လေယာဉ်ဘီး ကျွံကျတာများ အဆန်းလုပ်လို့  ခေတ်မှီတိုးတက်တဲ့ နအဖတို့ ရဲ့  စက်မှုနိုင်ငံတော်ကြီးမှာ လွယ်လွယ်လေးပါ။
ဒီနေ့ မနက် (၉) နာရီကျော်ကျော်က ရန်ကုန်လေဆိပ်မှာ ထိုင်းလေယာဉ် တီဂျီ အဲယားဘတ်စ်တစ်စီး လေယာဉ်ပြေးလမ်းပေါ်မှာ လေယာဉ်နောက်ဘီးကျွံကျလို့  အတော်အလုပ်များသွားကြပါတယ်။
နအဖလက်အောက်က မြန်မာနိုင်ငံတော်ကြီးကို ခေတ်မှီတိုးတက်သော စက်မှုနိုင်ငံတော်ကြီးအဖြစ်သို့  အလျင်အမြန်ပြောင်းလဲဆောင်ရွက်နေတာမို့  နအဖတွေအနေနဲ့  ဒီလိုလေယာဉ်ဘီးကျွံကျတာကို အမြန်အဆင်ပြေစေဖို့ အတွက် ကြိုးစားပမ်းစား ဆောင်ရွက်ကြပါတယ်။ နှောင့်နှေးကြန့် ကြာနေရင် နအဖရဲ့ ပြောစကားအတိုင်း ခေတ်မှီတိုးတက်တဲ့စက်မှုနိုင်ငံတော်သစ်ကြီးဆိုတာ ရှက်စရာကြီးဖြစ်ပြီး နအဖတွေအတွက် မျက်နှာပျက်စရာကြီင်္း ဖြစ်မှာစိုးရတာပေါ့။
ဒီအတွက် လေယာဉ်ကွင်းမှာ တာဝန်ရှိတဲ့ ယူနီဖောင်းဝတ် လူကြီးမင်းများကို မတ်တပ်ရပ် ညွှန်ကြားခိုင်းထားပြီး အခြားသောသူများကိုတော့ ပေါက်တူးများ တုတ်များကိုင်စေကာ ကျွံကျနေတဲ့ လေယာဉ်ဘီးကြီးကို မ တင်စေပါတယ်။
မြန်မာပြည်လမ်းတွေ မြေတွေမှာ ဒီလို ဘီကျွံတာတွေက ခဏခဏ ဖြစ်နေကြမို့  ရွှံ့ ထဲ နွံထဲ ချိုင့်ထဲ ခွက်ထဲ နစ်နေတဲ့ ဘီးတွေကို ဒီလိုဘဲ တုတ်တွေနဲ့  ပေါက်တူးတွေနဲ့  မ တင်နေကြမို့  အခု ထိုင်းလေယာဉ်ကြီးရဲ့  ဘီးကျွံကျတာကတော့ ဒီအတိုင်းဘဲ ပေါက်တူး တုတ်နဲ့  မ တင်လိုက်ရင်ရပြီးဘဲ မဟုတ်လား။
နအဖတို့ ရဲ့  ခေတ်မှီတိုးတက်သော စက်မှုနိုင်ငံတော်ကြီးဘဲဟာ ….
No comments:
Post a Comment