Monday, May 17, 2010

ဧရာဝတီတိုင်း လပွတ္တာခရိုင် ပြင်စလူမြို့နယ် ကန္နားလမ်းဘေးတစ်နေရာမှ ရင်နင့်ဖွယ်ရာဖြစ်ရပ်။






























၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ တွင် လူအများ၏ အသက်အိုးအိမ်စည်းစိမ် တို့အားရက်စက်စွာတိုက်ခတ် သတ်ဖြတ်ခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား သောက်သုံးရေ အခက်အခဲ မဖြစ်စေရန်အတွက် စေတနာရှင်များမှ ကျပ်သိန်းပေါင်းမြောက်များစွာ တန်ဖိုးရှိသော ပင်လယ်ရေငန်မှ သောက်သုံးနိုင်သည့် ရေချိုအဖြစ်သို့ ပြောင်းလဲပေးသော ရေသန့်စင်စက်ကြီးတစ်လုံးအား လှုဒါန်းခဲ့ကြပါသည်။

ထိုသို့စေတနာရှင်များမှ လှုဒါန်းခဲ့ကြသော ၄င်းရေသန့်စင်စက်ကြီးအား သက်ဆိုင်ရာမှ ယခုအချိန်အထိ အသုံးပြုခြင်းမရှိပဲ ပြင်စလူမြို့ နယ် ကန္နားလမ်းဘေးတစ်နေရာတွင် စည်းမဲ့ကမ်းမဲ့နိုင်စွာ စွန့်ပစ်ပစ္စည်းကဲ့သို့ ထားရှိထားပါသည်။

ယခုအခါ နာဂစ်မုန်တိုင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ရာသီဥတုဖောက်ပြန်လာပြီး အပူရှိန်မြင့်တက်ကာ သောက်သုံးရေကန်၊ရေတွင်းများ၊ လယ်ယာမြေများ ခြောက်ခန်းလာနေပါသည်။ မုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူများအနေဖြင့် ယခုအခါ ရာသီဥတုဖောက်ပြန်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ သို့ပါသောကြောင့် ၄င်းရေချိုသန့်စင်စက်ကြီးအား သက်ဆိုင်ရာမှ အမြန်ဆုံးအသုံးပြုပြီး ပြည်သူများ၏ လိုအပ်နေသော သောက်သုံးရေအခက်အခဲ အတွက် ပြေလည်အောင် ဖြေရှင်းအသုံးပြုပေးပါရန် တင်ပြလိုက်ပါသည်။

လေးစားဦးညွှတ်လျှက် -

ဘားမားပါပါရာဇီ။

No comments: