Thursday, October 21, 2010

နိုင်ငံတစ်နိုင်ငံရဲ့  နိုင်ငံကိုယ်စားပြု အလံကို နအဖလို အာဏာရူးအဖွဲ့ က အလွယ်တကူဖြူတ်ချဖျက်ဆီးပြစ်လိုက်ခြင်း။

နအဖက ဒီနေ့  မြန်မာနိုင်ငံရဲ့  အလံကို ပြောင်းပြစ်လိုက်ပါတယ်။ နေပြည်တော်အပါအ၀င် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့  ၀န်ကြီးဌာနရုံးတွေ အစိုးရရုံးအဆောက်အဦးတွေ ကျောင်းတွေမှာ မြန်မာနိုင်ငံရဲ့  လက်ရှိအလံကို ဖြုတ်ချပစ်လိုက်ပြီး အလံသစ်ကို အခမ်းအနားနဲ့  တင်တာတွေ ပြုလုပ်လိုက်ပါတယ်။

















၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတောင် မလုပ်ရသေးဖူး နိုင်ငံတစ်နိုင်နဲ့ ဆိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ အလံကို အလွယ်တကူ ဖြုတ်ချချင်သလို ဖြုတ်ချ အသစ်ပြောင်းတင်ချင်သလို တင်နဲ့  လုပ်နေတာဟာ နိုင်ငံတစ်နိုင်ငံရဲ့  သမိုင်းကြောင်းကို ဖျက်ဆီးပစ်တာဖြစ်သလို နိုင်ငံသားတွေအားလုံးကိုလည်း စော်ကားလိုက်တာ ဖြစ်ပါတယ်။

ဒီ လုပ်ရပ်တွေကို ကြည့်ရင် သန်းရွှေနဲ့  နအဖအာဏာရူးတစ်သိုက်ဟာ ပြည်သူ့ သဘောထားဆန္ဒမပါဘဲနဲ့  လုပ်ချင်ရာ လုပ်နေတယ်ဆိုတာ သိသာပါတယ်။














နအဖသန်းရွှေတို့  အလံသစ်ကို ကမန်းကတန်း တင်ရတဲ့ အနေအထားကတော့ နအဖ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပြီး နအဖမျက်နှာပြောင်းတဲ့ သူတို့ အစိုးရသစ် တင်မြှောက်နိုင်ဖို့  ယတြာခြေ ဓါတ်ဆင်တဲ့အနေနဲ့  နိုင်ငံတော်အလံသစ်တင်တာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီနေ့  အောက်တိုဘာလ (၂၁) ရက်နေ့ မှာ ညနေ (၃) နုာရီမှာ တစ်နိုင်ငံလုံး အလံပြောင်းတင်တာဟာ ၃ ကို ၃ နဲ့  တင်မြှောက်တာမို့  (၉) ရတယ်ဆိုကာ ကိုး ဂဏန်းကို အစဉ်အဆက် ရူးသွပ်နေကြတဲ့ အာဏာရူးတွေရဲ့  အယူသီးမှုအရလည်း ဖြစ်ပါတယ်။

ဖြုတ်ချလိုက်တဲ့ အလံကိုလည်း ဖြုတ်ချရုံတင်မက အပိုင်းပိုင်းဆုတ်ဖြဲပစ်ခြင်း မီးရှို့ ဖျက်ဆီးပစ်ခြင်းများ လုပ်တာမို့  နအဖတွေဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ရှေ့ ကဖြစ်ခဲ့သမျှ သူတို့ အတွက် ထိခိုက်တာမှန်သမျှ ယတြာခြေတဲ့အနေနဲ့  ဖယ်ရှားပစ်တဲ့သဘောလုပ်ခြင်း ဖြစ်ပါတယ်။

နိုင်ငံတစ်ခုရဲ့  အလံကို ပြောင်းဖို့ ဆိုတာ အစိုးရတစ်ရပ်အနေနဲ့ တောင် လုပ်ချင်သလို လုပ်လို့  မရပါဖူး။ အစိုးရဖြစ်တိုင်းသာ နိုင်ငံအလံပြောင်းခွင့် ရှိမယ်ဆိုရင် နိုင်ငံတွေမှာ နိုင်ငံတော်အလံတွေ အစိုးရတစ်ရပ်ပေါ်တိုင်း ပြောင်းလဲနေမှာပေါ့။ ဟိုအစိုးရက မကြိုက်လို့  ဒီအလံပြောင်း ဒီအစိုးရက ကြိုက်လို့  ဟိုအလံတင်နဲ့  ဖြစ်ချင်သလို ဖြစ်နေမှာပါ။ နိုင်ငံနဲ့  နိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အလံကို ပြောင်းချင်ရင် ပြည်သူအားလုံးရဲ့  သဘောထားဆန္ဒကို သီးသန့်  ကောက်ခံရပါတယ်။ မလိမ့်တပါတ်နဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေထဲမှာ ပြောင်းထားတာဘဲဆိုပြီး ရောချလို့  မရပါဖူး။

ပြည်သူလူထု သဘောထားဆန္ဒမပါဘဲ တင်ချင်သလို တင်လိုက်တဲ့ နအဖအာဏာရူးတွေရဲ့  အလံကို ဆန္ဒပြတဲ့အနေနဲ့  အဆိုပါအလံအား မီးရှို့ ဖျက်ဆီးပြစ်ဖို့ သာ ရှိပါတယ်။

No comments: