Thursday, October 21, 2010

Tropical Cyclone Four အမည်ရှိ အပူပိုင်းမုန်တိုင်းငယ်အကြောင်း။




























ဒီ Tropical Cyclone Four အမည်ရှိ အပူပိုင်းမုန်တိုင်းငယ်ဟာ မနက်ဖြန် သောကြာနေ့  နေ့ လည်ပိုင်းလောက်မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ကျော်ဖြတ်ဖို့  အလားအလာရှိပေမယ့် အဆင့် (၁) မုန်တိုင်းအနေအထားသို့  မရောက်ရှိနိုင်ဘဲ အားပျော့သွားဖို့  အနေအထား ရှိနေပါတယ်။

သို့ သော်လည်း ရခိုင်ကမ်းရိုးတန်းကို ကျော်ဖြတ်ချိန်မှာ လေတိုက်နှုန်း တစ်နာရီကို (၃၉) မိုင်နှုန်းကနေ (၇၃) မိုင်နှုန်းအတွင်း ရှိနိုင်တာမို့  မြန်မာ့ပင်လယ်အတွင်းနဲ့  ရခိုင်ကမ်းရိုးတန်းမှာ နေထိုင်ကြသူတွေအနေနဲ့  ကြိုတင်သတိထား နေထိုင်ကြဖို့  သင့်ပါတယ်။ ကုန်းတွင်းပိုင်းကို ၀င်ရောက်ပြီးတဲ့အခါမှာ အားပျော့သွားကာ လေတိုက်နှုန်း တစ်နာရီကို မိုင် (၄၀) အောက်သာ ရောက်ရှိသွားဖို့  အနေအထား ရှိပါတယ်။

ဒီအပူပိုင်းမုန်တိုင်းငယ်ကြောင့် မိုးရွာသွန်းမှု ပိုမိုမှာ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကဲ့သို့  ပြင်းထန်သော မုန်တိုင်းကြီးမျိုး မဖြစ်တဲ့အတွက် အလွန်အမင်း စိုးရိမ်စရာအနေအထား မရှိသော်ငြားလည်း ပင်လယ်ပြင်မှာ သွားလာနေကြသူများနဲ့  ရခိုင်ကမ်းရိုးတန်းနေ ပြည်သူလူထုရဲ့  နေထိုင်မှု အတိုင်းအတာပေါ်မူတည်ပြီး မိုးပြင်းထန်စွာရွာသွန်းမှု လေပြင်းတိုက်ခတ်မှု မြစ်ရေချောင်းရေလျှံမှုများမှ ဖြစ်ပေါ်နိုင်မည့် ဘေးအန္တရာယ်များကိုတော့ ကြိုတင်ကာကွယ် သတိထားနေထိုင်ကြဖို့  ပြောကြားလိုပါတယ်။

ယခု ဒီ Tropical Cyclone Four အမည်ရှိ အပူပိုင်းမုန်တိုင်းငယ် အကြောင်း အချက်အလက် တိတိကျကျဖြင့် အဆိုပါဒေသတွင် နေထိုင်ကြသူ ပြည်သူများအား ပြောကြားအသိပေးဖို့  မေတ္တာရပ်ခံလိုပါတယ်။ သို့ သော်လည်း ပကတိအခြေအနေထက် ကျော်လွန်၍ ပြောကြားခြင်း (သို့ ) အချက်အလက် ပြည့်စုံစွာ မပြောကြားခြင်းသည်လည်း စိုးရိမ်မှုလွန်ကဲကာ မလိုလားအပ်သော အနေအထားများ (သို့ ) သတိလစ်လျူဖြစ်စေသော အနေအထားများ ဖြစ်ပေါ်နိုင်ပါသောကြောင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အချက်အလက်အမှန် ပကတိအတိုင်း ပြောကြားပေးကြပါရန်ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်မည့်အနေအထားအား ကြိုတင်သတင်းမထုတ်ပြန်သည့် တာဝန်ရှိသူများ၏ တာဝန်မဲ့ ပေါ့ဆမှုကြောင့် ပြည်သူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရသကဲ့သို့  လေပြင်းတိုက်ခတ်မှု မိုးသည်းထန်စွာ ရွာသွန်းမှုကိုလည်း နာဂစ်မုန်တိုင်း ထပ်မံဖြစ်တော့မယောင် လိုက်လံပြောကြားခြင်းများကြောင့်လည်း ပြည်သူလူထုမှာ ကျီးလန့် စားစားနှင့် ဖြစ်ရသော အခြေအနေမျိုး မလိုအပ်သော နေရာပြောင်းရွှေ့ ပြေးကြလွှားကြရခြင်းကိုလည်း မဖြစ်သင့်ပါ။

သဘာဝဘေးအန္တရာယ်များအခြေအနေ အနေအထားနှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံတွင် တာဝန်ယူနေကြသူများ၏ သတင်းထုတ်ပြန်မှု ခိုင်မာမှန်ကန်မှု၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ပေးမှု၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားမှု၊ ကျန်းးမာရေးအခြေအနေများနှင့် နေထိုင်စားသောက်ရေး ပြန်လည်တည်ဆောက်ပေးမှုတို့ ပေါ်တွင် အဓိက မူတည်နေပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။

မြန်မာပြည်သူပြည်သားများ သဘာဝဘေးအန္တရာယ်ဆိုးကျိုးများမှ ကင်းဝေးကြပါစေ။

No comments: