Saturday, May 15, 2010

ရေမလာလို့  မီးပိုပျက်၊ မီးပျက်တော့ ရေ မလာနိုင်။ ရေရော မီးရော ပြတ်တောက်ရှားပါးနေရတာ ရာသီဥတုဆိုတာထက် နအဖတွေ ပြည်သူအတွက် ဘာမှ မလုပ်ခဲ့လို့ ဘဲ။

ရန်ကုန်မြို့ကို မီးပေးဖို့ ရေမလောက်တော့ပါဘူး။ မကြာခင် ရက်ပိုင်းအတွင်း ပိုမိုဆိုးရွားစွာမီးပျက်ဖို့ရှိပါတယ်။ အဲ့သလို မီးပျက်ခြင်းရဲ့  နောက်ဆက်တွဲ ရေလိုအပ်ချက်ကြီးမားလာမှာဖြစ်ပြီး မိမိတို့အစီအစဉ်နဲ့ရေကို ကြိုတင်စုဆောင်းနိုင်ဖို့ ချွေတာသုံးဆွဲဖို့ လိုလာမှာဖြစ်ပါတယ်။

ထို့အတူ လက်ရှိ ရန်ကုန်မြို့  ခံစားနေရသော အပူချိန်မြင့်မားမှုဒဏ်ကို ကြီးငယ်မဟူ ခါးစီးခံစားနေရပါတယ်။

ဒီကိစ္စကို တာဝန်ရှိပါတယ်ဆိုတဲ့ လူကြီးတွေက လစ်လျုရှုနေပါတယ်။

အသက်အရွယ်ကြီးမားသော လူကြီးများအတွက် အလွန်စိုးရိမ်ရသော အနေအထားဖြစ်ပြီး နေ့စဉ်နှင့်အမျှ သက်ကြီးရွယ်အိုများ အသက်သေဆုံးနေကြပါတယ်။

(ရန်ကုန်သားတစ်ဦး)။

No comments: