Wednesday, August 18, 2010

မိမိတို့  တစ်ဦးချင်းစီတိုင်း သမိုင်းပေးတာဝန် ကျေပွန်ကြပါစို့ ။

သမိုင်းမှတ်တမ်းဆိုတာ မေ့ပျောက်လို့  မရသလို ပျောက်ပျက်လို့ လည်း မရပါဖူး။ မေ့ပျောက်အောင် ပျောက်ပျက်အောင် ဖြောက်ဖျက်သူ ဖျက်ဆီးသူဟာ မရိုးသားသူပါ။ သမိုင်းသက်သေတည်နေပါတယ်။



ပြည်သူတွေအနေနဲ့  ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ထောက်ခံမဲပေးခဲ့ကြပါတယ်။ ပြည်သူတွေရဲ့  ရင်ထဲက ဆန္ဒတွေကို ဗြောင်ကျကျ လစ်လျူရှူပစ်ခဲ့တာ လက်ရှိ အာဏာရူးကြီး သန်းရွှေဦးဆောင်တဲ့ နအဖတစ်အုပ်စုလုံးဖြစ်တယ်ဆိုတာ မမေ့ကြပါနဲ့ ။ အဲ့ဒီ သန်းရွှေတို့  လူလိမ်လူညာတွေဟာ သူတို့  ဆက်လက်အုပ်ချူပ်ဖို့ အတွက် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်နေကြပါတယ်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို ပျက်အောင် ဖျက်ဖို့  ၂၀၁၀ ရွေးကောက်ပွဲကို ဖန်တီးတာမို့  ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်မခံနိုင်ပါဖူး။

နိုဝင်ဘာလ (၇) ရက်နေ့ ဟာ မြန်မာနိုင်ငံကို အမှောင်တိုက်ထဲ လုံးလုံးသွင်းမဲ့နေ့ ၊ ပြည်သူတွေဘ၀ကို ကံဆိုးမိုးမှောင်ကျစေမယ့်နေ့ ၊ ပြည်သူ့ မျိုးဆက်သစ်တိုင်းကို အာဏာကျွန်ဘ၀ရောက်စေမယ့်နေ့  ဆိုတာ စဉ်းစားသုံးသပ်မိရင် လက်ရှိဘ၀တစ်သက်အတွက်တင်မက နောင် မိမိတို့ ရဲ့ ပြည်သူ့ မျိုးဆက်သစ်တိုင်းအတွက် အရေးကြီးပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးပစ်မယ့် အခု ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို အဖြစ်မခံကြဖို့  ပြည်သူတစ်ဦးချင်းစီတိုင်းက မဲ လုံးဝ (လုံးဝ) မပေးကြဖို့  မိမိတို့  တစ်ဦးချင်းစီတိုင်း သမိုင်းပေးတာဝန် ကျေပွန်ကြပါစို့ ။

No comments: