Friday, October 22, 2010

နအဖ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်တဲ့ မုန်တိုင်းအထူးသတိပေးချက်အစီရင်ခံခြင်းတဲ့။

နအဖ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်တဲ့ မုန်တိုင်းအထူးသတိပေးချက်အစီရင်ခံခြင်းပါတဲ့။ စာထုတ်ပြန်တဲ့ နေ့ စွဲကတော့ မုန်တိုင်းဝင်တဲ့ ဒီနေ့ နေ့ စွဲနဲ့ ဘဲဖြစ်ပြီး ဒီစာပါ အချိန်ကတော့ နံနက် (၉) နာရီခွဲအချိန် ဖြစ်ပါတယ်။

SPDC Late Warning for Cyclone on October 22 2010

စာထဲမှာ ပြောထားတဲ့အချက်တစ်ခုကတော့ ကမ်းရိုးတန်းနေ ပြည်သူများ ဘေးလွတ်ရာသို့  ကြိုတင်ရှောင်ရှားရန် လိုအပ်ပါသည်တဲ့။ ပင်လယ်ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ/သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါသည်တဲ့ဗျာ။

အင်မတန်ကို အချိန်မီတဲ့ အကြောင်းချက်ဘဲဆိုတာ ပြည်သူလူထုအပေါင်းတို့  ဖတ်ကြည့်ကြပါတော့။ မုန်တိုင်းဝင်မယ့်နေ့  မုန်တိုင်းဝင်နေတဲ့အချိန်ကျမှ အစီရင်ခံစာလို ထုတ်ပြန်ပါသတဲ့။ အစီရင်ခံနေရမှာလား ပြည်သူလူထုကို မုန်တိုင်းမ၀င်ခင် ရက်တွေထဲက ကြိုတင်ပြီး သတိပေးမှုတွေ နည်းလမ်းပေါင်းမြောက်မြားစွာနဲ့  လုပ်ပေးရမှာလားဆိုတာ သိသင့်ကြပါတယ်။ မုန်တိုင်းတိုက်ခတ်နေချိန်မှာမှ ကြိုတင်ရှောင်ရှားရန် လိုပါသည် ကြိုတင်ရှောင်ရှားသင့်ပါသည်ဆိုတာကိုတောင် အကြံပြုရုံလောက်ဘဲ လုပ်ပါတယ်။

နာဂစ်မုန်တိုင်းတုန်းကလည်း ပြည်သူ့ အသက်ပေါင်းမြောက်မြားစွာ ဆုံးရှုံးခဲ့ကြရပြီးပြီ။ မုန်တိုင်းလို သဘာဝေဘေးအန္တရာယ်ဆိုတာ ကြိုတင်သိရှိနိုင်သလို အချိန်မီ သတိပေးဖို့  ပြောင်းရွှေ့ ရှောင်ရှားပေးနိုင်ဖို့  ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့  အချိန်မီနိုင်ပါသေးတယ် အကယ်လို့  မြေငလျင်လို့  ရုတ်တစ်ရက်ကြီး အချိန်တိုတိုအတွင်း ဖြစ်တတ်တဲ့ သဘာဝဘေးအန္တရာယ်သာ ကျရောက်ရင်တော့ မြန်မာပြည်သူတွေဘ၀ဟာ မတွေးဝံ့စရာပါဘဲ။

တာဝန်မဲ့လွန်း လစ်လျူရှူလွန်းတဲ့ ဒီလို နအဖအာဏာရူးတွေ မျက်နှာဖုံးပြောင်းပြီး ရွေးကောက်ပွဲလုပ်တာမှာ ဒီလူတွေကိုဘဲ ပြန်ပြီး လက်ခံနေမယ်ဆိုရင်တော့ ကိုယ့်သေမင်းကို ကိုယ့်အိမ်ထဲ အရောက်ခေါ်သလိုပါဘဲ။

ဒီ နအဖ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်တဲ့ မုန်တိုင်းအထူးသတိပေးချက်အစီရင်ခံခြင်းဆိုတာကတော့ ပြည်သူလူထု သေရွာကနေ ဖတ်ရမလို ဖြစ်နေပါပြီ။

မြန်မာပြည်သူလူထုများ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးပါစေလို့  ဆုတောင်းသလို လူသားစိတ်မရှိကြတဲ့ ယုတ်မာသူများနဲ့ လည်း ဘ၀ဆက်တိုင်း ကင်းဝေးကြပါစေလို့  ဆုတောင်းရပါတယ်။

No comments: