ကျောင်းသားသစ္ဖာဖောက် မျိုးဖျက်လောက်ကောင်တွေက ပုံမှားရိုက် ဆန္ဒပြပြီး မဲရဖို့  လှည့်ဖြားစည်းရုံးနေကြတယ်။
နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပထမဦးဆုံး အပြေးအလွှား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လိုက်တဲ့ မျိုးဖျက်အဖွဲ့ ကတော့ ကျောင်းသားသစ္စာဖောက် အေးလွင်ဦးစီးတဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့  ဖြစ်ပါတယ်။
နိုင်ငံရေးပါတီအဖြစ် နအဖထံ အလုအယက် မှတ်ပုံတင်ခဲ့တဲ့ ဒီ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဟာ မြန်မာနိုင်ငံ အမျိုးသားလွတ်မြောက်ရေး လွတ်လပ်ရေးသမိုင်းဝင် ကျောင်းသားသမိုင်း အလံဖြစ်တဲ့ ခွပ်ဒေါင်းအလံကို အလွဲသုံးစားလုပ်ပြီး သူတို့ ရဲ့  ပါတီသင်္ကေတအလံအဖြစ် အသုံးပြုလို့  မကြာသေးခင်ကမှ စာပေဂီတရုပ်ရှင်အနုပညာရှင်များနဲ့  ကျောင်းသားပြည်သူများကနေ လက်မှတ်ရေးထိုးပြီ ကန့် ကွက်လိုက်ကြလို့  အလံပုံစံကို ကြယ်တွေများများထပ်ထည့်ပြီး ခွပ်ဒေါင်းပုံကို မဖြုတ်ဘဲ ဆက်သုံးနေပါတယ်။
တစ်နေ့ က ရန်ကုန်မြို့  ပန်းဘဲတန်းမြို့ နယ်တစ်ဝိုက်၊ သိမ်ကြီးဈေးတစ်ဝိုက်တို့ မှာ လူငယ်တွေ ဆန္ဒပြခဲ့ကြတဲ့သတင်းက အင်တာနက်စာမျက်နှာတွေမှာ ပေါ်ထွက်ခဲ့သလို မျက်မြင်တွေ့ ရှိသူများကလည်း ပြောကြားနေကြတာ တွေ့ ရှိရပါတယ်။ စာတွေဝေတယ်၊ စစ်အစိုးရအလိုမရှိဖူးလို့  အော်ကြတယ်၊ အဏာရှင်ကျဆုံးပါစေဆိုပြီး အော်ကြတယ်လို့  ပြောတယ်။ ခွပ်ဒေါင်းအလံတွေနဲ့  နိုင်ငံတော်အလံတွေနဲ့  တွေ့ ရတယ်လို့  ပြောကြတယ်။
တကယ်တမ်းကြတော့ ဒီလို အော်ဟစ်ဆန္ဒပြသူတွေဟာ အတုအယောင်တွေ ဖြစ်နေတာ တွေ့ ရပါတယ်။ ကိုမင်းကိုနိုင်တို့  ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့ အမည်ကို ဆင်တူယိုးမှား ပုံမှားရိုက်၊ ကိုမင်းကိုနိုင်တို့ လို တိုက်ပုံအ၀တ်အစားတွေ ဆင်တူယိုးမှား ၀တ်ပြီး နအဖအလိုကျ လိုက်လုပ်နေတဲ့ အေးလွင်တို့ ရဲ့  ၈၈မျိုးဖျက်အဖွဲ့  ဘဲ ဖြစ်ပါတယ်။
တစ်နေ့ က သိမ်ကြီးဈေးတစ်ဝိုက် ဆန္ဒပြကြတယ်ဆိုသူတွေ ဘယ်သူတွေလည်းဆိုတာ သိရအောင် အောက်ဖေါ်ပြပါပုံမှာ သေသေချာချာ ကြည့်ကြပါ။ ခွပ်ဒေါင်းအလံက ကြယ်ပေါင်းမြောက်များစွာနဲ့  ခွပ်ဒေါင်းအလံကို အသုံးချပြီး နိုင်ငံတော်အလံနဲ အတူ ပြည်သူကို လှည့်ဖြားစည်းရုံးဖို့  ဆန္ဒပြဟန်လုပ်နေတဲ့ အေးလွင်တို့ ရဲ့  ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဘဲ ဖြစ်ပါတယ်။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုတော့ မျိုးဖျက်တွေ သစ္စာဖောက်တွေရဲ့  သူတို့ ပါတီ မဲရဖို့း စည်းရုံးရေးစဆင်းကြတာ မရိုးမသားနဲ့  ပြည်သူကို ကျောင်းသားလိုလို ပြည်သူ့ နိုင်ငံရေးသမားလိုလိုနဲ့  ပုံမှားရိုက် လှည့်ဖြားနေကြတာပါ။
ကျွန်တော်တို့  ပြည်သူတွေ မျက်စိရှင်ရှင်နဲ့  အစစ်နဲ့  အတုကို သေသေချာချာ မြင်နိုင်ကြဖို့  လိုပါတယ်။
ဒီလို အတုအယောင် ပုံမှားရိုက်နေကြသူများကိုလည်း လက်ပိုက်ကြည့်မနေကြဘဲ ရရာနည်းနဲ့  စုပေါင်းကန့် ကွက်ဆန့် ကျင်ကြပါလို့  တိုက်တွန်းလိုက်ရပါတယ်။
No comments:
Post a Comment