Tuesday, November 2, 2010

ပဲခူးမြို့  ဖောက်ခွဲမှုနှင့် ပတ်သက်၍ နအဖ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့  (စရဖ) မှ ကိုမင်းမင်းထွန်းအား ထိန်းသိမ်းထားသော ရဲစခန်းမှ လာရောက်ခေါ်ဆောင်သွား။

၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့ နေ့ စွဲပါ နအဖသတင်းစာတွင် ခေါ်ပြခဲ့သည့် ပဲခူးမြို့ ဖောက်ခွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးရရှိသူများတွင် တပ်မတော်သားများ ပါဝင်နေကြောင်းအား ABSDF မှ ပြန်လည်ထုတ်ပြန်သော သဘောထားကြေညာချက်တွင် ဖေါ်ပြထားပါသည်။
























နအဖမှ ဖမ်းဆီးခဲ့သူ (၄) ဦးအနက် ကိုမင်းမင်းထွန်းမှာ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့ နယ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့  (စရဖ) မှ တပ်ဆွယ်မှူးတာဝန်ရှိခဲ့ပြီး၊ ကိုအောင်မျိုးသူမှာ ရန်ကုန်တိုင်း အင်းတိုင်ပင်မ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိရှိရသည်။



























နအဖအနေဖြင့် ၄င်းတို့ ၏ သတင်းစာထဲတွင် ကိုမင်းမင်းထွန်းနှင့် ကိုအောင်မျိုးသူတို့ အား တပ်မတော်သားများအနေဖြင့် ဖေါ်ပြခြင်းမပြုခဲ့ဘဲ ထိန်ချန်ဖုံးကွယ်ထားကြောင်း တွေ့ ရှိရပါသည်။ ABSDF မှ တုန့် ပြန်သော သဘောထားကြေညာချက်အရ ကိုမင်းမင်းထွန်းတို့ မှာ တပ်မတော်သားများဖြစ်ကြောင်း သိရှိရပြီးနောက်တွင် နအဖသည် ၄င်းတို့ ဖုံးကွယ်ထားသောအချက်ပေါ်ထွက်သွားသောကြောင့် ရဲစခန်းတွင် ဖမ်းဆီးထားသော ကိုမင်းမင်းထွန်းအား စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့  (စရဖ) မှ အလျင်အမြန် လာရောက်ခေါ်ဆောင်သွားကြောင်း နောက်ဆက်တွဲ သတင်းအဖြစ် ရရှိလာသော လျှို့ ဝှက်သတင်းပေးပို့ မှုတစ်ခုအရ သိရှိရပါသည်။

No comments: