တာဝန်။
စိတ်ကူးတွေ မုန်တိုင်းမွှေလို့
ထိပ်ဖူးတွေ အပြိုင်အဆိုင်
လက်ဝယ်ပိုင် နိုင်သူ မဲ့မယ်
ဘ၀င်တွေကိုင်၊
လူ့အရင်းအမြစ်တွေ ဆုံးရှုံးစေတာ
စဉ်းစားလို့ မထားဟန်
ဖိတ်ခေါ်ပြန် တတိယမ္မိ
ကမ္ဘာစစ်ကို ဦးတည်ပြန်
ကိုယ်စီမှာ တာဝန်ရှိတာမို့
အရူးလက်က သေနတ်ကို လုဖို့
ကိုင်း … ၀ိုင်းချစို့လေး …..။
မင်းထက်နိုင်။
at 7:11 PM
No comments:
Post a Comment