Sunday, July 25, 2010

သူတောင်းစားဆန်ဆန် ဓါးမြဆန်ဆန် နအဖဌာနဆိုင်ရာများ အသင်းအဖွဲ့ များ၏ ရံပုံငွေပွဲလက်မှတ်ရောင်းချမှုများ။






















နအဖ အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံသိုင်းအဖွဲ့ ချုပ် ရံပုံငွေအတွက်ဆိုပြီး မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးတွေကို အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ ဒီနေ့ နေ့ လည် (၁) နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာ့အားကစားကို ၀ါသနာပါသူများအနေနဲ့  အားပေးကြည့်ရှူကြမှာ သဘာဝကျပေမယ့် အခြားသောပြည်သူများအနေနဲ့  အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အားပေးကြည့်ရှူချင်မှ ကြည့်နိုင်ချင်မှ ကြည့်မှာ ဖြစ်ပါတယ်။

နအဖရဲ့ ဌာနဆိုင်ရာ ၀န်ကြီးဌာနတွေ အသင်းအဖွဲ့ တွေဟာ ရံပုံငွေပွဲတွေ မကြာခဏဆိုသလို ကျင်းပပြီး ရံပုံငွေများများ ရရှိရေးအတွက်သာ စောင်းပေးကြည့်တတ်ကြပြီး ပြည်သူများရဲ့  ဘ၀အခက်အခဲ အကျပ်အတည်းနဲ့  ဆန္ဓရှိ မရှိကို ငဲ့ကြည့်လေ့ မရှိကြပါဖူး။

ရံပုံငွေများများရရှိရေး ဒို့ အရေးလို့ သာ တွင်တွင်ကြီး ကျင့်သုံးပြီး ပြည်သူတွေဆီက ငွေများကို မရရအောင် အကြောင်းမျိုးစုံပြရုံမက သွယ်ကာဝိုက်ကာတစ်မျိုး ဗြောင်ကျကျတစ်မျိုးနဲ့  တောင်းယူပါတော့တယ်။

ယခုလည်း ဒီ လက်ဝှေ့ ပွဲအတွက်ဆိုပြီး အားကစားဝန်ကြီးဌာန ၀န်ထမ်းတွေကိုတင်မကဖူး ရန်ကုန်မြို့ ပေါ်ရှိ ဈေးဆိုင်တွေကိုလည်း ဆိုင်အားလုံး ဒီလက်ဝှေ့ ပွဲလက်မှတ် မ၀ယ်မနေရ ရောင်းချခဲ့ပါတယ်။

အနည်းဆုံးလက်မှတ် တစ်စောင်မက အတင်းအဓမ္မ၀ယ်ယူခိုင်းပြီး မ၀ယ်ယူပါက ဈေးဆိုင်များအား ထိခိုက်နစ်နာစေသောဆောင်ရွက်မှုများဖြင့် အကြပ်ကိုင် ၀ယ်ယူခိုင်းခြင်း ပြုလုပ်ပါတယ်။ မရှိဆင်းရဲသားများအတွက် စီပွားရေးကျပ်တည်းနေသောကာလတွင် အဆိုပါကဲ့သို့ သော ရံပုံငွေပွဲများအတွက် အပိုပေးနေရသည်မှာ မလိုအပ်သောငွေကုန်ကျမှုများ ဖြစ်ပါတယ်။

ထို့ အပြင် ယခုကဲ့သို့  စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ ပွဲလက်မှတ်များ ရံပုံငွေအလှူများသည် ကာယကံရှင်များအနေဖြင့် လိုလိုလားလား ပေးရခြင်းမျိုး မဟုတ်ဘဲ အေးဓါးမြတိုက်ကာ အကြပ်ကိုင်ဝယ်ယူခိုင်းခြင်းများဖြစ်သည့်အတွက် ပြည်သူများအပေါ် နအဖဌာနဆိုင်ရာများ အသင်းအဖွဲ့ များ၏ မိုက်ကြေးခွဲ ဗိုလ်ကျသော သူတောင်းစားဆန်ဆန် ဓါးမြဆန်ဆန် ခြိမ်းခြောက်အနိင်ကျင့်ခြင်းသာ ဖြစ်ပါကြောင်း။

No comments: