နအဖ ဗိုလ်ချူပ် ၀င်းမြင့် လက်မှတ်ရေးထိုးပြီး အေးဓါးမြတိုက်ထားတာပါ။
ပြည်သူ့ ကျန်းမာရေးနဲ့  ပတ်သက်ပြီး ပြည်သူ့ ဆေးရုံတွေ ဆေးရုံးသုံးပစ္စည်းတွေ ဆေးဝါးတွေ အစရှိတာတွေကို တိုင်းပြည်ရဲ့  ကျန်းမာရေးဆိုင်ရာ သုံးငွေလျာထားလျက် (State Public Health Budget) ထဲကနေ သုံးစွဲအကုန်ကျခံပေးရမှာက တိုင်းပြည်တစ်ပြည်ကို တာဝန်ယူ အုပ်ချူပ်ပါတယ်ဆိုတဲ့သူတွေက စီမံခန့် ခွဲ အသုံးချရမှာပါ။
အခုတော့ သူတို့  အုပ်စိုးနေတဲ့ခေတ်တစ်လျှောက်လုံးမှာ ကိုယ်ထူကိုယ်ထတို့  အလှူငွေတို့  စေတနာကြေးတို့ ဆိုတာတွေနဲ့  ပြည်သူတွေဆီက အေးဓါးမြတိုက်ပြီး ပြည်သူ့ ငွေနဲ့ ဘဲ ပြည်သူအတွက် ပြန်သုံးပြနေတော့ ဘယ်မှာလည်း တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေ၊ ဘယ်ရောက်ကုန်လည်း။ အဖြေကတော့ ရှင်းနေပြီးသားပါ။ သူတို့  နအဖအာဏာရူးကြီးတွေ အိတ်ထဲမှာဘဲ ဆိုတာ။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဆိုတာ အများပြည်သူအတွက် အဓိကအားထားရမယ့် ဆေးရုံကြီးပါ။ ဒီဆေးရုံကြီးမှာ ဆေးရုံသုံးပစ္စည်းတွေ ဆေးဝါးတွေ မရှိဖူး မလုံလောက်ဖူးဆိုတာမှာ တိုင်းပြည်ကို အုပ်ချူပ်နေသူထံမှာ အဓိကတာဝန်ရှိပါတယ်။ ဒါကို တာဝန်မဲ့စွာနဲ့  ကိုယ့်ပုခုံးပေါ်ကတာဝန်ကို ပြည်သူတွေပုခုံးပေါ် လွဲပေးတယ်ဆိုကတည်းက လုံးဝအသုံးမကျတဲ့ အရည်အချင်းမရှိတဲ့ အုပ်ချူပ်သူတွေမှန်း ပေါ်လွင်စေပါတယ်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ သုံးဖို့  ဓါတ်ရောင်ခြည်ကုသစက်ကို ၀ယ်ဖို့  ဆေးခန်းပိုင်ရှင်တွေ ဓါတ်ခွဲခန်းပိုင်ရှင်တွေကို အေးဓါးမြတိုက်ပါတော့တယ်။ ပြည်သူတွေဆီကလည်း အလှူငွေဆိုပြီး အပြောချိုလေးနဲ့  တောင်းပါတော့တယ်။ နောက်ဆုံးတော့ ပြည်သူ့ ကျန်းမာရေးအတွက် ပြည်သူတွေဆီက ချွေးနည်းစာ ငွေလေးတွေနဲ့ ဘဲ ငါးကြင်းဆီနဲ့  ငါးကြင်းပြန်ကြော်သလို လုပ်ပါတော့တယ်။
အခု ပြည်သူတွေဆီက အေးဓါးမြတိုက်ပြီး ရလာတဲ့ ငွေက အမှန်တကယ်ဘဲ ဒီ ဓါတ်ရောင်ခြည်ကုသစက် ၀ယ်ယူရမယ့် ငွေကုန်ကျစရိတ်အမှန်ပါဘဲလား၊ ဒီ ပြည်သူ့ ငွေတွေကရော မှန်မှန်ကန်ကန်စာရင်းနဲ့  သုံးစွဲပြမှာလား၊ ဒီ ၀ယ်လိုက်တဲ့ ဓါတ်ရောင်ခြည်ကုသစက်ကိုရော သာမန်ပြည်သူတွေ ခံစားနေရတဲ့ သာမန်ပြည်သူတွေ မည်သူမဆို အခမဲ့ သုံးစွဲခွင့် ရကြမှာလားဆိုတာ စစ်ဆေးကြည့်ရှူဖို့ တော့ လိုပါတယ်။
ပြည်သူတွေဆီက အလှူငွေတောင်းစရာ မလိုဘဲ တိုင်းပြည်ဘဏ္ဍာငွေထဲကနေ သုံးသင့်တာနဲ့  ဒီငွေပမာဏဟာ တိုင်းပြည်တစ်ပြည်ရဲ့  ပြည်သူကျန်းမာရေးသုံးစွဲငွေအတွက် ဘယ်လောက်မှ များပြားလွန်းတာ မဟုတ်ပါဖူး။
နောက်ဆုံးတော့ နေရာတကာ ဘာဘဲလုပ်လုပ် ဘာဘဲလိုအပ်လိုအပ် နအဖတွေက တိုင်းပြည်ဘဏ္ဍာငွေသုံးပြီး ဆောင်ရွက်ပေးတာ မရှိသလောက်ဖြစ်နေပြီး လမ်းဖောက်လည်း ကျောင်းဆောက်လည်း တံတားဆောက်လည်း ဆေးရုံဆောက်လည်း ပြည်သူတွေကဘဲ ကိုယ်ထူကိုယ်ထ လုပ်ပေးနေရမှတော့ တိုင်းပြညိမှာ ဒီလို အုပ်ချူပ်သူတွေ လိုရော လိုပါသေးရဲ့ လားဆိုတာ တွေးမိပါရဲ့ ဗျာ။
တာဝန်မဲ့သော အုပ်ချူပ်သူအာဏာရူးတို့ ကတော့ ပြည်သူတွေအပေါ် ဒီလိုဘဲ အနိုင်ကျင့်နေဦး အေးဓါးမြတွေ တိုက်ပြီးရင်း တိုက်နေဦးမှာပါဘဲ။
(သတင်းနှင့် မှတ်တမ်းများအား ပေးပို့ လာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment