Friday, May 21, 2010

နအဖရဲတွေ အကျင့်ပျက်နေကြတာ ရဲချူပ်ခင်ရီ သတင်းစာထဲ ထည့်မပြောလို့  ဒီကနေ ပြောလိုက်ရပါတယ်။

ဖေါ်ပြပါပုံကတော့ အလုံမြို.နယ်က အကျင့်ပျက် ရဲဝန်ထမ်း နယ်ထိန်းအရာရှိ ဒုရဲအုပ်ဌေးအောင်အား အလိုကျ ဧည့်ခံပေးနေရတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။




























အလုံမြို.နယ်မှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ဌေးအောင် ဆိုသူသည် မြို.နယ်အတွင်းရှိ ၂ လုံး ၊ ၃ လုံး ချဲဒိုင်ကြီးများ၊ ဒိုင်သေးလက်ခွဲဒိုင်များဆီမှ လစဉ်လိုင်းကြေးများ ရယူသည့်အပြင် အနောက်ပိုင်းခရိုင်မှူးကို ပေးရန်ဟု အကြောင်းပြပြီး လစဉ်ချဲဒိုင် ၁ ဒိုင်လျှင် ပေါ်ဆန်းမွှေး ၁အိတ်၊ ပဲဆီ ၅ ပိဿာ တစ်ပုံး တောင်းယူလျှက်ရှိသည့်အပြင် ရဲတပ်သားသစ် အပ်နှံရန်အတွက်ဟု အကြောင်းပြကာ လစဉ်ငွေတောင်းခံခြင်း၊ ဒုမြို.နယ်မှူး အပြောင်းအရွေ.အတွက် အကြောင်းပြပြီး နှုတ်ဆက်ပွဲလုပ်ရန်ဟုဆိုကာ ငွေတောင်းခံခြင်း၊ ရဲတိုင်းမှူးအသစ်အား ကန်တော့ရန်ဟုဆိုကာ ငွေတောင်းခံခြင်းတို့ ကို ပြုလုပ်လျက် ရှိပါသည်။

ချဲထီဒိုင်များက အပါတ်စဉ် မြို.နယ်အတွင်းရှိ ktv ဆိုင်များတွင် ဖော်ပြပါပုံအတိုင်း ဧည့်ခံရခြင်း၊ မြို.နယ်အတွင်းရှိ (မာဆတ်) အနှိပ်ခန်းများထံမှ လိုင်းကြေးအပြင် အခြားအကြောင်းပြကာ ငွေတောင်းခံခြင်းများကိုလည်း ပြုလုပ်လျက် ရှိပါသည်။






























အဆိုပါ ဒုရဲအုပ် ဌေးအောင်ဧ။် အမျိုးသမီးသည်လည်း အလုံဈေး၊ ဆင်မင်းဈေးများရှိ ချဲထီဒိုင်များထံမှ နေ.စဉ်ဟင်းစား ဈေးဝယ်ခိုင်းခြင်းတို.ကို ပြုလုပ်လျှက်ရှိပါသည်။ မြို.နယ်အတွင်းရှိ ၂လုံး ၃လုံး ချဲထီဒိုင်များ၊ အနှိပ်ခန်း (မာဆတ်) များဟာ ပေးရသည့်လိုင်းကြေးအပြင် အပိုငွေကြေးများပေးရခြင်း၊ ဧည့်ခံရခြင်း ၊ မလိုက်လျှောလျင် ခြိမ်းခြောက်ပြီး လုပ်ငန်းများပိတ်ခိုင်းခြင်းတို.ကိုလည်း ပြုလုပ်လျှက်ရှိပါသောကြောင့် ၄င်းအကျင့်ပျက်ဝန်ထမ်းကို ရဲဝန်ထမ်းအဖြစ်မှ မမြင်တွေ.လိုကြောင်း ပြောဆိုလျက်ရှိပါသည်။

(သတင်းနှင့် ဓါတ်ပုံအတွက် အ၀ါရောင် အိမ်ကလေးအား ကျေးဇူးတင်ရှိပါသည်)။

No comments: