Saturday, June 12, 2010

မိုးခပန်းချီပြပွဲ ပြုလုပ်ကျင်းပရာ စာပေ၊ ပန်းချီ ၊သရုပ်ဆောင် အနုပညာရှင်များ လာရောက်ကြည့်ရှုအားပေးကြ။

ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုမီနီယံ အခန်းအမှတ် (၀၇ /၀၉) အဆောက်အဦးအမှတ် (စီ) ရှိ မိုးခပန်းချီပြခန်း၌ မိုးခပန်းချီပြပွဲအမည်ဖြင့် ပန်းချီအနုပညာရှင်ပေါင်းများစွာ၏ ပန်းချီအနုပညာလက်ရာများကို ခင်းကျင်းပြသခဲ့ပါသည်။

ပြပွဲကို ဦးစီးကျင်းပပေးခဲ့သူမှာ မိုးခပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦးနှင့် ဦးဆန်နီငြိမ်းတို့ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲကို ဇွန်လ (၁၂) ရက်နေ့ မှ ဇူလိုင်လ (၂) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။

ယနေ့ ပန်းချီပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့ စာပေအနုပညာရှင်များ၊ ပန်းချီအနုပညာရှင်များ၊ သရုပ်ဆောင်အနုပညာရှင်အချို့လည်း တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။



စာရေးဆရာ အဏ္ဏ၀ါစိုးမိုး၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီဆုရှင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ ပန်းချီဖေစိုးအောင်၊ သီချင်းနှင့်ကဗျာဆရာ သော်ဒီဝေ၊ မကြာသေးမီအချိန်က ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော ကဗျာဆရာ ကိုစောဝေ စသည့် အနုပညာရှင်ပေါင်းများစွာ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပါသည်။

လေးစားဦးညွှတ်လျှက် -

ရဲရဲတောက် Burma Paparazi

No comments: