Thursday, July 1, 2010

ဝေးလံခေါင်ပါးတဲ့အရပ်ဒေသတွေရဲ့  အမှန်ဖြစ်ပျက်နေတဲ့ အခြေအနေတွေပါ။ ပြည်သူတွေကို နအဖအာဏာရူးတွေက ပိုပြီး ဒုက္ခပေးနေကြတာတွေ သိစေချင်လို့ ပါ။

အိမ်ခြေ နှစ်ဆယ် နှစ်ဆယ်ကျော် ပတ်ဝန်းကျင်သာရှိတဲ့ နယ်စပ် (………….) ရွာလေးတစ်ရွာဖြစ်သည်။ နယ်မြေငြိမ်းချမ်းမှု မရှိသည်မို မကြာခဏလည်း တိုက်ပွဲဖြစ်တက်သည့် နေရာလည်းဖြစ်သည်။ ကျေးရွာသားတွေ မှာလည်း တိုက်ပွဲဖြစ်တိုင်း တောတောင်လျှိုမြောင်ထဲ ခိုးဝင်ပုန်းအောင်းနေရစမြဲ။ (ဥပမာ) နှိုင်းရရင် ကျွဲနှစ်ကောင်ခတ်ရာ မြေဇာပင်ပါဆိုသလို ရွာသူရွာသားများအတွက် မြေဇာပင်ဖြစ်ရသည်။

ဒါတင်မဟုတ် လမ်းခရီးကြောင်းများတွင်လည်း ခြေနင်းမိုင်းများ ထောင်ထားတက်တာကြောင့် ခရီးသွားလာသူများနှင့် နီးစပ်ရာ ရွာငယ်လေးများမှ ပြည်သူများလည်း မကြာမကြာ မိုင်းနင်းမိ၍ အသက်ဆုံးရူံးတာနဲ့၊ အသက်မသေပဲ ဒုက္ခိတ တပိုင်းဖြစ်သွားတာလည်းရှိသည်။ မိုင်းနင်းမိသော်လည်းကောင်း၊ ရောဂါဘယ တစ်ခုခုဖြစ်သော်လည်းကောင်း၊ မြို့နှင့်အလှမ်းဝေးတာကြောင့် မသေသင့်ပဲ သေဆုံးသွားရတဲ့ ပြည်သူတွေလည်း မနည်းလှပါ။

ဆေးဝါးမပြည့်စုံမှု၊ အသိပညာဗဟုသုတ နည်းပါးမှုကြောင့် သေရသည့်လူပေါင်း ဘယ်နည်းမလဲဗျာ။ နည်ခြားစောင့် လက်နက်ကိုင် (…………) တွေနဲ့ နအဖ စစ်အစိုးရကလည်း တပ်စွဲထားကြထားသည့်နေရာလည်းဖြစ်သည်။ သူတို့မှာလည်း ဆေးမှုးတွေ ရှိနေပေမဲ့ တစ်ခါတရံသာ ကူညီပေးတက်ကြပြီး ငွေစ၊ ကြေးစ၊ခြံမွေးကြက်၊ ၀က်လေးများကို လက်ထိုးရင်တော့ (Quality) မပြည့်သော ဆေးဝါးများနှင့် အသက်ဆက်ရသည်သာ။

“အော်…….ပြောဖို့ ကျန်းနေသေးတယ် အရမ်းခေါင်အရပ်ဒေသမို့ လုပ်အားပေး မရှိဘူး မထင်လိုက်နဲ့ဗျိုး။ ထမင်းထုပ်နဲ့ ရက်ဆက်လုပ်အားပေး တွေလည်းရှိသေးတယ်ဗျ”။

တောလုပ်တောကိုင်နဲ့ အသက်မွေးနေတဲ့ တောသူတောင်သားများအတွက် ဘာတက်နိုင်မှာလဲဗျာ။ တောင်ယာထွက် ငရုပ်၊ နှမ်းစသည့် သီးနှံတွေလည်း မြို့နဲ့ အလှမ်းဝေးတာကြောင့် မတန်တစ ဈေးနှိမ့်ချဝယ်ယူသူ ပွဲစားလက်သို့သာ ရောက်ရပြန်သည်။ မချစ်သော်လည်း အောင့်ကာနမ်း မို့ ပွဲစားများကို မလွန်ဆန်နိုင်ပါ။ မြန်မာစကား အနည်းငယ်သာတက်တဲ့ တိုင်းရင်းသူတိုင်းရင်းသားများဟာ ပွဲစားတွေအတွက် အကွက်ကောင်းပေါ့။

ပညာရေး၊ကျန်းမာရေး၊လူမှု့ရေး အစစအရာရာ အမြဲလိုအပ်နေသည်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ဒါတွေကို မြင်ရကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ ကျောင်းပညာ သုံးလေးငါးတန်းလောက်သင်ယူခဲ့ဖူးတဲ့ (…….) ရွာသူလေး က မိမိရွာရှိ ကလေးသူငယ်များ အတွက်ပညာသင်ကျောင်းငယ်လေးတစ်ကျောင်း ဖွင့်ထားတယ်ဗျ။

ကျွန်တော်တို့ ဘက်ကမှာရှိတဲ့ လယ်တောထဲ လယ်စောင့်တဲငယ်လောက်သာရှိတဲ့ တဲငယ်လေးလောက်ကို ကျောင်းအဖြစ် အသုံးပြုပြီး ရွာရှိကလေးသူငယ်များအတွက် စာသင်ပေးနေတာကို မြင်တော့ ကျွန်တော် ဒီကျောင်းဆရာမလေး ကို မချီးကျူးပဲ မနေနိုင်ပါ။

(……..) ရွာငယ်လေးက လူကြီးဦးရေးထက် ကလေးဦးရေးက ပိုမိုများနေသည်ထင်မိတယ်။ ကျောင်းအဖြစ်အသုံးပြုထားတဲ့ တဲငယ်လေးကလည်း မလုံမခြုံ ဖြစ်နေတာမို့ ကလေးများအတွက် စာသင်ရ ခက်ပြန်။ ကလေးများအတွက် စာသင်နိုင်ဖို့သာ အားထားနိုင်တာကလွဲလို့ ပစ္စည်း၊ပစ္စယများ မပြည့်စုံသည်က တစ်ကြောင်း ထောက်ပံ့ရေးဘာတစ်ခုမှ မပေးသည့် နအဖ စစ်အစိုးရတပ်က အနှောင့်ယှက်ပေးမှာလည်း ကြောက်ရပြန်သည်။

ကျေးရွာသူတစ်ဦး ပြောပုံက ….. ”သူတို့တွေ ရွာဘက်ကို နှစ်ရက်တစ်ခါလောက်ရောက်လာတက်တယ်။ ရောက်လာတိုင်းလည်း ခြံထဲစိုက်ပျိုးထားသော စားပင်သီးပင်များ၊ ကြက်၊၀က်များ လူမရှိရင် မရှိသလို ခိုးယူသွားတက်ကြတယ်။ တစ်ချို့သူတွေဆို ပိုင်ရှင်ကိုတောင် ခွင့်မတောင်းပဲ သူပိုင်ပစ္စည်းပမာ လာရောက်ယူငင်တက်ကြတယ်လို့ ကျေးရွာသူတစ်ဦးက ရင်ဖွင့်ပြောဆိုပါတယ်”။


ကလေးတွေမှာလည်း အ၀တ်အစားက အစ မပြည့်စုံနိုင်ရှာ။ ဟောင်းနွမ်းဆွေးမြေးနေတဲ့ အ၀တ်ထည်လေးတွေကိုသာ ၀င်ထားကိုလည်းမြင်တွေ့ပါတယ်။ ကျွန်တော် ပထမ တစ်ခေါက်ရောက်ဖူးတဲ့ (….) ရွာ ကျွန်တော်နှင့်ရင်းနှီး သောအသိမိတ်ဆွေများနှင့် ကျွန်တော်ညီကိုမောင်နှမများကိုလည်း ပြောပြပါတယ်။

(ကျွန်တော်ပြောချင်တာက စစ်အာဏာရှင်သည် ပြည်သူတရပ်လုံး အတွက်ဖြစ်သည်ဆိုတာပဲ။ အခုဟာက မစောင့်ရှောက်တဲ့အပြင် ပြည်သူ၏ ထမင်းလုပ်ကိုတောင်လိုက်လုယှက်နေပြီတဲ့ ဓားမြအကြီးစားတွေပေါ့ဗျာ)။

”ကဲဗျာ..ခုနကအဆက်ကို ပြန်ဆက်ရအောင် ကျွန်တော့်အမ ဦးဆောင်ပြီး အ၀တ်စားတစ်ချို့ အလှူခံရရှိလိုက်တယ်။ အ၀တ်ထည်ကတွေက အသစ်မဟုတ်ပေမဲ့ ကျွန်တော် တွေ့ခဲ့ရတဲ့ ကလေးတွေအတွက်တော့ ပျှော်ရွင်မှု့လေးတစ်တော့ ဖန်းတီးပေးနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။ ကျွန်တော်အပါဝင်စုစုပေါင်း ငါးယောက် အဲ့ဒီရွာကလေးကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ကလေး၊လူကြီး ကျား၊မ အရွယ်စုံအတွက်ပါ အ၀တ်ထည်လေးတွေပါတာမို့ ရွာသူရွာသားများ ပျှော်မဆုံးနိုင်ဖြစ်နေကြတာကို မြင်ရတော့ ကျွန်တော် ရင်ထဲကိုပါ သူတို့လေးတွေအပျှော်တွေ ကူးစက်ဝင်ရောက်ခဲ့ပါတယ်။ ရှားပါးလွန်းတဲ့ နေရာဒေသမို့ အဟောင်းထည်လေးတွေဟာ သူတို့အတွက်တော့ အသစ်လိုပါပဲလားဗျာ။

အဲ့ဒီတစ်ကြိမ်တော့ အေးဆေးပဲဗျ။ နောက်တစ်ကြိမ်မှာတော့ ဒီကလေးတွေအတွက် စောင်နှင့် ပညာပေးစာစောင်၊ ကျန်းမာရေးစာစောင်တွေ သွားရောက်လှူဒါန်းတဲ့အချိန်မှာတော့ ”အဟွန်း…ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလို အသံနှင့်တကွ ရုပ်ပုံတွေပါ (Recordering) လိုက်ယူနေကြတယ် ကြတယ်လေ။ သူငယ်ချင်းမိတ်ဆွေ အရာရှိတစ်ယောက် အကူညီနဲ့ ဖမ်းစီးခြင်း မခံရပေမဲ့ နောက်တစ်ခေါက် ကျွန်တော်တို့ ကလေးတွေ ပညာရေးအတွက် ကျောင်းသုံးပစ္စည်းနှင့်တကွကျောင်းဆောက်ဖို့ ကိစ္စအတွက် ကြံ့ကြာခဲ့ရပါတယ်။

(မိဘပြည်သူများခင်ဗျား။ မြန်မာနိုင်ငံမှာ လာဘ်စားမှု၊ ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်မှု၊ လယ်ခြံမြေတွေကို မတရားသိမ်းပိုက်မှု၊ လူ့အခွင့်ရေးချိုးဖောက်မှုများ တစ်နေ့တစ်ခြား ပိုမိုတိုးပွားနေပါတယ်။

ငွေပေးစနစ်နဲ့ အသက်ရှင်ဖို့နေရတဲ့ ကျန်းမာရေး၊ ပညာရေးတိုးလည်း ဆထက်တပိုး များနေတာမို့ ပြည်သူများ သိစေရန် ကျွန်တော်၏ ကိုယ်တွေဖြစ်ရပ်များကို တင်ပြအပ်ပါသည်။ နယ်စပ်ဒေသတစ်လျှောက်တွင်လည်း ပြည်သူများ အခက်ဒုက္ခကြုံတွေနေရပါသည် ခင်ဗျား။)

(ကိုယ်တွေအဖြစ်အပျက်အား ရေးသားပေးပို့ လာသော ကိုခွန်အောင်ငယ်အား ကျေးဇူးတင်ရှိပါသည်)။

No comments: