မြန်မာ့တပ်မတော်သား အပေါင်းတို့  - တိုင်းပြည်က သင့်ကို အလိုရှိနေပါပြီ လိုအပ်နေပါပြီ။
၁၉၈၈ ခုနှစ်တုန်းကလည်း မြန်မာ့တပ်မတော်ရဲ့  ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ချူပ်ကြီးဟောင်းဖြစ်ခဲ့သူ သူရ ဦးတင်ဦး (လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ဒုဥက္ကဌ) ကလည်း တပ်မတော်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်း ဖွဲ့ စည်းခဲ့တဲ့ တပ်မတော် ဖြစ်တယ်၊ ပြည်သူလူထုအကျိုးအတွက် လိုအပ်လာပြီဆိုလျှင် ပြည်သူဘက်က ပါရမည်သာ ဖြစ်တယ်၊ ပြည်သူဘက်က ပါမလာပါက သမိုင်းမှာ ဒဏ်ခတ်ခံရမယ်လို့  ပြောကြားခဲ့ပါတယ်။
ထို့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ (၁၉၈၈ စက်တင်ဘာလ ၅ ရက်) မှာ ပြောခဲ့ပါတယ်။ ပြည်သူ့ တောင်းဆိုချက်များ လိုလားချက်များ ရနိုင်ဖို့  တပ်မတော်ကဏ္ဍဟာ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။
လက်ရှိ မြန်မာ့တပ်မတော်က အရာရှိအရာခံအကြပ်တပ်သား တပ်မတော်သားတွေ ဘယ်လမ်း ရွေးကြမှာလည်း။ အာဏာရှင်ဘက် လိုက်နေဦးမှာလား၊ ပြည်သူဘက် လိုက်ဖို့  လုပ်ကြတော့မှာလားဆိုတာ စဉ်းစားဆုံးဖြတ်ဖို့  အသင့်တော်ဆုံး အချိန်ရောက်နေပါပြီ။
မြန်မာ့တပ်မတော်သား အပေါင်းတို့  - တိုင်းပြည်က သင့်ကို အလိုရှိနေပါပြီ၊ လိုအပ်နေပါပြီ။
No comments:
Post a Comment