Wednesday, February 2, 2011

သြစတြေလျနိုင်ငံအစိုးရရဲ့  ကြိုတင်စီမံပေးမှုဖြင့် မုန်တိုင်းဒဏ်ခံနေရသူများ ပိုမိုလုံခြုံသော အဆောက်အဦးများအတွင်း ခိုလှုံနေကြ။



























အဆင့် (၅) ပမာဏပြင်းထန်တဲ့ ယာစီ မုန်တိုင်း ကုန်တွင်းပိုင်းကို ၀င်ရောက်ခါနီး ပြင်းထန်တဲ့ လေတိုက်မှုများ မိုးရွာသွန်းမှုများကြောင့် မြို့ ၅ မြို့ မှာ ပျက်စီးမှုတွေ ရရှိနေပါပြီ။

သို့ သော်လည်း သြစတြေလျနိုင်ငံ အစိုးရရဲ့  ကြိုတင်ပြင်ဆင်ပေးမှုတွေကြောင့် အဆိုပါမြို့ များမှ လူများကတော့ နေအိမ်တွေကနေ စွန့် ခွာပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ အဆောက်အဦးကြီးတွေထဲမှာ အစုအဝေး ခိုလှုံနေကြရပါတယ်။ ယခုထိတိုင် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိသေးပါဖူး။



ယာစီမုန်တိုင်းရဲ့  ဗဟိုချက်က မကြာခင် နာရီပိုင်းများအတွင်းမှာ အဆိုပါမြို့ များကတစ်ဆင့် ကုန်းတွင်းပိုင်းကို ၀င်ရောက်မှာဖြစ်လို့  အရှိန်အဟုန်ပြင်းသော တိုက်ခတ်မှုကို ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။

အချိန်ပိုင်းနဲ့  အမျှ သြစတြေလျနိုင်ငံ ပြည်နယ်ဝန်ကြီးချူပ်ဖြစ်သူနဲ့  ပြည်နယ်ရဲချူပ်တွေက မုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီး သြစတြေလျနိုင်ငံသူ နိုင်ငံသားများကို ရုပ်မြင်သံကြားမှတစ်ဆင့် ဆက်တိုက် အစီရင်ခံ တင်ပြပေးနေပါတယ်။






















မုန်တိုင်းတိုက်ခတ်မှုဒဏ် ခံရတာခြင်းအတူတူတောင် တာဝန်မဲ့ခဲ့လွန်းတဲ့ နအဖကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရတဲ့ ထောင်ပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေအတွက် ကြေကွဲဝမ်းနည်းမိရပါတယ်။

No comments: