“၂၅ = အဆိပ်”
သေချာမှတ်ထား။
“၂၅” ဆိုတာ တမတ်
တမတ်ဆိုတာ အစိတ်
အစိတ်ကို အဆိပ်လို့ ရွတ်တယ်။
အဆိပ်လို့ လေးလေးနက်နက် ရွတ်ကြည့်
၁၀၀ ရာခိုင်နှုန်းမှာ “အဆိပ်” ဆိုတဲ့ “အစိတ်” ပါတယ်။
၁၀၀ ရာခိုင်နှုန်းထဲမှာပါတဲ့ မင်းတို့လည်း
အခုဆို အဆိပ်နဲ့ ရောတော့မယ်၊
အဆိပ်နဲ့ ရောမိရင်
ဘယ်သူမှ မြည်းကြည့်ရဲလိမ့်မယ် မထင်နဲ့ ။
မင်းတို့ ကိုယ်တိုင် သောက်ရဲရင် သောက်ကြပေါ့
မရောခင်၊ မသောက်ခင် စဉ်းစားရမှာက
အမှန်တွေပြောပြီး သောက်ခဲ့တဲ့
“ဆိုကရေးတီး”လည်း သေသွားရရှာတာပဲ
အဲဒါ “အဆိပ်” … ။
ရွက်သစ်။
No comments:
Post a Comment