Saturday, October 9, 2010

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်း (အသက် ၇၅ နှစ်အရွယ်) ၏ နေအိမ်တွင်း ၀င်ရောက်ကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့။

လွန်ခဲ့သည့် ကြာသာပတေးနေ့  ည (၁၀) နာရီကျော်ခန့် တွင် သံလျင်မြို့နယ် ၊ ဓမ္မရောင်ခြည်လမ်းရှိ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ဇနီးဖြစ်သူ နေအိမ်တွင် အနုကြမ်းဝင်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

သူစိမ်းအမျိုးသားတစ်ဦးဟာ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်း (အသက် ၇၅ နှစ်အရွယ်) တစ်ယောက်တည်းရှိနေစဉ်မှာ မီးပြုပြင်ပေးမည်ဆိုကာ အိမ်တွင်းဝင်ရောက်ခဲ့ပြီးနောက် အနုကြမ်းစီးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အနုကြမ်းစီးသူမှာ အိမ်အတွင်းမွှေနှောက်ပြီး ငွေသားများကို ရှာဖွေကာ မတွေ့သဖြင့် အဘွားအို ဒေါ်ခင်ခင်ဝင်းအား ငွေများ လက်ဝတ်ရတနာပစ္စည်းများ ထုတ်ပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့ပါသည်။ ၄င်းနောက် အဘွားအို ဒေါ်ခင်ခင်ဝင်းအား ခေါင်းကို အုတ်ခဲကျိုးနှင့် ထု၊ ပါးစပ် ပိတ် လည်ပင်း ညှစ်ကာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ပါသည်။ အဘွားအို ဒေါ်ခင်ခင်ဝင်းမှာ ဘာမှ ပြန်မလုပ်နိုင်ဘဲ ရရှိသောဒဏ်ရာများကြောင့် သတိမေ့သွားစဉ် အဆိုပါ အနုကြမ်းစီးသူမှာ ထွက်ပြေးသွားကြောင်း သိရပါသည်။

၎င်းနောက် အဘွားအို အဘွားအို ဒေါ်ခင်ခင်ဝင်းမှာ ပြန်လည် သတိရရချင်း အိမ်ဘေးနားမှ လူများအား အကူအညီ လှမ်းတောင်းခဲ့ပါသည်။ အိမ်နီးနားခြင်းများမှ ဒဏ်ရာပြင်းထန်စွာ ရရှိနေသော အဘွား အဘွားအို ဒေါ်ခင်ခင်ဝင်းအား နီးစပ်ရာ သံလျင်ဆေးရုံသို့ ဦးစွာ ပို့ပေးခဲ့ပါသည်။

ယခုအချိန်ထိ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသနေရကြောင်းနှင့် အဘွာ အဘွားအို ဒေါ်ခင်ခင်ဝင်းမှာ အသက်အရွယ်ကြီးကာ ရရှိခဲ့သော ဒဏ်ရာဒဏ်ချက်များကြောင့် စိုးရိမ်ရသော အခြေအနေ ရှိနေကြောင်း သိရှိရပါသည်။
အသက်အရွယ်အိုမသူတစ်ဦး၏ နေအိမ်သို့  ၀င်ရောက်ကာ အနုကြမ်းစီးရုံသာမက အဘွားအိုအား ညဉ်းပမ်းနှိပ်စက်ခဲ့သော အဆိုပါ အနုကြမ်းစီးသူအား ဖမ်းဆီးဖေါ်ထုတ် အရေးယူနိုင် မနိုင်မှာမူ ဥပဒေစိုးမိုးမှုမဲ့နေသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် တရားဥပဒေ ထိရောက်မှုမရှိကာ မင်းမဲ့စရိုက်များ ဖြစ်ပွားနေသော နအဖအုပ်ချူပ်မှုအောက်တွင် မျှော်လင့်ရန် ခက်ခဲလှပါသည်။

ဤအဖြစ်အပျက်အား အဘွားအို ဒေါ်ခင်ခင်ဝင်း၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားရှာပြီ ဖြစ်သော စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်သာ သိမြင်ရပါက လွန်စွာကြေကွဲခံစားရမှာ မလွဲပါဖူး။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (ဦးခင်မောင်တင့်) မှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအချိန်ကာလ၌ ရန်ကုန်တက္ကသိုလ် ဓမ္မာရုံအဆောက်အဦးတွင် ဒီမိုကရေစီအရေး ဟောပြောမှု ပြုလုပ်ခဲ့မှုကြောင့် ပညာရေးတက္ကသိုလ်ပါမောက္ခချူပ်အဖြစ်မှ အငြိမ်းစားပေးခံခဲ့ရကာ ယခုနှစ် မေလ (၁၀) ရက်နေ့ တွင် ကွယ်လွန်ခဲ့ပါသည်။

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် မကြာခင်က ကွယ်လွန်ပြီးနောက် ကျန်ရစ်သူ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းမှာ ယခုကဲ့သို့  ဆိုးရွားသော အဖြစ်အပျက်မျိုး ကြုံတွေ့ ရသဖြင့် စိတ်မကောင်းကြေကွဲဖွယ်ရာ ဖြစ်ပါသည်။

ဤကဲ့သို့ သော အနုကြမ်းစီးမှုများ လုယက်မှုများ လိမ်ညာလှည့်ဖြားမှုများ ကိုယ်ထိလက်ရောက် စော်ကားမှုများ ရိုက်နှက်သတ်ဖြတ်မှုများမှာ နိုင်ငံတော်အေးချမ်းသာယာရေးကို ဆောင်ရွက်နေပါသည်ဆိုသော နအဖအာဏာရူးတို့ လက်ထက်တွင် ပိုမို၍သာ တိုးပွားနေကာ ဒုစရိုက်မှုပေါင်းမြောက်များစွာကို အတင့်ရဲရဲဖြင့် ကျူးလွန်နေသော ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားနေသည့်အပြင် ထိရောက်သော အရေးယူအပြစ် မပေးနိုင်ခြင်း၊ ပြည်သူ တို့ ၏ အသက်အိုးအိမ်စည်းစိမ်အား လုံခြုံမှု မပေးနိုင်ခြင်းမှာ ဖောက်ပြန်နေသော နအဖ တရားစီရင်မှုစနစ် ကိုယ်ကျိုးစီးပွားအတွက် လာဘ်ပေးလာဘ်ယူမှု ညံ့ဖြင်းယိုယွင်းလှသော မစစ်မှန်သည့် တရားဥပဒေစိုးမိုးတို့ ကြောင့်သာမက အနိုင်ကျင့်အုပ်ချူပ်နေသေူ နအဖအာဏာရူးများကိုယ်တိုင်က ပြည်သူ့ တို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေခြင်းသည်က အဓိကအကြောင်းရင်း တရားခံ ဖြစ်ပါတော့သည်။

(သတင်းပေးပို့ လာသော မိတ်ဆွေများအား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: