Sunday, April 3, 2011

သိန်းစိန်ဟာ ဘာအ၀တ်အစားဘဲ ၀တ်ထားဝတ်ထား ယူနီဖောင်းနဲ့  ဟုတ်ဟုတ် မဟုတ်ဟုတ် ပြည်သူကို သတ်ခဲ့ကြတဲ့ လူသတ်သမားတွေဆိုတာ မြင်နေအောင် ကြည့်တတ်ဖို့  လိုပါတယ်။

မြန်မာနိုင်ငံမှာ ဆုံးရှုံးနေတဲ့ လူ့ အခွင့်အရေးတွေကို မမေ့ကြပါနဲ့ ။ ကိုယ်ရဲ့  ရှိသင့်ရှိထိုက်တဲ့၊ လူသားတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ မွေးရာပါ လူ့ အခွင့်အရေးတွေကို ဆုံးရှုံးပျက်စီးအောင် ဖျက်ဆီးပစ်နေသူတွေဟာ အာဏာရူးအုပ်စု ဖြစ်ပါတယ်။ လူ့ အခွင့်အရေးတွေကို ချိုးဖောက်နေသူတွေဟာ အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့  ဖြစ်နေဆဲပါ။

ယခု အရပ်ဝတ်အဖြစ် ဗန်းပြပြီး အရပ်သားအစိုးရဆိုပြီး အယောင်ဆောင်နေတဲ့ သိန်းစိန်တို့ ဟာ အရပ်သားအစစ်တွေ မဟုတ်ကြပါဖူး။ တိုင်းပြည်ကို ဆက်လက်ပြီး ဗိုလ်ကျစိုးမိုး မတရားအုပ်ချူပ်ဖို့ အတွက်၊ ပျားသကာလိုချိုတဲ့ အလိမ်အညာစကားလုံးများ ပြောဆို ယုတ်မာကေက်ကျစ်တဲ့ လှည့်ဖြားမှုများနဲ့  ပြည်သူလူထုကို ဖိနှိပ်ချူပ်ချယ်ဖို့ အတွက် စစ်ယူနီဖောင်းတွေ ခွာချထားတဲ့ အရပ်သားအတု ယူနီဖောင်းချွတ် အာဏာရူးကြီးတွေဆိုတာ သူတို့ ရဲ့  လုပ်ရပ်တွေက ပြသနေပါတယ်။

အရပ်သားအစိုးရ အယောင်ဆောင် သိန်းစိန်တို့  ရဟန်းရှင်လူ ပြည်သူပြည်သားတွေကို ရက်စက်ကြမ်းကြုတ်စွာနဲ့  သတ်ဖြတ်ခဲ့ကြတာကို မေ့ပျောက်လို့  မရပါဖူး။ သန်းရွှေဟာ သန်းရွှေပါ ဘာအ၀တ်အစားဘဲ ၀တ်ထားဝတ်ထား၊ သိန်းစိန်ဟာ သိန်းစိန်ပါ ဘာအ၀တ်အစားဘဲ ၀တ်ထားဝတ်ထား ယူနီဖောင်းနဲ့  ဟုတ်ဟုတ် မဟုတ်ဟုတ် ပြည်သူကို သတ်ခဲ့ကြတဲ့ လူသတ်သမားတွေဆိုတာ မြင်နေအောင် ကြည့်တတ်ဖို့  လိုပါတယ်။

































































ဒီ သန်းရွှေတို့  သိန်းစိန်တို့  လက်ချက်ကြောင့် မြန်မာနိုင်ငံမှာ မြန်မာပြည်သူပြည်သားတွေ နှစ်ပေါင်းမြောက်မြားစွာ အသက်သွေးတွေ ဆုံးရှုံးခဲ့ကြရတာ၊ လူသားတစ်ဦးအတွက် တရားမျှတစွာ ရရှိနေရမယ့် အခွင့်အရေးတွေ ပျောက်ပျက်နေကြရတာဟာ လက်တွေ့ ပါ။

သန်းရွှေရဲ့  စီမံမှုနဲ့  လုပ်ပြနေတဲ့ သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအတု ယူနီဖောင်းချွတ် အာဏာရူးကြီးတွေ ပြောဆိုသမျှ လုပ်ပြနေသမျှကို ယုံစားမိရင်တော့ ဆက်လက် ယုံစားနေဦးမယ်ဆိုရင်တော့ ကောက်ကျစ်ယုတ်မာတဲ့ ၀ံပုလွေသားစားသတ္တ၀ါရဲ့  သတ်ဖြတ်စားမြို ခံကြရမှာ ဘယ်တော့ ကိုယ့်အလှဲ့ လည်းဆိုတာ စောင့်မျှော်ကြရပါလိမ့်မယ်။

သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအတု ယူနီဖောင်းချွတ် အာဏာရူးကြီးအုပ်စုကို လုံးဝ အယုံအကြည် မရှိကြောင်းပါ။ သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအတု ယူနီဖောင်းချွတ် အာဏာရူးကြီးအုပ်စုကြီးကို အရပ်သားအစိုးရလို့  အမြင်ေ၀၀ါးပြီး လမ်းကြောင်းလွဲဖောက်ပြန်ကာ ပြည်သူလူထုအတွက် မငဲ့ညှာဘဲ ကိုယ်ကျိုးအခွင့်အရေးအတွက် ပေါင်းဖက်ဖို့  ခြေလှမ်းယိုင်လိုနေကြသူတွေ အဖွဲ့ အစည်းတွေကိုလည်း တစ်ချိန်ကြရင် ကောက်ကျစ်ယုတ်မာတဲ့ ၀ံပုလွေသားစားသတ္တ၀ါရဲ့  သတ်ဖြတ်စားမြို ခံကြရမယ့် သားကောင်ဘ၀ အဖြစ်မရောက်ကြစေဖို့  သတိပေးလိုက်ရပါတယ်။

သန်းရွှေတို့  သိန်းစိန်တို့  လက်ချက်ကြောင့် ဘ၀တွေ ပျက်ဆီးဆုံးရှုံးကြရတဲ့ လက်တွေ့ အဖြစ်တွေကို လူ့ အခွင့်အရေးစာတမ်းပါ (မြန်မာဘာသာဖြင့်) လူ့ အခွင့်အရေးတစ်ချက်ချင်းစီနဲ့  တွဲဖက်ဖေါ်ပြခြင်းအားဖြင့် သက်သေဖြစ်သလို၊ သန်းရွှေတို့  သိန်းစိန်တို့  အာဏာရူးတွေ ရှိနေသ၍ ပြည်သူလူထု ဘ၀ လုံခြုံမှု အေးချမ်းသာယာမှု စားဝတ်နေရေးဖူလုံမှု တရားမျှတသော လူသားချင်း လေးစားဆက်ဆံမှုဆိုတာတွေ ဆက်လက်ပျောက်သုန်းနေဦးမှာ ဖြစ်ပါတယ်။

Human Rights

အာဏာရူးတွေ ပေးတဲ့ ကတိ ဘယ်သောအခါမှ မယုံကြည်ပါ။ အာဏာရူးတွေ ကတိတွေ ဟန်တစ်လုံး ပန်တစ်လုံးနဲ့  ပေးပြီး အကြိမ်ကြိမ်အခါခါ ဖောက်ဖျက်ခဲ့ကြတယ်ဆိုတာ၊ တရားဥပဒေ စိုးမိုးရေးဆိုပြီး တရားဥပဒေအထက်မှာ ဖင်ခွထိုင်နေကြတဲ့ အာဏာရူးတွေရဲ့  လုပ်ရပ်ကြောင့် တရားမျှတမှုဆိုတာ ပြည်သူပြည်သားတွေအတွက် မတရား မမျှတမှုတွေ ကြုံနေဆဲပါ။ ပြည်သူလူထု စားဝတ်နေရေး ကျန်းမာရေး ပညာရေးဆိုပြီး စကားလုံးတွေ အပြောချို အလိမ်ပိုနေတဲ့ အာဏာရူးတွေရဲ့  ချမ်းသာကြွယ်ဝမှုတွေသာ အလျှံပယ်ဖြစ်နေပြီး စည်းစိမ်ယစ်မူးနေကြတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူပြည်သားတွေ တစ်နေ့ လုပ်စာ တစ်နေ့ စားရဖို့  ရုန်းကန်လှုပ်ရှား ငတ်ပြတ်ဆင်းရဲနေတာတွေကြောင့် အာဏာရူးတွေ ပြောတဲ့ စကား၊ ပေးတဲ့ ကတိ၊ ဟန်ဆောင်လုပ်ဆောင်မှုတွေ တစ်စိုးတစ်စိတောင် အယုံအကြည် မရှိပါကြောင်း။

သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအတု ယူနီဖောင်းချွတ် အာဏာရူးကြီးအုပ်စုကို လုံးဝ အယုံအကြည် မရှိကြောင်းပါ။

No comments: