နာဂစ်မုန်တိုင်းနဲ့  တာဝန်မဲ့ နအဖ၊ ယခုလက်ရှိ ၀င်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်း ယာစီနဲ့  တာဝန်ယူကာကွယ်စောင့်ရှောက်ပေးနေတဲ့ သြစတြေလျနိုင်ငံ အစိုးရ။
မြန်မာပြည်က နာဂစ်မုန်တိုင်းထက် အဆင့်ပိုမြင့်တဲ့ ယာစီ မုန်တိုင်း (Cyclone Yasi) ဟာ သြစတြေလျနိုင်ငံကို စတင်ဝင်ရောက်တိုက်ခတ်နေပါပြီ။
မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့စဉ်က နအဖရဲ့  တာဝန်မဲ့မှုကြောင့် ပြည်သူပြည်သား ထောင်ပေါင်းများစွာဟာ ကြိုတင်မသိရှိရမှု၊ ကြိုတင်ပြောင်းရွှေ့ နေရာချထားပေးမှု၊ မုန်တိုင်းတိုက်ခတ်နေစဉ် အသက်ကယ်ဆယ်ရေးဆောင်ရွက်မှုများ မရရှိမှုတို့ ကြောင့် အသက်ပေါင်းများ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရပါတယ်။
သြစတြေလျနိုင်ငံမှာ မုန်တိုင်းနှစ်ခု ရှေ့ ဆင့်နောက်ဆင့် ၀င်ရောက်မှာကို ရက်ပေါင်း (၁၀) ရက်ကျော်ကတည်းက ကြိုတင် သိရှိခဲ့ကြရပြီး၊ သြစတြေလျအစိုးရဟာ ကြိုတင်သတင်းထုတ်ပြန်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှု ပြင်းထန်စွာ ခံရမယ့် မြို့ တွေ နေရာဒေသတွေက ပြည်သူတွေကို ဘေးအန္တရာယ်ကင်းဝေးမယ့်နေရာတွေ အဆောက်အဦးတွေကို ကြိုတင်ပြောင်းရွှေ့ ပေးထားပါတယ်။
မုန်တိုင်းတိုက်ခတ်မှု မတိုင်ခင်ကတည်းက ဘာတွေ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြရမယ်၊ မုန်တိုင်းတိုက်ခတ်မှု ကြုံတွေ့ ရမယ့်အချိန်မှာ အသက်ဘေးအန္တရာယ်က ကင်းလွတ်အောင် ဘယ်လို ရင်ဆိုင်မှုတွေ ပြုလုပ်ရမယ်ဆိုတာ ရေဒီယိုတွေ၊ တယ်လီဗေးရှင်းတွေက အချိန်ပြည့် အဆက်မပြတ် သတိပေး အသိပေးနေပါတယ်။ မုန်တိုင်းရဲ့  အခြေအနေတွေ ဘယ်လိုအဆင့်ရောက်နေပြီ၊ မုန်တိုင်းလားရာက ဘယ်နေရာကို ရောက်ရှိနေပြီ၊ ဘယ်အချိန်မှာ ဘယ်နေရာဒေသကို ဖြတ်သန်းတော့မယ်ဆိုတာကို သြစတြေလျတစ်နိုင်ငံလုံးက ပြည်သူတွေ သိရှိရအောင် အချိန်နဲ့ အမျှ သတင်းတွေ ဆက်တိုက်ထုတ်လွှင့်ပေးနေပါတယ်။
ထို့ အတူ သြစတြေလျနိုင်ငံရဲ့  စစ်တပ်၊ ရဲ၊ မီးသတ်အပါအ၀င် အစိုးရက တိုက်ရိုက်စီစဉ်ပေးထားတဲ့ ကယ်ဆယ်ရေးအင်အားစုတွေကို မုန်တိုင်းတိုက်ခိုက်မှုဒဏ်ခံရမယ့် မြို့ တွေဒေသတွေမှာ အသင့်ရောက်ရှိနေကြပါတယ်။ သြစတြေလျနိုင်ငံရဲ့  ၀န်ကြီးချူပ်နဲ့ တစ်ကွ ပြည်နယ်ဝန်ကြီးချူပ်တွေကအစ မုန်တိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေနဲ့  ကြီးကြပ်စီစဉ်လျက် ရှိကြပါတယ်။
မြန်မာပြည်ကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ အဆင့် (၄) ရှိခဲ့ပြီး၊ ယခု သြစတြေလျနိုင်ငံကို စတင်ဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်း ယာစီက ပြင်းထန်မှုနှုန်း တစ်ဆင့်ပိုတဲ့ အဆင့် (၅) ဖြစ်ပါတယ်။
သြစတြေလျနိုင်ငံကို ယခု စတင်ဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်းဒဏ် တိုက်ရိုက် စတင်ခံနေရတဲ့ မြို့ နေရာတွေဖြစ်တဲ့ မြို့ များမှာ မြန်မာနိုင်ငံသား မိသားစုတွေလည်း နေထိုင်လျက်ရှိကြပါတယ်။ အဆိုပါ မြန်မာမိသားစုတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ကြိုတင်သိရှိရတဲ့ မုန်တိုင်းသတင်းတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ ကြိုတင်နေရာချထားပေးမှုတွေ၊ ဆက်သွယ်ရေြးုပင်ဆင်ထားမှုတွေ၊ အသက်ဘေးအန္တရာယ် ကယ်ဆယ်ရေးတွေ အဆင်သင့်ရှိနေမှုတွေကြောင့် လုံခြုံစိတ်ချရတဲ့ နေရာအဆောက်အဦးတွေမှာ ခိုလှုံရောက်ရှိနေကြကြောင်း သိရှိရပါတယ်။
မြန်မာမိသားစုတစ်ရဲ့ ပြောဆိုမှုကတော့ “We will survive” ပါတဲ့။ သြစတြေလျနိုင်ငံမှာ ဒီလိုအဆင့် (၅) ထိ ပြင်းထန်တဲ့ မုန်တိုင်းကို နှစ်ပေါင်းများစွာ မကြုံခဲ့ဖူး၊ ဒီအတွက် စိုးရိမ်မှုတွေ ရှိကြပေမယ့် သြစတြေလျနိုင်ငံ အစိုးရရဲ့  တာဝန်ယူဆောင်ရွက်ပေးနေမှုတွေ၊ သြစတြေလျတစ်နိုင်ငံလုံးက အခြေအနေတွေကို စောင့်ကြည့်ပြီး အားပေးစကားပြောကြားနေမှုတွေ၊ လုံလောက်သော ကြိုတင်ပြင်ဆင်မှုအချိန်ရရှိမှုတွေကြောင့် သဘာဝဘေးအန္တရာယ်နဲ့  ရင်ဆိုင်ရမှာ ဖြစ်သော်ငြားလည်း ကြံ့ ကြံ့ ခိုင် ရင်ဆိုင်ရဲတဲ့ စိတ်တွေ ခိုင်မာနေကြတာ ဖြစ်ပါတယ်။
ကွာခြားချက်တွေကတော့ နအဖအစိုးရရဲ့  တာဝန်မဲ့မှုတွေနဲ့  သြစတြေလျနိုင်ငံ အစိုးရရဲ့  တာဝန်ယူမှုတွေ ကွာခြားမှုက အဓိကပါဘဲ။ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တွေ သေကြေပျက်စီးဆုံးရှုံးကြမှာကို လစ်လျူရှူခဲ့တဲ့ နအဖနဲ့  ပြည်သူတွေ အသက်ကို စိုးရိမ်မှုအပြည့်နဲ့  ကာကွယ်စောင့်ရှောက်ပေးတဲ့ လူသားပီသတဲ့ အစိုးရတွေရဲ့  ကွာခြားမှုပါဘဲ။
အောက်ဖေါ်ပြပါ အင်တာနက်စာမျက်နှာတွေမှာ သြစတြေလျနိုင်ငံကို လက်ရှိဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်းယာစီရဲ့  အခြေအနေတွေကို တိုက်ရိုက်ကြည့်ရှူနိုင်ပါတယ်။ သြစတြေလျနိုင်ငံက ရေဒီယိုတွေ တယ်လီဗေးရှင်း ရုပ်မြင်သံကြားတိုင်းမှာ အဆက်မပြတ် နားထောင်ကြည့်ရှူနိုင်ကြပါတယ်။
http://www.abc.net.au/news/events/cyclone-yasi/
http://www.novafm.com.au/video_live-stream-of-cyclone-yasi-from-cairns_109643?forside
Live video by Ustream
ယခုလက်ရှိအခြေအနေမှာ မုန်တိုင်း ယာစီဟာ ပင်လယ်ကမ်းခြေအနီးပိုင်းကနေ ကုန်းတွင်းဆီသို့  စတင်ဦးတည်လာနေပြီး ကုန်းတွင်းပိုင်းကို နောက်နာရီပိုင်းအတွင်းမှာ ရောက်ရှိမယ်ဖြစ်ကြောင်းနဲ့  အပြင်းထတ်ဆုံးလေတိုက်ခတ်နှုန်းဟာ အဆင့် (၅) ဖြစ်တဲ့အတွက် တစ်နာရီကို မိုင် (၂၀၀) နှုန်းထက်မနည်းတဲ့ တိုက်ခတ်မှုနှုန်းရှိနိုင်ကြောင်း သိရှိရပါတယ်။
သြစတြေလျနိုင်ငံမှာ နေထိုင်နေကြတဲ့ မုန်တိုင်းဘေးအန္တရာယ် ကြုံတွေ့ နေရတဲ့ မြန်မာမိသားစုများအပါအ၀င် ပြည်သူပြည်သားများ အသက်ဆုံးရှုံးမှုတွေက ကင်းဝေးကြပါစေ။
No comments:
Post a Comment