ဒီခေတ်ရောက်မှ တပ်မတော်သားတွေ အမှန်တရားဘက် မရပ်တည်ရဲကြဘဲ သတ္တိသွေး နည်းလှချည်လား ဆိုရတော့မယ်။
၁၉၈၈ ခုနှစ် အာဏာရှင်စနစ်ကို ဆန့် ကျင်တော်လှန်ဆန္ဒပြကြတဲ့ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးမှာ ပြည်သူ့ တပ်မတော်သားတွေဟာ ရဲရဲဝန့် ဝန့် နဲ့  အာဏာရှင်တွေကို ဆန့် ကျင်တိုက်ပွဲဝင်ခဲ့ကြတယ်။
ပြည်သူ့ တပ်မတော်သားပီပီ ပြည်သူဘက် မားမားမတ်မတ် ရပ်တည်ကာ ပြည်သူတွေနဲ့  လက်တွဲခဲ့ကြတယ်။ အာဏာရှင်ကို ဆန့် ကျင်လို့  ကြုံလာရမယ့် အခက်အခဲမှန်သမျှ မမှုဘဲ သူရသတ္တိပြည့်စုံတဲ့ တပ်မတော်သားတွေအဖြစ် ကိုယ်ကျိုးစွန့်  အသက်စွန့်  အနစ်နာခံကြပြီး ပြည်သူအတွက် ပြည်သူ့ တပ်မတော်သားဆိုတာ ပြသခဲ့ကြတယ်။
အခု ဒီခေတ်မှာတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးကြပါမယ်ဆိုတဲ့ တပ်မတော်သားတွေ လက်တွေ့ မှာ အာဏာရှင်တွေကို ကြောက်ရွံ့ နေတာဘဲ ဖြစ်နေတာပါလား။
ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ အမိမြန်မာပြည်မှာ အာဏာရှင်တွေ ပျောက်ကွယ်ဖို့ ဆန္ဒကို ပြည့်ဝစေဖို့ အတွက် အာဏာနဲ့  မတရားအုပ်စိုးထားတဲ့ အာဏာရှင်လက်တစ်စုလောက်ကို တပ်မတော်သားတွေ လက်ထဲမှာ သေနတ်တွေ ရှိပါလျက်နဲ့  မဆန့် ကျင်ရဲကြ သွေးနည်းနေကြပါလား။
တိုင်းပြည်နဲ့  ပြည်သူအတွက် အသက်ကိုပင် ပဓါနမထား၊ အသက်စွန့် ကြမယ်ဆိုပြီး ကြွေးကြော်ခံယူကြကာ တပ်မတော်ထဲ ၀င်ကြတာဆို။
အခုဆိုရင် နအဖဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်လေးတွေက တပ်မတော်ကြီးကို ခုတုံးလုပ်လို့  ၀ သွားတော့ တပ်မတော်သားအရာရှိ အရာခံ အကြပ်တပ်သားအပေါင်းကို နှပ်ချေးနဲ့  သုတ်ရုံမက သေးနဲ့ ပါ ပန်းသွားသလို စစ်တပ်ရာထူးတွေကို ပြစ်ပြစ်ခါခါ စွန့် နေကြတာ မြင်တွေ့ ရမှာပါ။ ဒီလောက် တပ်မတော်တစ်ခုလုံးအပေါ် စော်ကားလိုက်တဲ့ နအဖဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်လေးတွေရဲ့  လုပ်ရပ်ကို ဒီအတိုင်းလက်ပိုက်ကြည့်နေကြတာ ပြောရရင်တော့ - ဒီခေတ်ရောက်မှ တပ်မတော်သားတွေ ပြည်သူအတွက် မားမားမတ်မတ်ရပ်ကြဖို့  သတ္တိသွေးအတော်နည်းကြတယ်လို့  ဆိုရတော့မှာပါဘဲ။
No comments:
Post a Comment