Saturday, May 15, 2010

မြန်မာပြည်တစ်လွှမ်း ရေရှားပါးမှု ကြုံကြိုက်နေရသော အခြေအနေများ ရင်ဆိုင်နေရမှုနှင့် သောက်ရေ သုံးရေ ရှားပါးမှုဘေးဒုက္ခကို ခံစားနေကြရသော ပြည်သူများ ဘ၀။

သောက်ရေသုံးရေ ရှားပါးမှုဒဏ်ကို လူးလိမ့်အောင် ခံနေရသော ပြည်သူများ ကြုံနေရသော ဘေးဒုက္ခပါ။































































































































































































သောက်ရေသုံးရေ မလုံလောက်တာကတော့ အာဏာရူးတွေ အုပ်ချူပ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ကြုံတွေ့ ခံစားနေရတာပါ။ အခုကတော့ ရေပြတ်တောက်ရှားပါးမှု အဆိုးရွားဆုံးပါဘဲ။ ရန်ကုန် တွံတေး လှိုင်သာယာ သုံးခွ၊ ပဲခူး သနပ်ပင်တို့ တောင် ရေရှားပါးပြတ်တောက်မှု ဒဏ်အဆိုးရွားဆုံးခံနေရတယ်။ မသန့် ရှင်းတဲ့ ရေတွေ သောက်သုံးကြ ချက်ပြုတ်ရာမှာ သုံးစွဲကြရလို့  ၀မ်းရောဂါဘေးတွေ ရင်ဆိုင်နေကြရတယ်။ ပဲခူးမြို့ နယ် ဝေါမြို့ နယ်တို့ မှာရှိတဲ့ မြို့ သူမြို့ သားတွေ ရွာသူရွာသားတွေ ၀မ်းရောဂါတွေ ဖြစ်ပွားနေရတယ်။ မန္တလေးမြို့ မှာတင် အပူဒဏ်ပြင်းထန်မှုနဲ့  ရေရှားပါးပြတ်တောက်မှုကြောင့် သေဆုံးကုန်ကြတဲ့သူတွေ (၁၀) ဦးထက်ကျော်ကာ အပူရှပ်လို့  ဆေးရုံးရောက်သူတွေ ရာကျော်နေပြီ။























































ပြည်သူတွေကတော့ မီးဘေးကြုံရ၊ လေဘေးကြုံရ၊ အခု ရေဘေးလည်း ကြုံရနဲ့  ရန်သူမျိုးငါးပါးဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မင်း၊ မချစ်မနှစ်သက်သူ ဆိုတဲ့ အထဲက အဓိကကတော့ မင်းဆိုတဲ့ အုပ်ချူပ်သူ မကောင်းတဲ့အတွက် အခြားသော သဘာဝဘေးအန္တရာယ်တွေ မကြုံတွေ့ ခင် ကြိုတင်ကာကွယ်တားဆီးနိုင်ခြင်း မရှိကြရသလို ကြုံလာရချိန်မှာ ဘေးအန္တာရယ်ကြောင့် ကျရောက်လာတဲ့ ဆိုးကျိုးတွေကို ဖြေရှင်းနိုင်ခွင့် မရှိကြရပါဖူး။

အင်းလေးကန်ကြီး ရေတွေ ခန်းကုန်တဲ့ အနေအထားပါ။ မကြုံဖူးလောက်အောင် အင်းအိုင်တွေ မြစ်ချောင်းတွေ ကန်တွေ ရေတိမ်ကောကုန်တာပါ။ ရန်ကုန်မှာလည်း အင်းလျားကန် ကန်တော်ကြီးက ရေမျက်နှာပြင်တွေ အတော့်ကို နိမ့် ကျကုန်ပါပြီ။


































































ရေကန်ကြီးတွေ မြစ်ချောင်းအင်းအိုင်တွေ ရေတွေခန်းကုန်ကြတဲ့အတွက် သောက်ရေ သုံးရေတွေ ရှားပါးရရုံတင်မကဖူး၊ ငါးပုဇွန်တွေ သေကြေပျက်စီး ရှားပါးကုန်ကြတယ်၊ အင်းကန်ကြီးတွေကို အမှီပြုပြီး နေထိုင်စားသောက်နေရတဲ့သူတွေ ဒုက္ခပိုတွေ့ ကြရတယ်၊ မြစ်ချောင်းအင်းအိုင်တွေ ရေခန်းခြောက်လို့  သစ်ပင်ပန်းပင်တွေ ညှိုးနွမ်းသေကြေပြီး သဘာဝရာသီဥတု မျှတမှုအခြေအနေတွေ ထိခိုက်ရကုန်တယ်၊ စားသောက်ကုန် သီးနှံတွေ ရှားပါးပြတ်တောက်မှုကြောင့် ဈေးနှုန်းတွေ ကြီးမြှင့်ကုန်တယ်။ အပူဒဏ်တွေ ပိုကြုံတွေ့ ကြရတယ်။ ပူပြင်းမှုဒဏ်ကြောင့် လူတွေ နေထိုင်မကောင်းဖြစ်ကာ သေတဲ့သူ သေကြရတယ်။

နောက်ဆုံးတော့ အနှစ်ချူပ် ပြောရရင် နအဖအာဏာရူးတွေ အသုံးမကြတဲ့ အုပ်ချူပ်မှုကြောင့်ဘဲ ပြောရမှာဘဲ။ မရောင်ရာ ဆီလူးဆိုတဲ့ မြန်မာစကားလိုဘဲ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေကို သူတို့  စည်းစိမ်ခံဖို့  ပျော်ပါးဖို့  ချမ်းသာကြွယ်ဝဖို့ အတွက် သန်းပေါင်းကုဋေပေါင်းမြောက်မြားစွာ ငွေအကုန်ကျခံပြီး နေပြည်တော်မှာ အဆောက်အဦးတွေ မိုးပျံအောင် ဆောက်လုပ်ခဲ့ကြတယ်။ နအဖတို့ ရဲ့  ၀ါဒဖြန့် ကိစ္စတွေမှာ အသားကုန်သုံးစွဲခဲ့ကြတယ်၊ သူတို့ အသက်ဘေးကိုကြတော့ ကြောက်တတ်လွန်းလို့  စစ်လက်နက်ပစ္စည်းတွေကို ဘုန်းဘောလအော ၀ယ်ူခဲ့ကြတယ်။ ဒီငွေတွေ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေကိုသာ ပြည်သူတွေ လျှပ်စစ်မီးအမြဲရနေဖို့  သောက်ရေသုံးရေ ဖူလုံနေဖို့  နေရေားထိုင်ရေး ပြည့်စုံစေဖို့  စားရေးသောက်ရေး ပြည့်ဝနေဖို့ အတွက်သာ အသုံးပြုခဲ့မယ်ဆိုရင် ပြည်သူတွေ ဒီလို ဘေးဒုက္ခတွေ ကြုံတွေ့ ရမှာ မဟုတ်ဖူးဆိုတာ ပြောလိုက်ချင်ပါတယ်။



















(ဘားမားပါပါရာဇီနှင့် ကိုထွဋ်ထိပ်တို့ အား ဓါတ်ပုံများအတွက် အထူးကျေးဇူးတင်ရှိပါတယ်)။

No comments: