Thursday, June 24, 2010

တပ်မတော်ဆိုတာ ပြည်ပရန်ကို ကာကွယ်ပေးဖို့  ဆိုတာထက် ပြည်သူကို ဒုက္ခပေးနေတာပါလား။ တပ်မတော်ထဲမှာ ဒီလိုဖြစ်ပျက်နေလို့  တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းနေတာ။















ဒီပုံပါ ဂိတ်က ဖရူဆိုးမြို့ အထွက်က အခွန်ဂိတ်ပါ။ ရဲစခန်းရှေ့တည့်တည့်မှာ ရှိတာပါ။

ဒီအခွန်ဂိတ် အခွန်ကောက်ဖို့  တရားဝင်လိုင်စင်နဲ့ ဖွင့်ထားတာ မဟုတ်ပါဘူး။ ကောက်ခံတဲ့သူဆီမှာလဲ ရဲမိန်းမ မယားကြီးလိုင်စင်ကလွဲလို့ ဘာလိုင်စင်မှ မရှိပါဘူး။ အခွန်ကောက်တာ ဘာဘောက်ချာမှ မပေး၊ အခွန်ကောက်သူကလည်း ဘာယူနီဖောင်းမ၀တ်ထား၊ နောက် ဘာရာထူးမှလည်း မရှိပါဘူး။ ဒီအခွန်ဂိတ်ဟာ ဆောက်လုပ်ရေးကလည်း မဟုတ်၊ အခွန်ဌာနကလဲ မဟုတ်၊ လူဝင်မှုကြီးကြပ်ရေးရုံးကလည်း မဟုတ်၊ ဘယ်ကမှ မဟုတ်ပါဘူး။

လွိုင်ကော်မြို့ အ၀င် အထွက်မှာ စစ်တပ်တွေကပဲ အခွန်ကောက်စားနေတာပါ၊ သူတို့ ဂိတ်တည့်တည့် မှာပဲ သေနတ်ကိုင်ပြီး ပြည်သူတွေကို အေးဓားပြတိုက်စားကြတာပါ။

ဒေါငံခါး အထွက်ဂိတ်မှာလည်း စစ်တပ်ကိုယ်တိုင် အခွန်ကောက်စားတာပါ။ ဘာလိုင်စင်မှ မရှိ၊ ဘာမှ တရားမ၀င်ပါဘူး။

ဒီလို အခွန်ကောက်ပြီး ပြည်သူတွေကို နေ့ စဉ် ဒုက္ခပေးနေကြတာ နအဖလက်အောက်ခံ စစ်တပ်ကသူတွေပါဘဲ။

No comments: