Saturday, October 9, 2010

ကြံ့ ဖွတ်အရေခြုံ ခွေးခြင်္သေ့ သားသတ်ကောင် အောင်သိန်းလင်း စားကျက်ပြောင်းခြင်း။



































နအဖ လက်ကိုင်ဒုတ် အောင်သိန်းလင်းဟာ မြို့ တော်ဝန်ဘ၀နဲ့  ပြည်သူပိုင်ဘဏ္ဍာငွေတွေကို ဘုံးရုံတင်မက ပြည်သူတွေကို အမျိုးမျိုးသောအကြောင်းတွေနဲ့  အေးဓါးမြတိုက်ကာ ကိုယ်ကျိုးစီးပွားချမ်းသာကြွယ်ဝနေတဲ့အပြင် ယခုလည်း ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ် ကြံဖွတ်ရုံးအနီးမှာ ကြီးမားတဲ့ နေအိမ်တိုက်ကို ဆောက်လုပ်ခဲ့ကာ မကြာခင်က ပြောင်းရွှေ့ နေထိုင်ကြောင်း သိရှိရပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ်က တိုက်နေအိမ်အသစ်ကို ပြောင်းရွှေ့ ရတဲ့ သူရဲ့ ရည်ရွယ်ချက်ကတော့ လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ မှာ ကျင်းပမယ့် နအဖရွေးကောက်ပွဲအတွက် တောင်ဥက္ကလာပမြို့ နယ်တွင်း မဲအများအပြား ရရှိဖို့ အတွက် တောင်ဥက္ကလာပမြို့ နယ်ကြံ့ ဖွတ်ရုံးအနီးကနေ မဲဆွယ်ဆောင်ရွက်မှုတွေ အလေးပေးလုပ်ဖို့  ဖြစ်ကြောင်း သိရှိရပါတယ်။

တောင်ဥက္ကာပမြို့ နယ်နေ ပြည်သူအပေါင်းတို့ အနေနဲ့  ကြံ့ ဖွတ်အရေခြုံ ခွေးခြင်္သေ့ သားသတ်ကောင် အောင်သိန်းလင်းကတော့ စားကျက်ပြောင်းလာပြီမို့  ရတဲ့နည်းနဲ့  မောင်းသာထုတ်ကြပါတော့။

(သတင်းပေးပို့ လာသော မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: