Wednesday, August 18, 2010

ဆင်နူရှင် သန်းရွှေနဲ့  ဆင်နူမရှင် ကြိုင်ကြိုင်တို့  ရူးသွပ်လေသမျှ။

နအဖလက်ထက်မှာဘဲ ဆင်ဖြူတော်ဆိုပြီး ပြောပြောနေတဲ့ ဆင်အဖြူ (အရေပြားအရောင် ပုံမှန်မဟုတ်ဘဲ အရေပြားရောဂါကြောင့် ဖြူတာမဟုတ်ဘဲ မူလအမဲရောင်ဖြော့တော့တော့ဖြစ်ပြီး အခြားအရောင်သန်းနေတဲ့) ဆင်တွေကို ၂၀၀၁ ခုနှစ်မှာ တစ်ကောင်၊ ၂၀၀၂ ခုနှစ်မှာ နှစ်ကောင် ရခဲ့ကြတာ ပြည်သူုအပေါင်း သိကြမှာပါ။
































နအဖအာဏာရူး သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ရူးနေကြတဲ့ ဆင်ဖြူရှင် ဆင်ဖြူရှင်မဘွဲ့ ခံယူဖို့  အရူးဘုံမြောက်ပေးကြလိုသူတွေကတော့ ဆင် မမဲရင်ပြီးရော ဘာအရောင်သန်းနေပလေ့စေ ဆင်ဖြူတွေ့ တယ် လုပ်ပစ်လိုက်ကြတာပါဘဲ။ အမှန်တော့ ဆင်က အရေပြားမကောင်းလို့  ပြောရရင် နူတဲ့အနေအထား ဖြစ်နေလို့  ဆင်တွေရဲ့  မူလအရောင်မဖြစ်ဘဲ နေတာကို ရှေးခေတ်က သက်ဦးဆံပိုင်ဘုရင်ခေတ်က ဆင်ဖြူတွေပိုင်ဆိုင်တဲ့ ဆင်ဖြူရှင်ဘွဲ့ ခံ ဘုရင်အဖြစ် ရူးနေတဲ့ သန်းရွှေနဲ့  ကြိုင်ကြိုင် အကြိုက်တွေ့ စေဖို့  ဆင်ဖြူရတယ်ဆိုပြီး ပြောကောင်းမှ ဖြစ်နေတာကိုး။































သက်ဦးဆံပိုင်ဘုရင်ခောတ်ကတည်းက ဘုရင်အလိုကျ ဘောင်းတော်ငြိမ့်ခဲ့ကြတဲ့ မှူးမတ်အပေါင်းဟာ ၀ိုင်းဝန်းလိမ်ညာခဲ့ကြတာ အခုခေတ်ထိပါလားလို့  အံ့သြလောက်အောင် ပြောရတော့မှာပါ။ အမှန်မှာ သက်ဦးဆံပိုင်ဘုရင်ခေတ်ကလည်း ဘုရင်ကိုယ်တိုင်က အရည်အချင်းနဲ့  ပြည့်စုံပြီး တိုက်ရည်ခိုက်ရည်ကောင်းမှ စစ်ပွဲအောင်နိုင်ခဲ့တာပါ။ ဆင်ဖြူစီးပြီး အရည်အချင်းမရှိတဲ့ ဘုရင်ဆိုရင် သူတို့ ခေတ်က အသုံးအနှုံးနဲ့  ပြောရရင် နတ်ရွာစောစောစံမှာပါ။ သန်းရွှေရဲ့  ကြိုင်ကြိုင် ဆင်ဖြူမရှင်ဘွဲ့ ခံယူရအောင် ရူးနေတာနဲ့  ပတ်သက်ပြီး ပြောချင်တာတစ်ခုကတော့ ဘုရင်ခေတ်က ဆင်ဖြူရှင်မလို့  ဘုရင်ဖြစ်သူက ဘုရင်မျိုးရိုးထဲမှာ မရှိတဲ့ ငါးစိမ်းသည်မကို ဆင်ဖြူတစ်ကောင်ရှာပေးပြီး ဆင်ဖြူရှင်မဘွဲ့ ခံစေကာ ပေါင်းဖက်မှုပြုခဲ့ရတဲ့ အဖြစ်အပျက်ကို ကြိုင်ကြိုင်တစ်ယောက် သိပါစေလို့  ဆိုလိုက်ပါရစေ။ နအဖသန်းရွှေ တော်ကောက်ခဲ့တဲ့ ကြိုင်ကြိုင်ဟာ ဘယ်အတန်းအစားကလည်းဆိုတာ သိကြမှာပါ။

ယဉ်ယဉ်လေးရူးနေကြတဲ့ နအဖသန်းရွှေနဲ့  ကြိုင်ကြိုင်တို့ ရဲ့  ဆင်ဖြူရှင် ဆင်ဖြူမရှင်ဆိုတာ ခဏထား။ အထက်ကဖေါ်ပြခဲ့တဲ့ ဆင်ဖြူတွေရတယ် ရတယ်ဆိုပြီး ကိုယ်ဖာ့သာ ရူးနေကြရုံမက တိုင်းပြည်ကို လှည့်ညာလိုက်သေးတယ်။





























ဘာတဲ့ - အခုရတဲ့ ဆင်ဖြူတော်ကြောင့် တိုင်းပြည်ဖွံ့ ဖြိးတိုးတက်မယ်၊ ဘေးအန္တရာယ် ကင်းရှင်းမယ်၊ တိုင်းသူပြည်သားတွေအပေါ် ကောင်းကျိုးချမ်းသာရောက်စေမယ်၊ အေးချမ်းသာယာမယ်ဆိုပြီး သတင်းစာတွေထဲမှာ အာကောင်းကောင်းနဲ့  ပြောနေတာ ရီချင်စရာအကောင်းဆုံးပျက်လုံးတစ်ခု ဖြစ်နေပါတယ်။

စောစောက ပြောခဲ့သလို နအဖတွေ အာဏာရူးတွေရဲ့  ခေါင်းဆောင်ကြီး သန်းရွှေရူးသွပ်နေတဲ့ အရူးရောဂါ ဖြေသိမ့်စေနိုင်ဖို့ အတွက် ဖားယားနေကြတဲ့ လက်ပါးစေများက မရရအောင် ရှာဖွေပေးနေတဲ့ ဆင်ဖြူတော်ဆိုတဲ့ ဆင်ဖြူနေတဲ့ ဆင်တွေကို ရခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းကဆိုရင် အခု နောက်ဆုံးရတဲ့အထိ (၄) ကောင် ရှိနေပါတယ်။

နအဖအရူးတွေ ပြောကြားချက်အရသာဆိုရင် ၂၀၀၁ ခုနှစ်က စ ရခဲ့တဲ့ ဆင်ဖြူတော်တွေရဲ့  ဘုန်းတန်ခိုးကြောင့် တိုင်းပြည်ဖွံ့ ဖြိးတိုးတက်မယ်၊ ဘေးအန္တရာယ် ကင်းရှင်းမယ်၊ တိုင်းသူပြည်သားတွေအပေါ် ကောင်းကျိုးချမ်းသာရောက်စေမယ်၊ အေးချမ်းသာယာမယ်ဆို .. ဘယ်မှာလည်း လက်တွေ့  ... နာဂစ်မုန်တိုင်းကြီး တိုက်ခဲ့လို့  ပြည်သူတွေလည်း အမြောက်အမြားသေကျေပျက်ဆီးခဲ့ကြတယ်၊ ၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေလည်း သတ်ဖြတ်ခံခဲ့ကြရတယ်။ အဲ့ဒီ ဆင်ဖြူတော်တွေ ရထားပြီးပါလျက်နဲ့  ဖြစ်ခဲ့ကြတာနော်။

တိုင်းပြည်ကလည်း ခေတ်မှီင်္တိုးတက်ပါတယ် ပြောရအောင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့  ထိုင်းနိုင်ငံကတောင် ကိုယ်ရဲ့  မြန်မာဘာသာနဲ့  ATM ကို ငွေထုတ်ငွေသွင်းလုပ်နိုင်ပြီဆိုပြီး ဆောင်ရွက်ပြခဲ့နေပြီ။ မြောက်ကိုရီးယားတွေ ရုရှတွေ တရုတ်တွေ ကုလားအစိုးရတွေနဲ့  ဆက်ဆံရေးပြေလည်ပြနေပြပြီး မြန်မာနိုင်ငံရဲ့  ပိုင်ဆိုင်သမျှတွေ အကုန်ထုတ်ပေးလို့  ကုန်နေတာမှ နောက်ဆုံး မြန်မာအမျိုးသမီးတွေတောင် အိမ်ပြင်မထွက်ဝံ့အောင်ဖြစ်ရတော့မယ့် အနေအထားနဲ့  ဆင်ဖြူတော် ရလာလို့  တိုင်းပြည်ကြီး ဖွံ့ ဖြိုးတိုးတက်မယ်ဆိုတာ အရူးပြော အရူးယုံလို့ ဘဲ တစ်ထစ်ချဆိုရတော့မှာပါ။
























ရှင်းရှင်းဘွင်းဘွင်း ပြောရရင်တော့ ဆင်ပေါ်က မျောက်ကလေး သန်းရွှေ ရူးလှတယ်လေး .. မျောက်ကလေး သန်းရွှေ ရူးတာကို ယုံသူတွေကတော့ ဖွတ်ကြားတွေဘဲ ဖြစ်မှာပါလို့  အားမနာတမ်း ပြောလိုက်ချင်ပါတယ်။ ဆင်ဖြူလား ဆင်နူလားဆိုတာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ သာ ဆုံးဖြတ်ကြပါစို့ ။



































ဆင်နူရှင် သန်းရွှေနဲ့  ဆင်နူမရှင် ကြိုင်ကြိုင်တို့ ရဲ့  ရူးသွပ်မှုမှ လှည့်ဖြားမှုမှုမှ ကင်းဝေးကြပါစေ …

No comments: