Saturday, May 15, 2010

မြန်မာပြည်သူများ ကြုံတွေ့  နေရသော သောက်ရေသုံးရေ ပြတ်လတ်မှုအား ကူညီပေးကြစေလိုပါတယ်။

ဝရဓာတု ရတနာရာမ အသင်းတော်(ဓာတ်တော်တိုက်) ပါရမီဖြည့် ကုသိုလ်ပြု အဖွဲ့ မှ မြန်မာနိုင်ငံအတွင်း မိုးခေါင် ရေရှား ဒေသများသို့ သောက်သုံးရေများ လှူဒါန်းနေသည်ဖြစ်ပါ သောကြောင့် စေတနာ သဒ္ဓ်ါတရား ထက်သန်သူများ မည်သူမဆို ပါရမီဖြည့် ပါဝင်လှူဒါန်းနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လှူဒါန်းနိုင်သည့် ဌာန -

Singapore

၁) ၀ရဓာတု ရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်) ပါရမီဖြည့် ကုသိုလ်ပြု အဖွဲ့

No. 59, Geylang Lor 4, S(399297) Phone: 67487352 / 68414540

မြန်မာပြည်တွင်း ရေဖြန့်ဝေ လှူဒါန်းရာ ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့များ -

၁) ရန်ကုန်တိုင်း ဒေသများအတွက် မေတ္တာအေးကျောင်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။ ဖုန်း 01-562241

၂) တွံတေး ဒေသများအတွက် ကျောင်းသစ်ပရိယတ္တိ စာသင်တိဲုက်၊ တွံတေးမြို့။ ဖုန်း 045-50400

၃) ပဲခူးတိုင်း ဒေသများအတွက် သာမဏေကျော် စာသင်တိုက်၊ ပဲခူးမြို့။ ဖုန်း 095301665

• ယ္ခုအခါ မြန်မာနိုင်ငံတွင် မိုးခေါင်၍ရာသီဥတုမှာလွန်စွာပူပြင်းသောကြောင့် ဒေသတော်တော်များများ၌ သောက်ရေ သုံးရေများပြတ်လတ်မှုနှင့်ကြုံတွေ့နေရပါသည်။

• ပူပြင်းလွန်းသောရာသီဥတုနှင့် ရေပြတ်လတ်မှုများကြောင့် အချို့သောဒေသများ၌ ဝမ်းရောဂါစသည် ဖြစ်ပွားပြီး အသက်ဆုံးသည့်အထိပင် ဒုက္ခရောက်နေရပါသည်။

• လတ်တလောလိုအပ်ချက်ကို ပြည်တွင်းပြည်ပရှိ အသင်းအဖွဲ့အမျိုးမျိုးနှင့်စေတနာ့ ဝန်ထမ်းများကလဲ နေ့စဉ် အားတက်သရော ဖြည့်ဆည်းပေးလျှက်ရှိပါသည်။

• ရေဆာလောင်မွတ်သိပ်နေစဉ်ခံစားရသည့်ဒုက္ခ၊ ထိုအချိန် သောက်၊ သုံးလိုက်ရသည့်အတွက် ရရှိလိုက် သည့် သုခကိုလည်း မိမိတို့ကိုယ်တိုင်လည်း ခံစားဘူးကြမည် ဖြစ်ပါသည်။

• သို့အတွက်ကြောင့် အကျိုး (၁၀)ပါးကို မတောင်းဘဲနှင့်ရသော၊ ရေရှားပါးသည့်ကာလမှသာလှူဒါန်းနိုင်သော “ကာလဒါနရေအလှူတော်”ကို မိမိတို့လည်း စေတနာ သဒ္ဓါတရားတတ်စွမ်းသမျှ ပါရမီဖြည့် ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း အသိပေးနိုးဆော် တိုက်တွန်းအပ်ပါသည်။

ပဲခူးနယ်တဝိုက်အတွက် ရေကားတစ်စီးလျှင် ၄၅၀၀၀ ကျပ်ဖြင့် လှူဒါန်းနိုင်ပြီး ကျနှ်ရှားပါးဒေသများ အတွက်လည်း တတ်စွမ်းသမျှ ထည့်ဝင်လှူဒါန်းနိုင်ပါသည်။

No comments: