Sunday, May 16, 2010

ပြည်သူများဘ၀ ဆင်းရဲငတ်ပြတ် ဘေးဒုက္ခတွေ ကြုံတွေ့ နေရပေမယ့် စိန်စီသောညရဲ့  နေ့ တွေထဲက ရွှေလို ဥ ပိုးလို မွေးထားကြသူများ ခြားနားမှု။

စိန်စီသောည (သို့ ) အာဏာရှင်သမီး မင်္ဂဆောင်ပွဲမှ မွေးဖွားလာတဲ့ သန္တာရွှေရဲ့  သမီးကို အာဏာရူးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့ မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံးက ရွှေလို ဥ ပိုးလို မွေးထားကြပါတယ်။



































ကျွန်တော်ရဲ့  နစ်နေမန်းဘလော့မှာ ရှေးဦးစွာ ဖေါ်ပြခဲ့တဲ့ စိန်စီသောည ဗွီဒီယိုမှတ်တမ်းကို ပြန်လည်မှတ်မိကြမယ်လို့  ထင်ပါတယ်။ ဒီ စိန်စီသောညမှတ်တမ်းပါ သန်းရွှေရဲ့  သမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်မှာ စိန်တွေ သီးနေအောင် ၀တ်စားဆင်ယင်ပြသခဲ့တာတွေ၊ ငွေအထုပ်လိုက် ဆွေမျိုးသားချင်းတွေကို ဝေငှပုံတွေ၊ တိုက်တာအဆောက်အဦး ကားအစီးလိုက် တန်ဖိုးရှိ ပစ္စည်းတွေ လက်ဖွဲ့ အဖြစ် ရခဲ့တာတွေ၊ မင်္ဂလာဧည့်ခံပွဲကို သိန်းပေါင်းမြောက်မြားစွာ အကုန်ကျခံပြီး နေရာသုံးလေးခုမှာ ပြုလုပ်ခဲ့တာတွေ၊ မောက်မာခက်ထန်ကာ ဂုဏ်ပကာသနတွေ လွှမ်းခြုံထားပြီး တစ်လောကလုံးကို အုပ်စိုးချယ်လှယ်ထားလိုသူတွေရဲ့ မျက်နှာပေးတွေကြောင့် စိန်စီသောည (သို့ ) အာဏာရှင်သမီးတစ်ဦး၏ မင်္ဂလာအခမ်းအနားပွဲအကြောင်းဟာ ကမ္ဘာတစ်ဝှမ်း သိသွားရလောက်အောင် အမြင်ကတ် ရှုတ်ချဖွယ် လူသိများသွားခဲ့ရပါတယ်။ တိုင်းပြည်နဲ့  ပြည်သူလူထုမှာ ငတ်ပြတ်ဆင်းရဲနေချိန်မှာ အာဏာရှင်မိသားစုတွေရဲ့  မတရားကြွယ်ဝချမ်းသာနေမှုတွေကို မျက်ဝါးထင်ထင်တွေ့ မြင်လိုက်ကြရလို့  ဒီမှတ်တမ်းကြည့်ရသူတိုင်း နှာခေါင်းရှုံ့  ဒေါသထွက်ကြရပါတယ်။

ဒီ စိန်စီသောညမင်္ဂဆောင်ပါ ၀တ်ဆင်ထားသော စိန်တွေရဲ့ နောက်ဆက်တွဲဇတ်လမ်းဖြစ်တဲ့ ငါးလောင်းပြိုင် လူသတ်မှု လက်သည်တရားခံတွေဟာလည်း အခုထိတိုင်အောင် မြုပ်ကွက်အဖြစ် ပျောက်ချက်သားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီလို မြုပ်ကွက်ဖြစ်နေရတဲ့ အကြောင်းရင်းတွေကလည်း သန်းရွှေသမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်မှာ သီးနေအောင်ဝတ်စားဆင်ယင်ထားတဲ့ စိန်တွေနဲ့  ဆက်စပ်နေတာကြောင့်လို့  ပြောဆိုချက်တွေ ထွက်ပေါ်နေတာပါ။ သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ သမီးဖြစ်သူအတွက် ဒီစိန်တွေကို ငှားရမ်းထားပြီးရာမှ ပြန်လည် မပေးဆပ်ခဲ့လို့ သာ ဒီ မှုခင်းဖြစ်ပေါ်ရခြင်းရဲ့  အကြောင်းရင်းကြောင့်သာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့  ဒီ ငါးလောင်းပြိုင်လူသတ်မှုဟာ ယခုထိတိုင်အောင် ဖုံးကွယ်ခံထားရဆဲ ဖြစ်တယ်လို့  အများသူငှာ ပြောဆိုနေကြပါတယ်။

ယခုအခါမှာ စိန်စီသောညနဲ့  ငါးလောင်းပြိုင် လူသတ်မှုအကြောင်းဟာ အချိန်ကြာလာလို့  အများပြည်သူတွေ မေ့ပျောက်ကွယ်တော့မလားလို့  သန်းရွှေတို့  ယူဆကောင်း ယူဆနေပေမယ့် တိုင်းပြည်ကို ခ၀ါကျအောင် လုပ်ခဲ့တဲ့၊ အသက်သွေးပေါင်းမြောက်မြားစွာကို ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ လူသတ်ခေါင်းဆောင်ကြီး သန်းရွှေ၊ သေခါနီး ငြိမ်းတော့မယ့် မီးတောက်လို ခဏတာလေး အစွမ်းကုန်တောက်လောင်ပြနေတဲ့ မိုက်ရိုင်းမှုတို့ ရဲ့  သရဖူဆောင်းထားတဲ့ မင်းခွေးချေးလို့  ပြည်သူက နာမည်ဆိုးပေးခံနေရပြီဖြစ်တဲ့ သန်းရွှေ၊ ဒီအာဏာရူးကြီး သန်းရွှေနဲ့  မိသားစုအသိုင်းအ၀ိုင်းအကြောင်း ပြည်သူတွေက ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဖူး။ သန်းရွှေရဲ့  လက်ဦးဆရာ အာဏာရူးကြီး နေ၀င်းတောင် သေသွားခဲ့တာတောင် သမိုင်းဆိုး နာမည်ဆိုးနဲ့  တွင်ကျန်နေဆဲ ဖြစ်သလို နေ၀င်းရဲ့ မိသားစုဝင်တိုင်းဟာလည်း နေ၀င်းသေဆုံးချိန်က စပြီး ဘ၀တွေ အဖတ်ဆယ်မရအောင် တစ်ဆွေလုံး တစ်မျိုးလုံး လူပုံအလည် မထွက်ရဲတော့ပါဖူး။ မကြာခင်မှာလည်း အလှည့်ရောက်ကြမယ့်သူတွေကတော့ အာဏာရူး သန်းရွှေရဲ့  ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ရဲ့  မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံး ဖြစ်ပါတယ်။

သန်းရွှေသေဆုံးပြီးတဲ့နောက်မှာ အလှည့်ရောက်ကြမယ့်သူတွေကတော့ နောက်ဆုံး စိန်စီသောညရဲ့  ဇတ်လိုက်ကျော်ကြီးများ ဖြစ်ကြတဲ့ ခင်သန္တာရွှေ (ခ) မပေါက် နဲ့  ဇော်ဖြိုးဝင်းတို့ ရဲ့  သမီး အထိ ကျန်မှာ မဟုတ်ပါဖူး။

လက်ရှိအချိန်ကာလမှာတော့ အာဏာရူး သန်းရွှေရဲ့  အာဏာမက်မောမှု ဒေါ်ကြိုင်ကြိုင်ရဲ့  မောက်မာခက်ထန်မှုတို့  စီးဆင်းလည်ပတ်နေတဲ့ ယုတ်မာသော သွေးညစ်တွေကနေ မျိုးဆက်လာတဲ့ သန်းရွှေ သားသမီးတွေဖြစ်ကြတဲ့ သန္တာရွှေတို့ ဟာလည်း သူတို့ ရဲ့  မျိုးဆက် သန်းရွှေရဲ့  မြေးမြစ်တွေ အသွေးထဲ အသားထဲအထိ စီဆင်းနေအောင် လည်ပတ်စေဖို့  လူကြီးမပီသသူ အာဏာရူးကြီးတွေ ဂုဏ်ပကာသနမက်မောသူတွေအဖြစ် သားမြေးမြစ်တွေကို လမ်းကြောင်းပြကာ အာဏာရှင်ပုံစံခွက်ထဲ သွင်းနေကြပါတယ်။

သန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့  သန္တာရွှေတို့ ရဲ့  နာမည်ဆိုး ဘ၀ဆိုး စိတ်ထားဆိုးတွေကြောင့် ရရှိနေတဲ့ အမွေဆိုးကို ဒီ သန္တာရွေတို့ ရဲ့  သားသမီးတွေကပါ ဆက်ခံရတော့မှာ ဖြစ်ပါတယ်။

အာဏာရူးသန်းရွှေနဲ့  ဒေါ်ကြိုင်ကြိုင်တို့ ရဲ့  မြေးအထွေးဆုံး သန္တာရွှေရဲ့  သမီးဦးလေးကို ကြယ်ဖြိုးသန္တာရွှေလို့  နာမည်မှည့်ထားပါတယ်။ လူတကာရဲ့  အပေါ်မှာ ရှိတဲ့သူ အပေါ်စီးကနေ စိုးမိုးနေသူ ဖြစ်စေရမယ်ဆိုတဲ့သဘောနဲ့  မိုးပေါ်က ကြယ်ကလေးလို့  တင်စားထားပြီး ထိပ်ဆုံးအမည်က ကြယ် တတ်ထားပေးတာပါ။ နောက်မှ ဇော်ဖြိုးဝင်းရဲ့  အမည်ထဲက ဖြိုးကို အလယ်မှာထားပြီး နောက်ဆုံးမှာ သန္တာရွှေလို့  ပေါင်းစပ်မှည့်ခေါ်ထားပါတယ်။



































နေရွှေသွေးအောင်ရဲ့ အမေဟာလည်း သူရဲ့  ညီမက မွေးတဲ့ ကြယ်ဖြိုးသန္တာရွှေကို သည်းသည်းလှုပ်အောင် ချစ်ပြတာကို တွေ့ မြင်သူတွေက ပြောပြပါတယ်။






























အာဏာရူးသန်းရွှေနဲ့  ဒေါ်ကြိုင်ကြိုင်တို့ ရဲ့  မြေးအထွေးဆုံး သန္တာရွှေရဲ့  သမီးဦးလေးကို ကြယ်ဖြိုးသန္တာရွှေလို့  နာမည်မှည့်ထားပါတယ်။ လူတကာရဲ့  အပေါ်မှာ ရှိတဲ့သူ အပေါ်စီးကနေ စိုးမိုးနေသူ ဖြစ်စေရမယ်ဆိုတဲ့သဘောနဲ့  မိုးပေါ်က ကြယ်ကလေးလို့  တင်စားထားပြီး ထိပ်ဆုံးအမည်က ကြယ် တတ်ထားပေးတာပါ။ နောက်မှ ဇော်ဖြိုးဝင်းရဲ့  အမည်ထဲက ဖြိုးကို အလယ်မှာထားပြီး နောက်ဆုံးမှာ သန္တာရွှေလို့  ပေါင်းစပ်မှည့်ခေါ်ထားပါတယ်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ သန္တာရွှေရဲ့  သမီး ကြယ်ဖြိုးသန္တာရွှေကို သန်းရွှေနဲ့  ဒေါ်ကြိုင်ကြိုင်တို့ က အင်မတန် ဂရုစိုက်လွန်းတာကြောင့် သန်းရွှေရဲ့  မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံးက ရွှေလိုဥ ပိုးလို မွေးထားကြပါတယ်။မြန်မာပြည်သူပြည်သားတွေ အရှက်လုံအောင်တောင် မနည်းဖုံးဖိဝတ်နေရတဲ့ အခြေအနေမှာ အာဏာရူးသန်းရွှေတို့ မိသားစုကတော့ အရောင်အသွေးစုံလင်တောက်ပတဲ့ ၀တ်စုံတွေ အလဲလဲအထည်ထည် ၀တ်စားဆင်ယင်နေရုံသာမက မြေးအထိပါ ပိုးသားစစ်စစ်အ၀တ်အထည်တွေနဲ့  ခြုံပြီး ပိုးလို နုနေအောင် ဂရုစိုက်ကြပါတယ်။



































အိပ်ရာဝင် သိပ်တဲ့အခါမှာ ရွှေပုခက်နဲ့  သိပ်ကြောင်း၊ ချိုးတဲ့ ရေထဲမှာတောင် နွားနို့ ထည့်ပြီး ချိုးပေးတယ်လို့  နီးစပ်သူတွေက ပြောကြပါတယ်။ မြန်မာပြည်သူပြည်သားတွေ သုံးစွဲရေအတွက် ခက်ခဲဒုက္ခရောက်နေချိန်တွေမှာ အာဏာရူးသန်းရွှေတို့  မိသားစုတစ်စုလုံးဟာ ရေကို အလျှံပယ်သုံးစွဲနေရုံတင်မက ချိုးမယ့်ရေထဲတောင် နွားနို့ ပေါပေါရောစပ်ပြီး ချိုးကြတယ်ဆိုတာ မြေးအထိ ဖြစ်နေပါတယ်။

ဒီအောက်ဖေါ်ပြပါ ပုံမှာတော့ သန္တာရွှေနဲ့  ကြယ်ဖြိုးသန္တာရွှေတို့  သားအမိနှစ်ယောက်ကို တွေ့ ရမှာပါ။ နအဖနေပြည်တော်နေအိမ်က ပုံဖြစ်ပါတယ်။ ပြည်သူလူထုတွေ အစားဆင်းရဲ အနေဆင်းရဲနေချိန်မှာ အာဏာရူးသန်းရွှေ မိသားစုဟာ စည်းစိမ်ခံပြီး ပြည်စုံကြွယ်ဝတဲ့ ဘ၀တွေနဲ့  နေနေကြပါတယ်။ ပြည်သူတွေ ဘယ်လောက်ဘဲ ငတ်ပြတ်သေကြေပျက်စီး ဆင်းရဲဒုက္ခရောက်နေပါစေ သန်းရွှေတို့  အာဏာရူးဗိုလ်ချူပ်ကြီး မိသားစုတွေကတော့ ဖုတ်လေတဲ့ ငပိရှိတယ်လို့ တောင် အောင်းမေ့မှာ မဟုတ်ပါဖူး။




























တိုင်းပြည်မှာ အပူဒဏ်ခံရလို့  အသက်အရွယ်အိုမင်းသူကအစ ငယ်ရွယ်သူအထိ အပူဝင် အပူရှပ်ကာ အသက်ပျောက်နေရချိန်မှာတော့ အာဏာရူးသန်းရွှေကအစ မြေး ကြယ်ဖြိုးသန္တာရွှေ အထိ အေးမြသန့် ရှင်းစေတဲ့ လေအေးစက်တွေ အခန်းအပြည့်နဲ့  နေထိုင်ကြပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် ဖိနှိပ်ချူပ်ခြယ်ပြီး တိုင်းပြည်ရဲ့  ပိုင်ဆိုင်မှုတွေအားလုံးကို အပိုင်သိမ်းထားတဲ့ အာဏာရူး သန်းရွှေတို့  မိသားစုအသိုင်းအ၀ိုင်းတွေဟာ အာဏာယစ်မူး စည်းစိမ်ယစ်မူးနေကြကာ ပြည်သူတွေကတော့ ဘ၀တွေ အသက်တွေ နေ့ စဉ်နဲ့  အမျှပေးဆပ်နေရပြီး ကျွန်ခံနေကြရတာ ကြေကွဲဝမ်းနည်းစရာ ကောင်းလှတာထက် ခံပြင်းစရာ ပိုကောင်းလှပါတယ်။

အာဏာရူးသန်းရွှေတို့  ဆွေစဉ်မျိုးဆက် စည်းစိမ်ခံ တည်မြဲနေကြဖို့ အတွက် တင်မကဖူး လက်ပါးစေ နအဖဗိုလ်ချူပ်ကြီး ၀န်ကြီး စီးပွားရေးသမားကြီးတွေရဲ့  ချမ်းသာကြွယ်ဝဖို့ အတွက်ပါ ခေါင်းငုံ့ ခံ ကျောကော့ခံပြီး အဖိနှိပ်ခံနေကြဦးမယ်ဆိုရင်တော့ ကျွန်တော်တို့  ပြည်သူ့ ရင်သွေးမျိုးဆက်များဟာလည်း အာဏာရူး သန်းရွှေနဲ့  နအဖတွေရဲ့  မျိုးဆက်တွေဖြစ်တဲ့ နေရွှေသွေးအောင်တို့  ကြယ်ဖြိုးသန္တာရွှေတို့  လက်ထက်အထိ ကျွန်ဆက်ခံနေရမှာဆိုတာ သတိပေးလိုက်လိုပါတယ်။

(နစ်နေမန်း၊ MHT)။

No comments: