Monday, December 20, 2010

ရဟန်းရှင်လူ ပြည်သူကို သတ်နေတဲ့ နအဖ သန်းရွေက သူ့ ရဲ့  မြေးမကို ဘုရားစေတီတော်ကြီးထဲမှာ ဖိနပ်ပေးစီးထားလေရဲ့ ။

တစ်နေ့ က နအဖ သန်းရွှေတို့  မိသားစုလိုက် စစ်ကိုင်းမြို့ က ရာဇမဏိစူဌာ ကောင်းမှုတော် မဟာစေတီတော်ကြီးကို သွားရောက် ဖူးမြော်ကြတုန်းက သန်းရွှေတို့  မိသားစုတွေ အလှူငွေ လှူဒါန်းတယ်ဆိုပြီး နအဖ သတင်းဝါဒဖြန့် ချီရေးစာစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာပါ ဓါတ်ပုံကြီးကြီးနဲ့  ထည့်သွင်းထားပါလေရဲ့ ။ နအဖသန်းရွှေရယ် ကြိုင်ကြိုင်နဲ့  သမီးများတင်မက မြေးမလေးက သန်းရွှေနဲ့ အတူ အလှူဒါနကို လက်ကနေ ကိုင်ထားတဲ့ ပုံပါ။ ဘေးကတော့ ဘုရားလူကြီး ဂေါပကကြီးနှစ်ဦးက မတ်တပ်ရပ်နေပြီး တစ်ယောက်ကတော့ သန်းရွှေတို့ မိသားစုကို လက်အုပ်လေးချီ ကန်တော့နေလေရဲ့ ။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ မြန်မာပြည်သူပြည်သားတွေ ဘာသာရေး ကိုင်းရှိုင်းတဲ့ အရိုအသေ အလေးအမြတ်ထားတဲ့ ဦးခိုက်ရှိခိုးတဲ့ ရှင်တော်မြတ်စွာဘုရားရှေ့  ဘုရားစေတီပုထိုးဝန်းအတွင်း ဘုန်ကြီးကျောင်း ပရ၀ုဏ်ဝန်းအတွင်းတွေမှာ ဖိနပ်မစီးရဖူး သံဃာတော်တွေ ဆွမ်းဆန်ပစ္စည်းလောင်းလှူတဲ့နေရာကအစ ဖိနပ်မစီးကြဖူးဆိုတာကို မြန်မာပြည်သူပြည်သားတွေ ရှေးအစဉ်အဆက်ကတည်းက လိုက်နာကြတယ်ဆိုတာ အထူးပြောနေစရာ မလိုပါဖူး။

တိုင်းတစ်ပါးသားတွေတောင် ဘုရားစေတီပုထိုးတွေ ဘုန်းကြီးကျောင်းဝန်းအတွင်းတွေမှာ ဖိနပ်စီနင်းဝင်ရောက်မှုပြုလုပ်မိခဲ့လို့  ပဋိပက္ခဖြစ်ကြရတဲ့အထိ သမိုင်းတွင်ခဲ့တယ်ဆိုတာ သိကြပါတယ်။

ယခုအခါမှာတော့ မြန်မာပြည်မှာ မိစ္ဆာဒိဌိတွေ မတရားလွှမ်းမိုးနေတဲ့ လက်ထက်ရောက်မှ ဘုရားစေတီပုထိုးတွေမှာ စစ်ဖိနပ်စီး တက်ရောက်ကြတာ၊ လူသတ်လက်နက်တကိုင်ကိုင်နဲ့  သွေးဆာနေကြတာ၊ ဘုန်ကြီးကျောင်းဝန်းအတွင်း ယမ်းသေနတ်သံတွေ ယမ်းငွေ့ တွေ ပျံ့ လွှင့်နေအောင် လုပ်နေကြတာ၊ သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်ကြတာတွေဟာ အေးချမ်းသာယာခဲ့တဲ့ မြန်မာပြည်ကြီးမှာ တကယ့်ကို အဓမ္မ၀ါဒီတွေ ကြီးစိုးနေကြတာပါ။

ဒီလို အဓမ္မ၀ါဒီ မိစ္ဆာဒိဌိတွေကတော့ နအဖ သန်းရွှေ ဦးဆောင်တဲ့ နအဖအာဏာရူးအုပ်စုပါဘဲ။ နအဖ သန်းရွှေက ဘုရားတရားရိုသေကိုင်းရှိုင်းသလို လုပ်ပြနေပေမယ့် အထက်က ပြောခဲ့တဲ့ အဓမ္မလုပ်ရပ်တွေက မူလဇာတိရုပ်ကို သက်သေပြနေပါတယ်။ ယခုလည်း ကြည့်ပါ။ နအဖ သန်းရွေက သူ့ ရဲ့  မြေးမကို ဘုရားစေတီတော်ကြီးထဲမှာ ဖိနပ်ပေးစီးထားပါလေရဲ့ ။






































ဒါဟာ အနာဂတ်မြန်မာပြည်အတွက် မြန်မာပြည်သူပြည်သားတွေအတွက် ဘာသာတရားထွန်ကားတဲ့ ဘာသာတရားကိုင်းရှိုင်းရိုသေကြတဲ့သူတွေအတွက် သန်းရွှေတို့ မိသားစုတွေရဲ့  လုပ်ရပ်တွေက အင်မတန်ကို မိုက်ရိုင်းစော်ကားပြလိုက်ခြင်းဘဲ ဖြစ်ပါတော့တယ်။

No comments: