Tuesday, June 29, 2010

ဆင်ဖြူရှင်ရူး ရူးသူနဲ့ ဆင်ဖြူမရှင်ရူး ရူးသူအတွက် ပန်းနုရောင်နဲ့  ဆင်ဖြူတော်တဲ့။

ဇွန်လ ၂၆ ရက်နေ့ က ရခိုင်ပြည်နယ် မောင်းတောမြို့ နယ်အတွင်းမှာ ဆင်ဖြူတော်တစ်ကောင် ဖမ်းဆီးရမိတယ်ဆိုပြီး နအဖရုပ်မြင်သံကြားမှာ ပြသထုတ်လွှင့်သွားပါတယ်။

ဆင်ဖြူတော်ဆိုပြီး တွေ့ ရာမြင်ရာ အဖြူရောင်လေး နည်းနည်းသန်းတာတွေ့ တာနဲ့  ဆင်ဖြူတော် ဆင်ဖြူတော်ဆိုပြီး ပြောဆိုကာ ဆင်ဖြူတော်ရုးတဲ့သူ ကျေနပ်ဖို့  ဖမ်းဆီးပြကာ ဆက်သတာတွေ လုပ်ဇတ်တွေများနေကြပါတယ်။






























နအဖ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့  ညွှန်ကြားချက်နဲ့  ယခင်က ရှာဖွေဖမ်းဆီး ရမိခဲ့သော ဆင်ဖြူတော် အမျိုး အနွယ်ဝင် ဆိုတဲ့ ဆင် (၃) ကောင်လည်း အခုတော့ ချောင်ထိုးခံထားရပါပြီ။ ခင်ညွှန့်  လက်ထက်က ဒီဆင်ဖြူတော်တွေ ဖမ်းပြီးနောက်ပိုင်းမှာ ရွှေနန်းဆောင်တွေ၊ ရတနာဆင်ဖြူတော်ဥယျာဉ်တွေနဲ့  ထားခဲ့တာပါ။ ဒီဆင်ဖြူတော်တွေကို တိုင်းမှူးတွေ၊ ၀န်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေက နေ့တိုင်း နီးပါးလောက် လာကြည့်ခဲ့ကြတယ်၊ ဆင်ဖြူတော်တွေကို ကျန်းမာရေးကအစ စားရေး၊ နေရေးအဆုံး နေ့စဉ်မှတ်တမ်းလုပ်ပြီး အထက်ကို တင်ခဲ့ကြရတယ်။ အခုတော့ ဒီ ခင်ညွှန့် ရဲ့  ဆင်ဖြူတော်တွေကို သွားရောက်ကြည့်ရင် နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့  မျက်မာန်တော်ရှမှာ ကြောက်လို့  ဘယ်သူမှ သွားမကြည့်ကြတော့ပါဖူး။

“ဆင်ဖြူတော်မှာ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ကြောင့် ပေါ်ထွန်းခြင်းဖြစ်ပြီး တိုင်းပြည်၏ စည်းစိမ်းဥစ္စာ ရတနာ၊ ရွှေ၊ ငွေ ကျောက်သံ၊ ပတ္တမြား၊ ဆန်ရေစပါး ပေါများမည့် အတိတ်နမိတ်ဖြစ်သည်” ဆိုတဲ့ စာသားတွေကို ဆင်ဖြူတော်ဥယျာဉ်အတွင်းမှာ ကပ်ထားခဲ့ပြီး သန်းရွှေရဲ့  မိန်းမ ကြိုင်ကြိုင်ကနေ အဲ့ဒီ ဆင်ဖြူတော်တွေကို သပြေခက်နဲ့  ကောင်းချီးမင်္ဂလာပြုနေတဲ့ ဓါတ်ပုံတွေကိုလည်း ပုံကြီးချဲ့ကပ်ထားခဲ့ပါတယ်။ မင်းကျင့်တရား ဆယ်ပါးနဲ့ ညီလား မညီလားဆိုတာ ပြည်သူတွေကို ညာဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ ရဟန်းသံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်နေတဲ့ သန်းရွှေတို့ က မင်းဆိုးမင်းယုတ်တွေ ဖြစ်နေတာ လူတိုင်းအသိ ဖြစ်ပါတယ်။






























ခင်ညွန့် ရဲ့  ဆင်ဖြူတော် သွားရောက် မကြည့်ရဲကြပေမယ့် အခုဖမ်းမိတဲ့ ဆင်ဖြူတော်လို့  ပြောနေတဲ့ ဆင်ကိုတော့ အရူးသန်းရွှေ စိတ်ကျေနပ်အောင် ဆင်ဖြူဖြူ မဲမဲ သွားရောက်ကြည့်ကြမှာ မလွဲပါဖူး။

ဆင်အမျိုးအစား (၁၀) မျိုးဖြစ်တဲ့ အမည်းရောင်ရှိတဲ့ ဆင်အမျိုးအစားက ကာဠာဝကဆင်၊ သရက်ရွက်နုအဆင်းရှိတာက ဂင်္ဂေယျဆင်၊ သစ်ရွက်ရော်အဆင်းဖြစ်တဲ့ ၀ါဖန့် ဖန့် အဆင်းရှိတာက ပဏ္ဍရဆင်၊ ကြေးနီရောင် အသွင်နီကြင်ကြင် အဆင်းရှိတာက တမ္ပဆင်၊ ဖြူနီရောင် စသည်တို့နှင့် ရောပြွန်းကြောင်ကြားနေသော အဆင်းရှိတာက ပိင်္ဂလဆင်၊ အပြာရောင်၊ အဖြူရောင်ရောသော နှမ်းဆွတ်ဆုပ် အဆင်းနှင့် တူသော အဆင်းရှိတာက ဂန္ဓဆင်၊ နက်မှောင်သော အဆင်းရှိတာက မင်္ဂလဆင်၊ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အဆင်းရှိတာက ဟေမဆင်၊ ဘော်သားလို ဖြူဖြူဖွေးဖွေးရှိတာက ဥပေါသထဆင်နဲ့  ဆဒ္ဒန်ဆင်အမျိုးအစားတို့  ဖြစ်ပါတယ်။ အခုဖမ်းမိပြီး ဆင်အမျိုးအစား ဆယ်မျိုးရှိတဲ့အထဲက ဘယ်အမျိုးအစားနဲ့ မှ မကိုက်ညီတဲ့ ပန်းနုရောင်ခန္ဓာကိုယ်နဲ့  ဆင် ဖြစ်ပါတယ်။

ရှေးမြန်မာမင်းများ လက်ထက်တုန်းက မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နဲ့  အရုဏ ဟထ္ထိဆင်လို့  ဆင်ဖြူတော် (၄) မျိုးရှိပြီး၊ ဗေဒင်ကျမ်းဂန်များမှာ ခန္ဓာဇလပ်ပွင့်အဆင်းကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစ ဖြူဖွေးသော အ၀တ်ပုဆိုးကဲ့သို့ အဆင်းရှိတဲ့ သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်ကဲ့သို့  အဆင်းရှိတဲ့ သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့်ကဲ့သို့  အဆင်းရှိတဲ့ သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင်ဆိုပြီး ဆင်ဖြူ (၇) မျိုးရှိကြောင်း ဖေါ်ပြချက်အရဆိုရင်လည်း အခုဖမ်းမိတဲ့ဆင်က ထူးခြားတဲ့ ကျန်အင် လက္ခဏာ ဘာမှမရှိတဲ့အတွက် ဆင်ဖြူတော်လို့  ဆိုရလောက်အောင် ပြောမရပါ။

ဆင်ဖြူ ဆင်ဖြူလို့  ပြောတာ ယုံဖို့ ထက် အဲ့ဒီဆင်ကတော့ “ဆင်ဟုတ်ကြောင်း နှာမောင်းသက်သေ” ဆိုတာလောက်ဘဲ ရှိတဲ့ ဆင်တစ်ကောင်ဘဲ ဖြစ်ပါတယ်။































နအဖအာဏာရူးကြီး သန်းရွှေက သူရဲ့  နေပြည်တော်မှာ ဆင်ဖြူတော် ထားရှိနိုင်ဖို့ အတွက် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းတွေကို တောနင်းရှာဖွေခိုင်းနေတာ ကြာပါပြီ။ ဒေသခံပြည်သူတွေလည်း မနေရဘဲ ဆင်ဖြူတော် ရှာဖွေရေးအတွက် အတင်းအကြပ် လုပ်အားပေးခံနေရခဲ့ပါတယ်။ အရူးသန်းရွှေခိုင်းတဲ့ အမိန့် အတိုင်း ဆင်ဖြူတော် မရရင် မျက်နှာပန်းမရမှာစိုးလို့  တောနင်းရှာကြရတဲ့ စစ်တပ်ထဲကသူတွေ၊ သစ်တောဦးစီးဌာနဘက်ကသူတွေကြောင့် နယ်မြေခံဒေသက ကျေးရွာတွေလည်း အတော့်ကို ဒုက္ခရောက်ကြရပါတယ်။ လွန်ခဲ့တဲ့ (၂၆) ရက်နေ့ ကမှ ဆင်ဖြူတော်ကို ရုတ်တစ်ရက်ရှိဖွေတွေ့ ရှိသလိုနဲ့ ၊ ရုတ်တစ်ရက်ဘဲ မမျှော်လင့်ဘဲ ရှာဖွေတွေ့ ရှိသလိုနဲ့  ၊ ရှာဖွေတွေ့ ရှိတဲ့ ဒေသခံပြည်သူတွေကဘဲ တာဝန်သိစွာနဲ့  သတင်းပေးအကြောင်းကြားပေးခဲ့သလိုနဲ့  ၀ါဒးဖြန့် သတင်းတွေ ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။

ဆင်ဖြူတော် ဆင်ဖြူတော်ဆိုပြီး ရှာလိုက်ရတာ၊ တွေ့ လာတဲ့ ဖြူနိုးနိုး ဆင်ဖြူတော်တွေကိုလည်း ထိန်းသိန်းစောင့်ရှောက်လိုက်ရတာ “ဆင်ဖိုးထက် ချွန်းဖိုးကြီးသည်” ဆိုတာလို ဧကန်အမှန် ဖြစ်နေတာ။ သန်းရွှေနဲ့  ကြိုင်ကြိုင် ရူးသမျှ လိုက်လုပ်ပေးနေကြတဲ့ နအဖဗိုလ်ချူပ်ကြီးတွေ ၀န်ကြီးတွေရဲ့  ကိုယ်ပိုင်အိတ်ထဲကနေ ဒီကုန်ကျတဲ့ငွေတွေကို အကုန်ကျခံနေတာ မဟုတ်ပါဖူး။ ဆင်ဖြူတစ်ကောင်ဖမ်းဆီးရမိဖို့ အရေး ကုန်ကျသမျှ ဆင်ဖြူတော်လို့ ဆိုတဲ့ဆင်ကို ပြုစုထိန်းသိမ်းစောင့်ရှောက်ခ၊ ဆင်ဖြူတော်အဖြစ် အသိအမှတ်ပြုကြရဖို့  စီစဉ်ဆောင်ရွက်ပေးလိုက်ရတဲ့ အခမ်းအနားတွေအတွက် ကုန်ကျသမျှကို တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေထဲက သုံးဖြုန်းပစ်နေတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ နေထိုင်သူ ဆင်ဖြူများရှင်အဖြစ် ဖြစ်လိုနေသူ ရူးသွပ်နေသူ သန်းရွှေနဲ့  ဆင်ဖြူမရှင်အဖြစ် ဖြစ်လိုနေသူ ရူးသွပ်နေသူ ကြိုင်ကြိုင်တို့ ရဲ့  အရူးစိတ်ကို ဖြေသိမ့်ဖို့ အတွက် မြန်မာငွေစက္ကူကျပ်ငွေထဲက ဆင်ဖြူတော်ပုံရိပ်ထက် အရူးစိတ် ဖြေသိမ့်ပေးနိုင်မယ့် ကိုယ်ခန္ဓာ ပန်းနုရောင်၊ နားထင်ချိုင့်ချိုင့်ခွက်ခွက်နဲ့  မြန်မာပြည်က အာဟာရမပြည့်ဝလို့  သေးသိမ်နေတဲ့ ဆင်တစ်ကောင်ကို ရရှိခဲ့ကြောင်းပါ။

ရှေးခေတ်ကလည်း ဒီလို ဆင်ဖြူတော်ဆိုပြီး ဘုရင်အလိုကျ ဖမ်းဆီးပေးခဲ့ရတဲ့ ဆင်အရောင် မဖြူလာလို့  ဆိုပြီး ဘုရင် မျက်မာန်တော်ရှတာ ခံကြရတော့မှာမို့  မှူးမတ်အပေါင်းအတွက် ကာကွယ်ဖြေသိမ့်ပေးတဲ့အနေနဲ့  ပညာရှိအမတ်ကြီး ဦးပေါ်ဦးက “အမည်းရောင်ရှိသော ဆင်ဟာ နှစ် (၆၀) ကြာရင် ဖြူလာတတ်ကြောင်း၊ ဒီလိုဖြူလာတတ်တဲ့ ဆင်ကို ဟေမဆင်ဖြူတော်လို့ ဆိုခဲ့ဘူးပါတယ်” လို့ ဘုရင့်အမျက်တော် မရှ ရအောင် လျှောက်တင်ခဲ့ရဖူးပါတယ်။

အခုကတော့ ဆင်ဖြူရှင်ရူး ရူးနေကြသူများ စိတ်ကျေနပ်အောင် ဆင်တစ်ကောင် မရရအောင် ရှာပေးခဲ့ရတဲ့ သူတွေတော့ လောလောဆယ် ချီးမျြောက်စားခြင်း ခံရဦးပေမယ့် တစ်နေ့ ကြရင်တော့ ခင်ညွှန့် နဲ့ ခင်ညွှန့် ဆင်တွေလို ဖြစ်မယ့် အဖြစ် ပြန်ကြုံရဦးမှာပါ။

No comments: