နိုင်ငံတော်အကြမ်းဘက်အဖွဲ့  တည်ရှိနေသ၍ ပြည်သူတွေရဲ့  ဘ၀အိုးအိမ်စည်းစိမ်က မလုံခြုံဘဲ နေ့ စဉ်နဲ့ အမျှ အသက်ကို ဖက်နဲ့ ထုတ်ထားရကာ ထိတ်လန့် နေကြရပါတယ်။
ဧပြီလ (၁၅) ရက်နေ့  သင်္ကြန်အကြတ်နေ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးတွင် ဗုံးပေါက်ကွဲခဲ့ပြီးနောက်မှာ နအဖအာဏာရူးများမှ ပြည်သူများအား သတိရှိကြရန် နှိုးဆော်ပြီး လုံခြုံရေးကို တင်းကျပ်စွာ ချထားပြနေပါတယ်။
စစ်ကားတွေပေါ်မှာ စက်သေနတ် အမြောက်အသေးစားတွေ တင်ပြီး သာကေတမှ သုဝဏ္ဏသို့ သွားသော တံတားပေါ်မှ ဖြတ်သန်း၍ ရန်ကုန်မြို့ တွင်းသို့  မောင်းနှင်သွားကြပါတယ်။ လမ်းမများပေါ်မှာလည်း မောင်းနှင်နေသော မော်တော်ယာဉ်များကို သဲသဲမဲမဲ ပိတ်ဆို့ ရှာဖွေစစ်ဆေးလျှက် ရှိကြပါတယ်။
နအဖလို အာဏာရူးတွေ တိုင်းပြည်ကို မတရားအုပ်ချူပ်နေသ၍ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်း မမြဲခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ အသက်ကို ဖက်တစ်ရွက်လောက်တောင် တန်ဖိုးမထားတဲ့ နအဖအာဏာရူးတွေ လက်အောက်မှာ ပြည်သူတွေဟာ နေ့ စဉ်နဲ့ အမျှ ထိန်လန့် နေကြရကာ ဘ၀လုံခြု့မှု ကင်းမဲ့နေကြရတာ အဓိက တရားခံကတော့ အာဏာရှင်စနစ် အမိမြန်မာပြည်မှာ ထွန်းကားနေလို့ ပါဘဲ။
တိုင်းပြည် မတည်ငြိမ် မအေးချမ်းတာ နိုင်ငံတော် အကြမ်းဘက် အဖွဲ့  ဖြစ်တဲ့ နအဖ အာဏာရူးတွေကြောင့်ပါဘဲ။
(သတင်း - ဘားမားပါပါရာဇီ)။
No comments:
Post a Comment