လွတ်လပ်သော သတင်းမီဒီယာများရဲ့  အင်တာနက် ဝက်ဆိုက်များ ပိတ်ပင်ခံရခြင်းအကြောင်း စစ်တမ်းကောက်ယူနေပါသဖြင့် ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Harvard တက္ကသိုလ် berkman Center အင်တာနက်အဖွဲ့အစည်းကနေ လွတ်လပ်သော သတင်းမီဒီယာများရဲ့  အင်တာနက်ဝက်ဆိုက်များ ပိတ်ပင်ခံရခြင်း အတိုက်ခိုက်ခံရဖြင့်နဲ့  ပတ်သက်ပြီး စစ်တမ်းကောက်ယူနေပါသဖြင့် ကူညီပါဝင်ပေးကြရန်အတွက် မေတ္တာရပ်ခံ ဖိတ်ခေါ်လိုပါတယ်။
Harvard တက္ကသိုလ် berkman Center အင်တာနက်အဖွဲ့အစည်းကနေ လွတ်လပ်သော သတင်းမီဒီယာများရဲ့  အင်တာနက်ဝက်ဆိုက်များ ပိတ်ပင်ခံရခြင်း အတိုက်ခိုက်ခံရဖြင့်နဲ့  ပတ်သက်ပြီး စစ်တမ်းကောက်ယူနေပါသဖြင့် ကူညီပါဝင်ပေးကြရန်အတွက် မေတ္တာရပ်ခံ ဖိတ်ခေါ်လိုပါတယ်။
ကျွန်ုတော်တို့ အနေနဲ့  ဒီပိတ်ပင်တိုက်ခိုက်မှုများအား မည်သို့ မည်ပုံ မည်ရွေ့မည်မျှ တိုက်ခိုက်ခံခဲ့တယ်ဆိုတာကို လေ့လာစောင့်ကြည့်ရန်အတွက် ယခုစစ်တမ်းကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့  နိုင်ငံတကာတွင် လူသိများသော တိုက်ခိုက်မှုများသာမက အခြားသော နည်းလမ်းများဖြင့်ပါ မည်သို့မည်ပုံ တိုက်ခိုက်ခံခဲ့ကြရတယ်ဆိုတာကို ကျယ်ပြန်စွာ သိရှိနိုင်ဖို့ အတွက် ယခုစစ်တမ်းကို ကောက်ယူရခြင်း ဖြစ်ပါတယ်။
အထူးသဖြင့် ကျွန်တော် မြန်မာနိုင်ငံမှာ အင်တာနက်ရန်သူလို့  သတ်မှတ်ထားတဲ့ နအဖအာဏာရှင်တွေ လက်အောက်မှာဆိုရင် အင်တာနက်စာမျက်နှာတွေကို အမျိုးမျိုးသော နည်းလမ်းများဖြင့် တိုက်ခိုက်ခံနေရတာ ပိတ်ပင်ခံနေရတာ အနှောင့်အယှက်ပေးခံနေရတာတွေ ဖြစ်ပေါ်နေတာ မနည်းလှတော့ပါဖူး။
ဒီအတွက်ကြောင့် ကမ္ဘာကျော် Havard University ဟားဗာ့တ်တက္ကသိုလ်ကနေ အထူးအစီအစဉ်အနေနဲ့  ပြုလုပ်နေတဲ့ ယခုစစ်တမ်းမှာ ကျွန်တော်တို့  မြန်မာလူမျိုးများအနေနဲ့  ဒီစစ်တမ်းမှာ မိမိတို့  အင်တာနက်စာမျက်နှာများ မည်သို့ မည်ပုံ ပိတ်ပင်တားဆီး တိုက်ခိုက်ဖျက်ဆီး နှောင့်ယှက်ခံရလည်းဆိုတာကို ပြောပြပေးကြစေလိုပါတယ်။
ယခုစစ်တမ်းကနေ ထွက်ပေါ်လာမယ့် ရလဒ်များကို သုံးသပ်ပြီး လွတ်လပ်သော သတင်းမီဒီယာများအား ယင်းကဲ့သို့ တိုက်ခိုက်မှုများကို တုန့်ပြန်ကာကွယ်နိုင်ရန် နည်းလမ်းများကို ရှာဖွေထုတ်ပြန်နိုင်ရန် ကြိုးပမ်းသွားမယ်လို့  အဆိုပါ ဟားဗာ့တ်တက္ကသိုလ်ရဲ့  စစ်တမ်းစီစဉ်ဆောင်ရွက်မှု တာဝန်ခံကနေ ပြောကြားလာပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အနေနဲ့  မိတ်ဆွေတို့အား အင်မတန် အရေးပါလှသော ယခုစစ်တမ်းကောက်ယူချက်မှာ ပါဝင်ကူညီပေးကြဖို့  လေးစားစွာ ဖိတ်ခေါ်ရတာ ဖြစ်ပါတယ်။
ယခုစစ်တမ်းကောက်ယူချက်ကနေ ကောက်ယူရရှိလာတဲ့ အချက်လက်များအပေါ် အခြေခံပြီး ရရှိလာတဲ့ ရလဒ်ကိုသာ ထုတ်ပြန်ပေးသွားမယ်လို့  သိရှိရပါတယ်။ ယခုစစ်တမ်းကောက်ယူချက်မှာ ပါဝင်ကူညီသူတို့ ရဲ့  စစ်တမ်းဆိုင်ရာ အချက်လက်များကို ကာယကံရှင်က ဖော်ပြခွင့်ပြုခြင်းမှအပ မည်သူ မည်သည့်အင်တာနက်စာမျက်နှာကနေ ဒီစစ်တမ်းကောက်ယူချက်ထဲမှာ ပါဝင်ကူညီတယ်ဆိုတာကို ထုတ်ဖေါ်ပြောဆိုခြင်း မပြုဖူးလို့  ဒီဟားဗာ့တ်တက္ကသိုလ် စစ်တမ်းစီစဉ်ဆောင်ရွက်မှု တာဝန်ခံကနေ ပြောကြားပါတယ်။
မိမိတို့ ရဲ့  အင်တာနက်စာမျက်နှာများ ပိတ်ပင်ခံရခြင်း၊ တိုက်ခိုက်ခံရခြင်း၊ နှောင့်ယှက်ခံရခြင်းတို့ နဲ့ ပတ်သက်ပြီး -
၁။ မိမိတို့ ရဲ့  အင်တာနက်စာမျက်နှာ လိပ်စာ အပြည့်အစုံအား ဖေါ်ပြပေးပါရန်၊
၂။ မိမိတို့ ရဲ့  အင်တာနက်စာမျက်နှာ မည်သို့  ပိတ်ပင်ခံရ တိုက်ခိုက်ခံရ နှောင့်ယှက်ခံရသလည်းဆိုတာ ဖြစ်ပျက်ပုံ အဖြစ်အပျက်အား မည့်သည့်အချိန်ကာလ မည်မျှအကြိမ်အရေအတွက် သံသယရှိမိသော (သို့ ) ခိုင်လုံသော တိုက်ခိုက်သူ ဖြစ်သလည်းဆိုတာကို ဖေါ်ပြပေးပါရန်၊
၃။ မိမိအင်တာနက်စာမျက်နှာ အပိတ်ပင်ခံရ အတိုက်ခိုက်ခံရ အနှောင့်အယှက်ခံရပြီးတဲ့ အချိန်မှာ မိမိရဲ့  အင်တာနက်စာမျက်နှာ မည်သို့  ဖြစ်သွားသလည်းဆိုတာကို ဖေါ်ပြပေးပါရန်။
၎။ အင်တာနက်စာမျက်နှာများ အတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အကြံပြုလိုသော အချက်များ ဖေါ်ပြပေးပါရန်။
အထက်ဖေါ်ပြပါ အချက်များကို တတ်နိုင်သလောက် ဖေါ်ပြပေးပြီး ပါဝင်ကူညီပေးဖို့  ဖိတ်ခေါ်လိုပါတယ်။
ဒီ “လွတ်လပ်သော သတင်းမီဒီယာများရဲ့  အင်တာနက် ဝက်ဆိုက်များ ပိတ်ပင်ခံရခြင်းအကြောင်း စစ်တမ်းကောက်ယူချက်” အတွက် ဟားဗာ့တ်တက္ကသိုလ်ရဲ့  စစ်တမ်းစီစဉ်ဆောင်ရွက်မှု တာဝန်ခံဖြစ်သူ မစ္စတာ ဟာလ်ရောဘတ်နဲ့  ဆွေးနွေးသဘောတူချက်အရ မြန်မာ့ လွတ်လပ်သော သတင်းမီဒီယာသက်ဆိုဒ်များနှင့် မြန်မာလူမျိုးများ၏ အင်တာနက်စာမျက်နှာများအတွက် ယခု စစ်တမ်းကောက်ယူချက်နှင့် ပတ်သက်သော ပါဝင်ကူညီဖေါ်ပြချက်များအား အောက်ဖေါ်ပြပါ မေးလ်သို့  ပေးပို့ ပေးဖို့  မေတ္တာရပ်ခံအပ်ပါတယ်။
နစ်နေမန်း - niknayman.niknayman@gmail.com သို့ ပေးပို့ ပေးစေလိုပါတယ်။ ပါဝင်ကူညီဆောင်ရွက်ပေးလာကြသူများရဲ့  ဖေါ်ပြချက်များအား ဟားဗာ့တ်တက္ကသိုလ်ရဲ့  စစ်တမ်းစီစဉ်ဆောင်ရွက်မှု တာဝန်ခံဖြစ်သူ မစ္စတာ ဟာလ်ရောဘတ်ထံ ပေးပို့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
လေးစားလျက် -
နစ်နေမန်း။
No comments:
Post a Comment