့မယ်လို့ ကျွန်တော် ကတိသစ္စာပြုပါတယ်။ ခုနှစ်သစ်မှာလည်း လူသားတွေအားလုံး ကျန်းမာ၊ချမ်းသာစွာနဲ့ ဘေးရန်အန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေလို့ ကျွန်တော် တောင်းဆုပြုပါတယ်။ ” ဟု ပြောကြားသွားခဲ့ပါသည်။

(သတင်း - ဘားမားပါပါရာဇီ)

No comments: