တိုင်းရင်းသားဒေသများတွင် နအဖ၏ စစ်ဆင်နွဲနေမှုအား ကန့် ကွက်သည့် လှုပ်ရှားမှု ပြုလုပ်။
မြန်မာပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသားလူငယ်အဖွဲ့  ခုနှစ်ဖွဲ့ ပူးပေါင်းပါဝင် ဖွဲ့ စည်းထားသော ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု (ဗဒတ) မှ တိုင်းရင်းသားဒေသများတွင် နအဖဆင်နွှဲနေသော ထိုးစစ်များကို ကန့် ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ဗဒတတပ်ပေါင်းစုဝင် သံဃာတော်များနှင့်လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့ နယ်ပေါင်း (၂၀) တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀) နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့ များတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဗဒတတပ်ပေါင်းစုမှ ဖြန့် ဝေခဲ့သည့် စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ ဆုံဆွေးနွေးအဖြေရှာရေး ချက်ချင်းဆောင်ရွက်ပေး စသည့် စစ်ဆန့် ကျင်ရေး စာသားများ ပါဝင်ပြီး ငြိမ်းချမ်းရေးဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီသို့  ပျံသန်းနေဟန် သရုပ်ဖော်ထားသော ပုံများပါရှိသည်။
လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နအဖအား တောင်းဆိုထားပြီး မြေပြန့် နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗဒတ၏ စစ်ဆန့် ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့ နယ်၊ မြောက်ဥက္ကလာမြို့ နယ်၊ အင်းစိန်မြို့ နယ်၊ တွံ့ တေးမြို့ နယ်၊ သန်လျင်မြို့ နယ်၊ ကျောက်တန်းမြို့ နယ်၊ သုံးခွမြို့ နယ်၊ သာကေတမြို့ နယ်၊ ကျောက်တံတားမြို့ နယ်၊ ပန်းပဲတန်းမြို့ နယ်၊ လသာမြို့ နယ်၊ လမ်းမတော်မြို့ နယ်၊ စမ်းချောင်းမြို့ နယ်၊ ပုဇွန်တောင်မြို့ နယ်၊ ဗိုလ်တထောင်မြို့ နယ်၊ ဒေါ်ပုံမြို့ နယ်၊ မင်္ဂတောင်ညွန့် မြို့ နယ်၊ တောင်ဥက္ကလာမြို့ နယ်၊ မရမ်းကုန်းမြို့ နယ်၊ ဒလမြို့ နယ်၊ ကြည့်မြင်တိုင်မြို့ နယ်တို့ နှင့် ပဲခူးတိုင်း ပဲခူးမြို့ နယ်တို့ တွင် ပြုလုပ်ခဲ့ကြသည်။
No comments:
Post a Comment