ပြည်သူ့ ခေါင်းဆောင်ဆိုတာ ပြည်သူကို ဘယ်သောအခါမှ မမေ့ ဖူး။ အာဏာရူးတွေကတော့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်အမြဲရှိနေတယ်။
”ကျီးခေါင်းတောင်စေတီတော်” ထီးတော်တင်ပွဲမှာ - ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည် တို့၏သမီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ပြည်သူများမှ ထီးတော်တင်လှူသည်” လို့  ကမ္ဗည်းထိုးပါတယ်။
အိန္ဒိယနိုင်ငံ ဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်ကြီးအတွင်း အနောက်ဖက်တည့်တည့်မှာ လှူဒါန်းထားတဲ့ ဗုဒ္ဓဆင်းတုတော်မှာ ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့ အင်္ဂလိပ်ဘာသာစကားနဲ့  “နိုင်ငံတော် အေးချမ်းသာယာရေး ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် မိသားစုမှ လှူဒါန်းသည်” လို့  အမည်ထိုးထားပါလေရဲ့ ။ (ဓါတ်ပုံ - ဒီမိုဝေယံ)။
သန်းရွှေတို့ အာဏာရူးတွေ မိမိကိုယ်ကျိုးအတွက်သာ ရှေ့ ရှူတတ်ကြသူတွေပီပီ ဘုရားတည် ကျောင်းဆောက်ပြီး နာမည်ယူကြလေ့ရှိတယ်ဆိုတာ အထူးပြောနေစရာမလိုပေမယ့်၊ ဘုရားဆင်းတော်မှာ အမည်ထိုးတာထက် ပိုဆိုးလွန်းတာကတော့ သမိုင်းဝင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  စိန်ဖူးတော်အောက်ဖက်နားမှာ “ဗိုလ်ချူပ်မှူးကြီးသန်းရွှေ မိသားစုကောင်းမှူ” ဆိုပြီး ရွှေတွေ စိန်တွေနဲ့  စီမံထားတဲ့ အမည်ကြီးကို ချိတ်ဆွဲထားတာကတော့ လွန်လွန်းပါတယ်။
အာဏာရူးတွေဟာ အတ္တ၀ါဒီ တစ်ကိုယ်ကောင်း ကိုယ်ကျိုးကြည့်တတ်သူတွေမို့ လို့  အများသူငှာ ပြည်သူပြည်သားအပေါင်း ကောင်းကျိုးချမ်းသာသုခပြည့်ဝဖို့ အတွက်ကို လစ်လျှူရှုထားစမြဲပါဘဲ။
No comments:
Post a Comment