နအဖစစ်သားများမှ ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့်ချင်လို့  ထိုင်းရွာသားများထံမှ ကျွဲများ ပြန်ပေးဆွဲကာ တီဗွီ စလောင်းဖုံး ဆယ်လူလာဖုန်းတို့  ပေးရန် တောင်း။

လွန်ခဲ့တဲ့ သုံးရက်က ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်နေတဲ့ နအဖတပ်ရင်းတစ်ရင်းမှ စစ်သားများဟာ ထိုင်းရွားသားများရဲ့  ကျွဲများကို ပြန်ပေးဆွဲပြီး၊ ကမ္ဘာ့ဖလားဘောလုံးပွဲကြည်လို့ ရဖို့ အတွက် တီဗွီတွေ စလောင်းဖုံးတွေ ဆယ်လူလာဖုံးတွေနဲ့  ပြန်လဲရမယ်ဆိုပြီး တောင်းခဲ့ကြကြောင်း သိရှိရပါတယ်။
ထိုင်းရွာတစ်ရွာဖြစ်တဲ့ လပ်တန် (Lug Teng) ဆိုတဲ့ ရွာမှာ နေထိုင်နေကြတဲ့ ရွာသားတွေရဲ့  ကျွဲ စုစုပေါင်း (၂၃) ကောင်ကို နအဖစစစ်တပ်နယ်မြေထဲ ၀င်ရောက်လို့  ဆိုကာ ပြန်လိုချင်ရင် သူတို့ တောင်းထားတာတွေနဲ့  တစ်ကောင်ချင်းစီကို လာရွေးရမယ်လို့  ထိုင်းရွာသားတွေကို အကြောင်းကြားခဲ့ပါတယ်။
ထိုင်းရွာသားတွေ ပြောကြားချက်ကတော့ သူတို့  ဒီကျွဲနွားတွေကို မွေးလာတာ နှစ်ပေါင်း မနည်းလှပြီဖြစ်ကြောင်း၊ ခြံစည်းရိုးတွေ သေသေချာချာ ခတ်ထားတဲ့ ခြံနေရာတွေအထဲမှာ မွေးထားတာမို့  ဒီလို နအဖစစ်တပ်နယ်မြေထဲ ရောက်သွားတာဟာ မရိုးသားကြောင်း၊ သူတို့  စစ်ဆေးကြည့်တဲ့အခါမှာ သူတို့  ကျွဲတွေထားတဲ့ ခြံစည်းရိုးတွေဟာ ဖြတ်တောက်ခံထားရကြောင်း၊ အဲဒီခြံစည်းရိုးတွေ ပေါက်နေတဲ့နေရာတွေမှာ နအဖစစ်သားဖိနပ်ရာတွေ တွေ့ ကြောင်း၊ ဒါကြောင့်မို့  နအဖစစ်သားတွေဟာ သူတို့ လိုချင်တာရဖို့ အတွက် အကွက်ဆင် လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပြပါတယ်။
ထိုင်းရွာသားတွေဟာ သူတို့  ကျွဲတစ်ကောင်ဟာ ထိုင်း ဘတ်ငွေ တစ်သောင်းလောက်တန်တာမို့  ပြန်လိုချင်ကြတဲ့အတွက် ငွေအနည်းငယ်ပေးပြီး ပြန်ရွေးလိုပါတယ်လို့  ပြောပေမယ့် နအဖစစ်သားတွေက သူတို့ လိုချင်တာ တီဗွီများ စလောင်းဖုံးများ ဆယ်လူလာဖုံးများသာ ဖြစ်ကြောင်း၊ ဒါမှ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကြည့်လို့ ရမှာ ဖြစ်ကြောင်း၊ ဒီအတွက် ကမ္ဘာ့ဖလားဖွင့်ပွဲ မစခင်မှာ အဲ့ဒီပစ္စည်းတွေနဲ့ သာ လာရွေးကြဖို့  ပြောခဲ့ပါတယ်။
နောက် သုံရက်လောက်အကြာမှာ ထိုင်းရွာသားတွေက သူတို့ ရဲ့  ကျွဲတွေကို ပြန်ရွေးဖို့ အတွက် ၂၁” အရွယ် တီဗွီ တစ်လုံး၊ ဂြိုလ်တုစလောင်းဖုံးတစ်လုံး၊ ဆယ်လူလာ လက်ကိုင်ဖုန်း၊ ဖုန်းကဒ်တွေနဲ့  နအဖစစ်တပ်က စစ်သားတွေကို သွားရောက်ပေးပြီး သူတို့  ကျွဲတွေကို ပြန်ရွေးယူခဲ့ရပါတယ်။
နအဖစစ်သားတွေရဲ့  ဒီလုပ်ရပ်ဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်လိုလွန်းလို့  လုပ်တာကို ကိုယ်ချင်းစာ နားလည်ပေးနိုင်ပေမယ့် တစ်ဘက်မှာတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လုပ်ရပ်ပါဘဲ။
ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်ပျက်နေတာဟာ နအဖခေါင်းဆောင်ကြီး သန်းရွှေတို့ နဲ့  ဗိုလ်ချူပ်ကြီးများရဲ့  တပ်မတော် အောက်ခြေ အရာရှိအရာခံ အကြပ်တပ်သားတွေအတွက် လိုအပ်သော လူနေမှုအဆင့်အတန်းကို ပြည့်ဝအောင် မထားပေးလို့ ဘဲ ဖြစ်ပါတယ်။
No comments:
Post a Comment